...

fixed တွေကို free ပေးပါ

Fixed ဆိုတာက .. ကိုယ့်လုပ်ငန်းမှာ မဟုတ်လဲ ရှိတဲ့အရာတွေကို ပြောတာ၊ ပုံသေ တွေပေါ့။ ဥပမာ .. ဝန်ထမ်းတွေပေါ့။ တစ်နေ့လုံး တစ်ပြားဖိုးမှ မရောင်းရလဲ ဒီဝန်ထမ်းကုန်ကျစားရိတ်က မဟုတ်လဲ ရှိနေမှာပဲ။ လုပ်ငန်းတိုင်းမှာ … ပုံသေ တွေဆိုတာရှိတယ်။ မဟုတ်လဲ.. ဒီဝန်ထမ်းတွေကို လစာပေးထားရမှာပါပဲ။…

အာမခံချက်ပေးပါ

ဝယ်ယူမှုတိုင်းမှာ စိုးရိမ်စိတ် ဆိုတာ ရှိတယ်။ အဲဒီ စိုးရိမ်စိတ်ကို ဖော်ထုတ်ပြီး သက်သာအောင်လုပ်နိုင်မှ အရောင်းဆိုတာ ဖြစ်မယ်။ မာသင် စျေးကြီးကြီးပေးဝယ်ရတဲ့ ပစ္စည်းမှ မဟုတ်ဘူး၊ စျေးနည်းတဲ့ပစ္စည်းဝယ်လဲ စိုးရိမ်တာပဲ။ ကားဝယ်ရင် ဖောက်စွပ်ဖြစ်မှာစိုးတယ်။ စပျစ်သီးဝယ်ရင် ချဉ်မှာစိုးတယ်။ ထောပတ်သီးဝယ်ရင် ပုတ်နေမှာစိုးတယ်။ ထိုးမှုန့်ဝယ်ရင် စားမကောင်းမှာစိုးတယ်။ ဘာပဲဝယ်ဝယ်…

မားကက်တင်း စတား

မားကက်တင်း မှာ အဓိက လုပ်ဆောင်ရမယ့် အချက် (၄) ချက်ရှိတယ်။ ၁။ ကိုယ့်ထုတ်ကုန်ကို လူများများ မြင်အောင်လုပ်ရမယ်။ မမြင်ဖူးတဲ့အရာကိုဘယ်သူမှမဝယ်ဘူး။ ၂။ ကိုယ့်ထုတ်ကုန်ကို လူများများစမ်းသုံးဖူးအောင်လုပ်ရမယ်။ ကိုယ့်ပစ္စည်းကောင်းကြောင်းကို မသုံးဖူးပဲနဲ့ မသိနိုင်ဘူး။ ၃။ ကိုယ့်ထုတ်ကုန်ကို နေရာများများမှာ အလွယ်တကူရအောင်လုပ်ရမယ်။ ကြိုက်ပေမယ့် ဝယ်ဖို့ခက် ရှာဖို့ခက်…

လုပ်ငန်းတန်ဖိုးတက်စေသော အချက် (၁၀) ချက်

လုပ်ငန်း ဆိုတာ မြတ်အောင်လဲ လုပ်ရသလို.. တက်အောင်လဲ လုပ်ရတယ်။ လုပ်ငန်းအမြတ်လဲ ငွေပဲ။ တန်ဖိုးအတက် လဲ ငွေပဲ။ ဒါမှ .. မြတ်လဲမြတ် ၊ တက်လဲ တက်တဲ့လုပ်ငန်းဖြစ်မယ်။ မာသင်

မားကက်တင်းဌာနအတွက် ကဒ်ပြား

မတိုင်းတာနိုင်ရင် … မတိုးတက်နိုင်ဘူး။ ဒါကြောင့် တိုးတက်ဖို့အတွက် အရင် တိုင်းတာနိုင်အောင်လုပ်ရမယ်။ ကိုယ့်လုပ်ငန်းရဲ့ မားကက်တင်း ကို တိုင်းတာနိုင်ဖို့ အမှတ်ပေးကဒ်ပြားလေးလုပ်ထားပါ။ ဒါမှ .. တိုးတက်နိုင်တော့မပေါ့။ ။ မာသင်

လုပ်ငန်းမစမှီ မေးခွန်း (၅)ခု

ဒီမေးခွန်း (၅) မမေးသေးပဲ လုပ်ငန်း မစပါနဲ့ ။ ၁။ ဝယ်လိုအား ရှိလား၊ demand ရှိပြီးသားဆိုရင်မားကက်တင်း သိပ်မလိုဘူး။ ၂။ ကိုယ်လိုလုပ်တဲ့သူများလား ? ရောင်းသူများရင် စျေးကွက်ခက်တယ်။ ၃။ သူတို့နဲ့ ကိုယ် ဘာကွာလဲ ? ဘာမှမကွာရင် .. ဘာမှမထူးဘူး။…

စျေးကွက်သို့ သွားရာလမ်း

စျေးကွက်ပေါက်ဖို့ ဆိုတာ .. အမှန်တော့ ကိုယ့်ပစ္စည်းမကောင်းလို့လဲ မဟုတ်ဘူး။ ကိုယ့်မားကက်တင်း မကောင်းလို့လဲ မဟုတ်ဘူး။ စျေးကွက်သို့ သွားရာလမ်း ကိုက ရှည်လျား နေတာ။ လွယ်လွယ်စိတ်မပျက်နဲ့ … ဆက်လုပ်။ ။ မာသင်

ပရိတ်သတ်အရင်ရှာပါ

မြင်မြင်ချင်း ကြိုက်တယ် ဆိုတာ ဖြစ်နိုင်ပေမယ့် ကိုယ့်ထုတ်ကုန်ကို တွေ့တွေ့ချင်း ဝယ်တယ်ဆိုတာ ၃% ပဲရှိတယ်။ ဝယ်မယ့်သူကို အာရုံစိုက်ရင် စျေးကွက်ငယ် ၃% ပဲရလိမ့်မယ်။ စိတ်ဝင်စားသူကို အာရုံစိုက်ရင် စျေးကွက်၄၀% ဖြစ်သွားပြီ။ အာရုံစိုက်မှုလေးပြောင်းလဲလိုက်တာနဲ့ ကိုယ့်စျေးကွက်က ၁၂၃၃ ဆ ကြီးသွားတယ်။ အာရုံမမှားနဲ့။ မရောင်းပါနဲ့…

အကြမ်းအမြတ်ရာခိုင်နှုန်း

ကိုယ့်ထုတ်ကုန် ကို ၁၅% အမြတ်တင်ထားတယ်..ဆိုရင် အမြတ်ကိုလဲ ၁၅% မြတ်လိမ့်မယ်လို့ ထင်ကြတယ်။ မတူဘူး။ အမြတ်တင် ထားတဲ့ ရာခိုင်နှုန်း နဲ့ အကြမ်းအမြတ် ရာခိုင်းနှုန်း မတူဘူး။ မသိရင်.. ထင်ယောင်ထင်မှား အမြတ် တွေနဲ့ လမ်းချော်ပြီး ပျော်နေလိမ့်မယ်။ သိအောင် .. ဗွီဒီယိုလေး…

အမြတ်တင်ရာခိုင်နုန်းနှင့်အရင်းရှာနည်း

ဒီနည်းက အရောင်းအဝယ် သမားတွေ၊ ဆိုင်သမားတွေအတွက် သိကိုသိရမယ့် နည်းဖြစ်တယ်။ ရောင်းစျေးကပ်ထားတယ်။ ဘယ်လောက် လျော့လို့မလဲ ဆိုတာ ဆုံးဖြတ်ဖို့ ကိုယ့်အရင်းကို လွယ်လွယ်သိနိုင်မယ့် နည်းလမ်းလဲဖြစ်တယ်။

Seraphinite AcceleratorOptimized by Seraphinite Accelerator
Turns on site high speed to be attractive for people and search engines.