cupcake အိုင်ဒီယာ

marthin
cupcakes, vanilla, frosting

cupcake အိုင်ဒီယာ
+++++++++
cupcake ဆိုတဲ့ ကိတ်မုန့်သေးသေးလေးတွေပေါ်လာတုန်းက ကိတ်အကြီးကြီးကို ဝယ်စရာမလိုသေးပဲ အစမ်းစားလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုင်တွေက ပြုလုပ်ခဲ့ပါတယ်။
ဝယ်ယူမှုအကြီးကြီးကို မလုပ်ခင် … ဝယ်ယူမှုသေးသေးလေးတစ်ခု နဲ့ဆိုင်နဲ့customer ကြား ယုံကြည်မှုတစ်ခု တည်ဆောက်ဖို့လိုပါတယ်။
ကိုယ့်ရဲ့customer အနေ နဲ့သူမကြိုက်တဲ့ပစ္စည်းတစ်ခုကိုဝယ်ယူမိတဲ့ အတွေ့အကြုံ ကို မခံစားရလေအောင် စဉ်းစားထားပေးပြီး ကိုယ့်ဆိုင်နဲ့ စားသုံးသူကြား ဝယ်ယူမှုဆိုင်ရာ အတွေ့အကြုံကောင်းတစ်ခုကို ရစေလို တဲ့ရည်ရွယ်ချက်နဲ့cupcake ကို ဖန်တီးရောင်းချပေးရပါတယ်။
အစပထမတော့.. ဆိုင်ကနေ cup cake သေးသေးလေးတစ်ခု ဝယ်စားမယ်။
နောက်.. ပြီးရင် … ကိတ်တစ်ပိုင်းလောက် ဝယ်စားမယ်။
နောက်..ပြီးရင် … ကိတ်တစ်ဝက်လောက် ဝယ်စားမယ်။
နောက်..ပြီးရင် … မွေးနေ့ကိတ်တစ်ခုလုံး ဝယ်စားမယ်။
ဒါကြောင့် … ကိတ်အကြီးကြီး တစ်ခုလုံး ကို မရောင်းခင်
အစမ်းသဘောမျိုးစားလို့ရတဲ့ cup cake သေးသေးလေးတွေ ရောင်းရမယ်။
cupcake ရောင်းတာ ..အမြတ်ရဖို့မဟုတ်ဘူး။
ရည်ရွယ်ချက် က (၃) ခု ရှိတယ်။
(၁) ဆိုင်နဲ့စားသုံးသူကြား ယုံကြည်မှု တစ်ခု ဖြစ်စေဖို့ ။
(၂) ဝယ်ယူမှုဆိုင်ရာ အတွေ့အကြုံကောင်းတစ်ခုရစေဖို့။
(၃) customer ကနှစ်ခြိုက်ရင် ကိတ်အကြီးကြီး ဝယ်ယူဖို့အလားအလာ … ဆိုတဲ့
ရည်ရွယ်ချက်သုံးခု နဲ့cupcake ကို ရောင်းပါ။
ဆိုင်တွေကို ပြောချင်တာက …..
ဆိုင်တစ်ခု မှာ ရောင်းတဲ့ပစ္စည်းတိုင်း မြတ်ဖို့မလိုဘူး။
အချို့ပစ္စည်းတွေကို ဗျူဟာအရ ရောင်းရတာ။
အဲဒီပစ္စည်းကို cupcake လို့ခေါ်ပါတယ်။
ကိုယ့် ဆိုင်ရဲ့ cupcake က ဘာလဲဆိုတာ စဉ်းစားပါ။
တိုက်တွန်းချင်တာက……
လုပ်ငန်းတိုင်း၊ ဆိုင်တိုင်း cup cake ရောင်းပါ။
အရင်းအတိုင်းရောင်းပါ။
လူများများ စားကြပါစေ။
ယုံကြည်မှုများများ ပွားကြပါစေ။

မာသင်