“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

marthin

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို အရင်လေ့လာပါ။စီးပွားဖြစ်ချင်သလား၊ စီးပွားဖြစ်ခြင်းကို အရင် လေ့လာပါ။တစ်နေ့ကို ၁ နာရီ စာဖတ်နိုင်ရင်၊ တစ်ပတ်ကို တစ်အုပ်ပြီးပါတယ်။တစ်ပတ်ကို တစ်အုပ် ပြီးနိုင်ရင်၊ တစ်နှစ်ကို ၅၂ အုပ်ပြီးပါတယ်။တစ်နှစ်ကို ၅၂ အုပ်ပြီးနိုင်ရင်၊ ဆယ်နှစ်ကို ၅၂၀ အုပ်ပြီးပါတယ်။ဆယ်နှစ်ကို ၅၂၀ အုပ်ပြီးနိုင်ရင်၊ နှစ်နှစ်ဆယ်ကို ၁၀၄၀ ကျော်ပြီးပါတယ်။အတတ်ပညာတစ်ခု ရဲ့ထိပ်ပိုင်း ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နိုင်တဲ့အသိပညာမျိုးဖြစ်ပါတယ်။လူတော်တော်များများ က လမ်းပျောက်နေကြပါတယ်။သူတို့ရဲ့ဘ၀ လမ်းကြောင်းကို တိတိကျကျ သတ်မှတ်ဖို့ခက်ခဲနေကြပါတယ်။ဝင်ငွေ ပိုရအောင် လုပ်ချင်ပေမယ့် လမ်းပျောက်နေကြပါတယ်။လမ်းပျောက်ရင် အမြင့်ဆုံး သစ်ပင် ပေါ်တက်ပြီး အမှန်ကန်ဆုံး လမ်းမှန်ကို ရှာရသလို …. ကျွန်တော်တို့ကို အမြင့်ဆုံး အမြင် ကိုပေးနိုင်တဲ့ တစ်ခုတည်းသော သစ်ပင်ဆိုတာ စာဖတ်လေ့လာခြင်း ပါ။ ပိုမြင့်လေလေ ပိုမြင်လေလေ ဖြစ်သလို၊ ပိုဖတ်လေလေ ပိုမြင်လေလေပါပဲ။ဒါကြောင့် ပိုဖတ်ပါ။ ပိုလေ့လာပါ။၁ နာရီ လောက် ပိုဖတ်ပါ။၁ နာရီ လောက် ပိုလေ့လာပါ။သင် ပျောက်နေတဲ့ဘဝလမ်းကို တွေ့ယုံတင်မက၊ အခွင့်အရေး ဆိုတဲ့ ကံတရားကို လမ်းအချို့အကွေ့မှာ တွေ့ခဲ့ရင် လက်ခံသယ်ဆောင်သွားဖို့ သင့်ဘက်က အဆင်သင့် ဖြစ်နေမှာအသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့် ….၁ ရက် ၁ ခု လေ့လာပါ။၁ ရက် ၁ မျက်နှာ လေ့လာပါ။#မာသင်