Story ပြောပါ။

marthin

Unicode:
လူတိုင်းမှာ ပြောပြဖို့ထိုက်တန်တဲ့ ကြိုးစားမှု သမိုင်းမှတ်တမ်း ဇတ်လမ်းကိုယ်စီရှိကြပါတယ်။
ပြောမပြပဲ မြေကြီးထဲထိ ယူသွားခဲ့ရင် သင့်ကို သိပ်မကြာခင် လူတွေ မေ့သွားကြပါလိမ့်မယ်။

ထိုအတူပဲ..လုပ်ငန်းတိုင်းမှာလဲအခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့တဲ့ ကြိုးစားမှုသမိုင်းမှတ်တမ်းကိုယ်စီရှိကြပါတယ်။
စားသုံးသူတွေကို ပြောပြဖို့မားကက်တင်းအဖွဲ့မှာ တာဝန်ရှိပါတယ်။

ဈေးကွက်မှာရှိတဲ့ စားသုံးသူတွေရဲ့စိတ်ထဲမှာ ကိုယ့်လုပ်ငန်း အကြောင်း သတိတရ ရှိနေဖို့ဆိုတာ လုပ်ငန်းတိုင်း လိုချင်တဲ့အရာပါ။
ဒါကြောင့်လဲ မေ့မသွားအောင် အထပ်ထပ်အခါခါ ကြော်ငြာနေကြရတယ်။

အမှန်တော့လူတွေရဲ့စိတ်ထဲမှာ ကိုယ့်လုပ်ငန်း ရှိနေဖို့ဆိုတာ လုပ်ငန်းဘက်က Story ပြောပြနိုင်ဖို့လိုပါတယ်။
လူတွေမှာလဲ Story ဆိုတာရှိသလို …
လုပ်ငန်းမှာလဲ Story ဆိုတာ ရှိပါတယ်။

လုပ်ငန်းတစ်ခု ရဲ့Story နဲ့ လူတစ်ယောက်ရဲ့Story နဲ့ပေါင်းစပ်လိုက်ချိန်မှာ၊ ခံစားချက်ဆိုတာ ပါဝင်လာတဲ့အတွက် စားသုံးသူတွေရဲ့စိတ်ထဲကို စွဲမြဲစွာဝင်ရောက်သွားပါတယ်။
ဈေးကွက်မှာ ..ကိုယ့်လုပ်ငန်း ဘရန်းတစ်ခုကို တည်ဆောက်ရာမှာ Story ထဲ့ပေးရပါတယ်။
ဈေးကွက်မှာ .. Personal Brand လူပုဂ္ဂိုလ်ဘရန်း တည်ဆောက်ရာမှာလဲ Story ထဲ့ပေးရပါတယ်။

လုပ်ငန်းဆိုတာ အသက်မဲ့ပါတယ်။ ခံစားချက် မဲ့ပါတယ်။
ဒါပေမယ့် ..
လုပ်ငန်းတစ်ခု က လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့story နဲ့ပေါင်းလိုက်ချိန်မှာ အသက်ဝင်လာပါတော့တယ်။ ခံစားချက် ရှိလာပါတော့တယ်။ ဒါကို Emotional Marketing (ခံစားချက်အခြေပြု မားကက်တင်းလို့ခေါ်ပါတယ်။)
ဥပမာ..
အောင်သမာဓိ နဲ့ဦးအောင် Story
မိုက်ခရိုဆော့ ကုမ္မဏီ နဲ့ဘီကိတ် story
Apple ကုမ္မဏီ နဲ့ စတီစ်ဂျော့ story
အာလီဘာဘာ နဲ့ဂျက်မာ story

ဒါကြောင့် သင်လဲ သင့်လုပ်ငန်း အကြောင်း Story ပြောမယ်ဆိုရင် အောက်ပါ (၁၀) ချက် ကို သတိရပါ။

၁။ လုပ်ငန်းထောင်ဖြစ်တဲ့ အကြောင်း (Founding Story)
ဘာကြောင့် ဒီလုပ်ငန်းကို ထောင်ဖြစ်သွားတာလဲ ?

၂။ ပြောင်းလဲအောင်ကြိုးစားတဲ့အကြောင်း (Change Story )
ဘာတွေကို ဘယ်လိုမတူအောင် ကြိုးစားခဲ့ရသလဲ ?

၃။ လုပ်ငန်းရည်မှန်းချက်အကြောင်း (Vision Story)
လုပ်ငန်းအနေနဲ့ ဘယ်လိုမျှော်မှန်းထားသလဲ ?

၄။ လုပ်ငန်းဗျူဟာအကြောင်း (Strategy Story)
ရည်မှန်းချက်အောင်မြင်ဖို့အတွက် လုပ်ငန်းအနေနဲ့ဘာတွေဘယ်လိုလုပ်ဆောင်ဖို့ပြင်ဆင်သလဲ ?

၅။ စားသုံးသူဖောက်သည်များအကြောင်း (Customer Story)
စားသုံးသူတွေရဲ့ယုံကြည်မှု နဲ့အားပေးမှု ကို ဘယ်လိုရလာခဲ့သလဲ ?

၆။ အရောင်းအကြောင်း (Sale Story)
လုပ်ငန်းအနေနဲ့ဈေးကွက်တင်ရောင်းချရာမှာ ဘယ်လို အခက်အခဲတွေ တွေ့ခဲ့ရလဲ ?

ရ။ ဈေးကွက်ရှာဖွေခြင်း အကြောင်း (Marketing Story)
ဈေးကွက်မှာ ကိုယ်လိုလုပ်ငန်းတွေအများကြီးရှိရာမှာ ကိုယ့်လုပ်ငန်းက ဘာတွေ ကွာခြားသလဲ ?

၈။ ခေါင်းဆောင်မှု အကြောင်း (Leading Story )
ကိုယ့်လုပ်ငန်းက လုပ်သားတွေအပေါ်မှာ ဘယ်လိုအုပ်ချုပ်စီမံခန့်ခွဲသလဲ ?

၉။ လုပ်ငန်းယုံကြည်မှု နဲ့တန်ဖိုးထားသောအရာများအကြောင်း (Believe story)
လုပ်ငန်းရဲ့တန်ဖိုးထားရတဲ့ အချက်တွေကဘာတွေလဲ၊ ဘယ်လိုကြိုးစားတည်ဆောက်၊ထိန်းသိမ်းနေသလဲ?

၁၀။ ဝန်ထမ်းခန့်ထားရေးအကြောင်း (Recruiting Story)
လုပ်ငန်းအနေနဲ့ဝန်ထမ်းတွေကို ဘယ်လိုရွေးချယ်ပြီး၊ ဘယ်လိုခန့်ထား၊ လုပ်ငန်းခွင်ဝင်စေသလဲ ?

သင့် လုပ်ငန်းအနေနဲ့ ဈေးကွက်မှာ စားသုံးသူတွေ ကိုယ့်အမှတ်တံဆိပ်ကို သတိရမှတ်မိနေစေချင်တယ်ဆိုရင် အထက်ပါ Story တစ်ခုမဟုတ်တစ်ခုကို ပြောပြတတ်ရပါမယ်။

သင့်ကုန်ပစ္စည်း (Product) ဘယ်လောက်ကောင်းကောင်းအတုခိုးလို့ရပါတယ်။
သင့် အရည်အသွေး (Quality)ဘယ်လောက်ကောင်းကောင်းအတုခိုးလို့ရပါတယ်။
သင့် ဈေးနုန်း (Price)ဘယ်လောက်ချချ သင့်ထက်ကျ တဲ့ သူရှိပါတယ်။
သင့် ဝန်ဆောင်မှု(Service)ဘယ်လောက်ကောင်းကောင်း ပိုကောင်းအောင် အတုခိုးလို့ရပါတယ်။
ဒါပေမယ့်…
သင့် ရဲ့ကြိုးစားမှု သမိုင်းဇတ်လမ်း Story၊
သင့် လုပ်ငန်းရဲ့သမိုင်း Story ကတော့ သင် တစ်ဦးတည်းပဲ ရှိပါတယ်။
သမိုင်းဆိုတာ တူအောင် တုလို့မရဘူးလေ။

သင့် လုပ်ငန်းကို အများနှင့်မတူကွဲထွက်စေ(Unique) စေသောအရာသည် သင့်လုပ်ငန်းရဲ့Story ပဲ ဖြစ်ပါတယ်။

သင့်လုပ်ငန်း ကြိုးစားမှု သမိုင်းဇတ်ကြောင်း ဆိုတာ တန်ဖိုးကြီးပါတယ်။
သင်ကိုယ်တိုင် မေ့ထားတယ်ဆိုရင် စားသုံးသူဖောက်သည်များကလဲ မေ့ထားပါလိမ့်မယ်။
ဒါကြောင့် ..
အထက်ပါ မေးခွန်း (၁၀) ခု ဖတ်ပါ ။
ချရေးပါ။
ပြီးရင် … ပြောပြပါ။
ပြီးရင်… ထပ်ပြောပါ။
နောက်ပြီးရင်.. အမြဲတမ်းပြောပြပါ။
စားသုံးသူတွေ စိတ်ထဲဝင်သွားတဲ့အထိပေါ့။ ဒါကို စိတ်ကွက်ဝေစု (Mind share) လို့ခေါ်ပါတယ်။

#မာသင်
စီးပွားရေး ဒိုင်ယာရီ

—————————————–/————————————
Zawgyi;
လူတိုင္းမွာ ေျပာျပဖို႔ထိုက္တန္တဲ့ ႀကိဳးစားမႈ သမိုင္းမွတ္တမ္း ဇတ္လမ္းကိုယ္စီရွိၾကပါတယ္။
ေျပာမျပပဲ ေျမႀကီးထဲထိ ယူသြားခဲ့ရင္ သင့္ကို သိပ္မၾကာခင္ လူေတြ ေမ့သြားၾကပါလိမ့္မယ္။

ထိုအတူပဲ..လုပ္ငန္းတိုင္းမွာလဲအခက္အခဲေပါင္းမ်ားစြာကို ျဖတ္သန္းခဲ့တဲ့ ႀကိဳးစားမႈသမိုင္းမွတ္တမ္းကိုယ္စီရွိၾကပါတယ္။
စားသုံးသူေတြကို ေျပာျပဖို႔မားကက္တင္းအဖြဲ႕မွာ တာဝန္ရွိပါတယ္။

ေဈးကြက္မွာရွိတဲ့ စားသုံးသူေတြရဲ႕စိတ္ထဲမွာ ကိုယ့္လုပ္ငန္း အေၾကာင္း သတိတရ ရွိေနဖို႔ဆိုတာ လုပ္ငန္းတိုင္း လိုခ်င္တဲ့အရာပါ။
ဒါေၾကာင့္လဲ ေမ့မသြားေအာင္ အထပ္ထပ္အခါခါ ေၾကာ္ျငာေနၾကရတယ္။

အမွန္ေတာ့လူေတြရဲ႕စိတ္ထဲမွာ ကိုယ့္လုပ္ငန္း ရွိေနဖို႔ဆိုတာ လုပ္ငန္းဘက္က Story ေျပာျပႏိုင္ဖို ့လိုပါတယ္။
လူေတြမွာလဲ Story ဆိုတာရွိသလို …
လုပ္ငန္းမွာလဲ Story ဆိုတာ ရွိပါတယ္။

လုပ္ငန္းတစ္ခု ရဲ႕Story နဲ ့ လူတစ္ေယာက္ရဲ႕Story နဲ႔ေပါင္းစပ္လိုက္ခ်ိန္မွာ၊ ခံစားခ်က္ဆိုတာ ပါဝင္လာတဲ့အတြက္ စားသုံးသူေတြရဲ႕စိတ္ထဲကို စြဲၿမဲစြာဝင္ေရာက္သြားပါတယ္။
ေဈးကြက္မွာ ..ကိုယ့္လုပ္ငန္း ဘရန္းတစ္ခုကို တည္ေဆာက္ရာမွာ Story ထဲ့ေပးရပါတယ္။
ေဈးကြက္မွာ .. Personal Brand လူပုဂၢိဳလ္ဘရန္း တည္ေဆာက္ရာမွာလဲ Story ထဲ့ေပးရပါတယ္။

လုပ္ငန္းဆိုတာ အသက္မဲ့ပါတယ္။ ခံစားခ်က္ မဲ့ပါတယ္။
ဒါေပမယ့္ ..
လုပ္ငန္းတစ္ခု က လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ရဲ႕story နဲ႔ေပါင္းလိုက္ခ်ိန္မွာ အသက္၀င္လာပါေတာ့တယ္။ ခံစားခ်က္ ရိွလာပါေတာ့တယ္။ ဒါကို Emotional Marketing (ခံစားခ်က္အေျချပဳ မားကက္တင္းလို ့ေခၚပါတယ္။)
ဥပမာ..
ေအာင္သမာဓိ နဲ႔ဦးေအာင္ Story
မိုက္ခ႐ိုေဆာ့ ကုမၼဏီ နဲ႔ဘီကိတ္ story
Apple ကုမၼဏီ နဲ႔ စတီစ္ေဂ်ာ့ story
အာလီဘာဘာ နဲ႔ဂ်က္မာ story

ဒါေၾကာင့္ သင္လဲ သင့္လုပ္ငန္း အေၾကာင္း Story ေျပာမယ္ဆိုရင္ ေအာက္ပါ (၁၀) ခ်က္ ကို သတိရပါ။

၁။ လုပ္ငန္းေထာင္ျဖစ္တဲ့ အေၾကာင္း (Founding Story)
ဘာေၾကာင့္ ဒီလုပ္ငန္းကို ေထာင္ျဖစ္သြားတာလဲ ?

၂။ ေျပာင္းလဲေအာင္ႀကိဳးစားတဲ့အေၾကာင္း (Change Story )
ဘာေတြကို ဘယ္လိုမတူေအာင္ ႀကိဳးစားခဲ့ရသလဲ ?

၃။ လုပ္ငန္းရည္မွန္းခ်က္အေၾကာင္း (Vision Story)
လုပ္ငန္းအေနနဲ႔ ဘယ္လိုေမွ်ာ္မွန္းထားသလဲ ?

၄။ လုပ္ငန္းဗ်ဴဟာအေၾကာင္း (Strategy Story)
ရည္မွန္းခ်က္ေအာင္ျမင္ဖို႔အတြက္ လုပ္ငန္းအေနနဲ႔ဘာေတြဘယ္လိုလုပ္ေဆာင္ဖို႔ျပင္ဆင္သလဲ ?

၅။ စားသုံးသူေဖာက္သည္မ်ားအေၾကာင္း (Customer Story)
စားသုံးသူေတြရဲ႕ယုံၾကည္မႈ နဲ႔အားေပးမႈ ကို ဘယ္လိုရလာခဲ့သလဲ ?

၆။ အေရာင္းအေၾကာင္း (Sale Story)
လုပ္ငန္းအေနနဲ႔ေဈးကြက္တင္ေရာင္းခ်ရာမွာ ဘယ္လို အခက္အခဲေတြ ေတြ႕ခဲ့ရလဲ ?

ရ။ ေဈးကြက္ရွာေဖြျခင္း အေၾကာင္း (Marketing Story)
ေဈးကြက္မွာ ကိုယ္လိုလုပ္ငန္းေတြအမ်ားႀကီးရွိရာမွာ ကိုယ့္လုပ္ငန္းက ဘာေတြ ကြာျခားသလဲ ?

၈။ ေခါင္းေဆာင္မႈ အေၾကာင္း (Leading Story )
ကိုယ့္လုပ္ငန္းက လုပ္သားေတြအေပၚမွာ ဘယ္လိုအုပ္ခ်ဳပ္စီမံခန္႔ခြဲသလဲ ?

၉။ လုပ္ငန္းယုံၾကည္မႈ နဲ႔တန္ဖိုးထားေသာအရာမ်ားအေၾကာင္း (Believe story)
လုပ္ငန္းရဲ႕တန္ဖိုးထားရတဲ့ အခ်က္ေတြကဘာေတြလဲ၊ ဘယ္လိုႀကိဳးစားတည္ေဆာက္၊ထိန္းသိမ္းေနသလဲ?

၁၀။ ဝန္ထမ္းခန႔္ထားေရးအေၾကာင္း (Recruiting Story)
လုပ္ငန္းအေနနဲ႔ဝန္ထမ္းေတြကို ဘယ္လိုေ႐ြးခ်ယ္ၿပီး၊ ဘယ္လိုခန႔္ထား၊ လုပ္ငန္းခြင္ဝင္ေစသလဲ ?

သင့္ လုပ္ငန္းအေနနဲ႔ ေဈးကြက္မွာ စားသုံးသူေတြ ကိုယ့္အမွတ္တံဆိပ္ကို သတိရမွတ္မိေနေစခ်င္တယ္ဆိုရင္ အထက္ပါ Story တစ္ခုမဟုတ္တစ္ခုကို ေျပာျပတတ္ရပါမယ္။

သင့္ကုန္ပစၥည္း (Product) ဘယ္ေလာက္ေကာင္းေကာင္းအတုခိုးလို ့ရပါတယ္။
သင့္ အရည္အေသြး (Quality)ဘယ္ေလာက္ေကာင္းေကာင္းအတုခိုးလို ့ရပါတယ္။
သင့္ ေဈးႏုန္း (Price)ဘယ္ေလာက္ခ်ခ် သင့္ထက္က် တဲ့ သူရိွပါတယ္။
သင့္ ဝန္ေဆာင္မႈ(Service)ဘယ္ေလာက္ေကာင္းေကာင္း ပိုေကာင္းေအာင္ အတုခိုးလို ့ရပါတယ္။
ဒါေပမယ့္…
သင့္ ရဲ ့ၾကိဳးစားမႈ သမိုင္းဇတ္လမ္း Story၊
သင့္ လုပ္ငန္းရဲ ့သမိုင္း Story ကေတာ့ သင္ တစ္ဦးတည္းပဲ ရိွပါတယ္။
သမိုင္းဆိုတာ တူေအာင္ တုလို ့မရဘူးေလ။

သင့္ လုပ္ငန္းကို အမ်ားႏွင့္မတူကြဲထြက္ေစ(Unique) ေစေသာအရာသည္ သင့္လုပ္ငန္းရဲ႕Story ပဲ ျဖစ္ပါတယ္။

သင့္လုပ္ငန္း ႀကိဳးစားမႈ သမိုင္းဇတ္ေၾကာင္း ဆိုတာ တန္ဖိုးႀကီးပါတယ္။
သင္ကိုယ္တိုင္ ေမ့ထားတယ္ဆိုရင္ စားသုံးသူေဖာက္သည္မ်ားကလဲ ေမ့ထားပါလိမ့္မယ္။
ဒါေၾကာင့္ ..
အထက္ပါ ေမးခြန္း (၁၀) ခု ဖတ္ပါ ။
ခ်ေရးပါ။
ၿပီးရင္ … ေျပာျပပါ။
ၿပီးရင္… ထပ္ေျပာပါ။
ေနာက္ၿပီးရင္.. အၿမဲတမ္းေျပာျပပါ။
စားသုံးသူေတြ စိတ္ထဲဝင္သြားတဲ့အထိေပါ့။ ဒါကို စိတ္ကြက္ေဝစု (Mind share) လို႔ေခၚပါတယ္။

#မာသင္
စီးပြားေရး ဒိုင္ယာရီ