Gift Card ပေးခြင်း နှင့် အစွမ်း

marthin
coupon, gift voucher, map

Gift Card ပေးခြင်း နှင့် အစွမ်း

Gift Card ဆိုတာ ပေးတတ်ရင် အင်မတန်မှ စွမ်းပါတယ်။
၁။ သူ့အချိန် နဲ့သူ ရွေးချယ်ပြီး ပေးတတ်ရတယ်။ ဥပမာ ဒီဇင်ဘာလ ဆိုတာ ပေးလို့အကောင်းဆုံးပေ့ါ။
၂။ လက်ပြောင်းလက်လွဲလုပ်လို့ရတယ်။ ဥပမာ .. ကဒ်ရထားတဲ့သူတစ်ယောက်က အခြားတစ်ယောက်ကို ပေးရင် အဲဒီ စီးပွားရေးလုပ်ငန်းကို ညွန်းပြောဆိုရပြီ။ဒါဟာ အင်မတန်မှ ကောင်းတဲ့ Referral ပေါ့။ တစ်ဦးနဲ့တစ်ဦး လက်ဆင့်ကမ်းသွားတဲ့ Word of Mouth ဆိုတာ အစွမ်းထက်တဲ့ ဈေးကွက်ရရှိတဲ့နည်းလမ်းပါပဲ။
၃။ ကဒ်ပြားပေါ်မှာ ကိုယ့် လုပ်ငန်းအကြောင်းထဲ့လို့ရတယ်။ လက်ဆောင်ဆိုတဲ့အသိကြောင့် ကဒ်ပြားပေါ်မှာ ရေးထားတဲ့ စာကြောင်းတွေ၊ ရုပ်ပုံတွေကို သေချာဖတ်ဖြစ်တယ်။ ကိုယ့်လုပ်ငန်းအတွက် ပေးချင်တဲ့ ပုံရိပ်ကြေငြာကို ကောင်းကောင်းကြီး အသုံးချပေးလို့ရတဲ့ကဒ်ပြားလေးပေါ့။
၄။ ကဒ်ပေါ်မှာ အချိန်ကာလပါတယ်။ ဘယ်အချိန်အတွင်းသာလို့ဆိုတဲ့အတွက် ကိုယ့်လုပ်ငန်းရဲ့ဝန်ဆောင်မှုကို အသုံးပြုဖို့တွန်းအားတစ်ခု ဖြစ်စေတယ်။ တစ်ခါလာခဲ့ရင်.. ကိုယ့် customer ဖြစ်ပြီပေါ့။
၅။ တစ်ခါလာတဲ့ Customer ကို နောက်ထပ်ထပ် ပြီးလာအောင် အခြား နည်းလမ်းတွေ နဲ့ချိန်းကြိုးတစ်ခု ကို ဆက်စပ်နေအောင် ပြုလုပ်လို့ရတယ်။ တစ်ခါမှ မလာဘူးတဲ့customer ထက် ၊ ကိုယ့် ဝန်ဆောင်မှု ကို တစ်ခါအသုံးပြုဘူးတဲ့သူက ပိုပြီး နောက်တစ်ခေါက်လာဖို့မာျးတယ်လေ။
ကဲ… ဒီဇင်ဘာလမှာ … Gift card လေးတစ်ခု တော့ ထုတ်ပေးနိုင်အောင် ကြိုးစားပါ။
ပေးတတ်ရင်…… စွမ်းပါတယ်။

မာသင်

စီးပွားရေး ဒိုင်ယာရီ

Dec 3,2018