...

အနာဂတ်ကိုလောင်းကြေးထပ်ခြင်း

စီးပွားရေးလုပ်ငန်း တိုင်းက အနာဂတ်ပေါ် လောင်းကြေးထပ်တာပါပဲ။ ကိုယ်စတင်လိုက်တဲ့ လုပ်ငန်းတစ်ခု ..အလုပ်ဖြစ်မယ် မဖြစ်ဘူး ဆိုတာ မသေချာပေမယ့် ကိုယ့်မှာ ရှိတဲ့ ငွေကြေးနဲ့အချိန်ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် အလုပ်ထွက်ပြီး အလုပ်အကိုင် တစ်ခု ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် မိသားစု အချိန်တွေ ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် ကျန်းမာရေး ကို လောင်းကြေးထပ်လိုက်ရတယ်။

သေချာတာကတော့ ..

ဘာလုပ်ငန်းပဲ လုပ်လုပ် ကိုယ်စတင်လိုက်တဲ့လုပ်ငန်း အတွက်၊ အနာဂတ်မှာ ကောင်းလာနိုင်ရဲ့ ဆိုတဲ့အတွေးနဲ့ယုံကြည်မှု အချို့တစ်ဝက် ကို အနာဂတ် အပေါ် လောင်းကြေးထပ်လိုက်ရတယ်။

ဒါကြောင့် .. စီးပွားရေးလုပ်ပြီ ဆိုရင် အနာဂတ်ပေါ် လောင်းကြေးထပ်ရဲ ရမယ်။

💠 Netflix လုပ်ငန်း
Netflix ဆိုတဲ့ .. ဗွီဒီယိုတွေကို အင်တာနက်အသုံးပြုကြည့်လို့ရတဲ့ လုပ်ငန်း တစ်ခု ၁၉၉၇ ခုနှစ်မှာ စတင်ခဲ့တယ်။ ထူးခြားတာက အဲဒီအချိန်မှာ အင်တာနက်ဆိုတာ Modem တွေပဲ သုံးတဲ့ခေတ်။ အင်တာနက်ကအရမ်းနှေးပြီး 2.8 k speed ပဲ ရှိသေးတယ်။ HD ဗွီဒီယိုကားတစ်ကားက ပျမ်းမျှ 40 G လောက်ရှိတယ်။ အဲဒီ အင်တာနက်နုန်းနဲ့သာ ဗွီဒီယိုကြည့်ရရင် ဇာတ်ကားတစ်ကားကြည့်ဖို့ (၄) လလောက် ကြာမယ့်သဘောရှိတယ်။ Netflix ဆိုတဲ့လုပ်ငန်းအလုပ်ဖြစ်စရာအကြောင်းမရှိဘူး။ လုပ်ငန်းလုပ်ဖြစ်စရာအကြောင်းလဲ မရှိဘူး။

ဒါပေမယ့် လုပ်ငန်းတည်ထောင်သူတွေက အနာဂတ်မှာ အင်တာနက်တွေ ပိုကောင်းလာမယ်လို့ယုံကြည်တယ်၊ အဲဒီ ယုံကြည်မှု ကိုလဲ လောင်းကြေးထပ်ရဲကြတယ်။

ယနေ့မှာ လုပ်ငန်းတန်ကြေး $251 ဘီလီယံ တန်ဖိုးရှိနေပြီ။

ဒါကြောင့် .. စီးပွားရေးလုပ်ပြီ ဆိုရင် ကိုယ်ယုံကြည်မှု အတိုင်း အနာဂတ်ပေါ် လောင်းကြေးထပ်ရဲရမယ်။

ကျွန်တော်တို့အားလုံးမှာ စီးပွားရေးလုပ်ငန်း နဲ့ပတ်သတ်ပြီး အတွေးအကြံ နဲ့ ယုံကြည်မှု ကိုယ်စီ ရှိကြတယ်။ အဲဒီ ယုံကြည်မှုကို ကိုယ့်မှာ ရှိတဲ့ ငွေကြေး၊ အချိန်၊ လုပ်အားတွေနဲ့အနာဂတ်ကို လောင်းကြေးထပ်နေကြရတာပါပဲ။

အနာဂတ် ကို အဆိုးမြင်နေသ၍ လောင်းကြေးထပ်ရဲမှာ မဟုတ်ပါဘူး။

ဘာတွေဖြစ်လာမယ် ဆိုတာ ဘာမှ မသေချာပေမယ့် ..

စီးပွားရေးလုပ်နေပြီဆိုမှ တော့ .. အနာဂတ် ကို မရဲတရဲ မဝံ့တဝံ့ နဲ့လောင်းကြေးထပ် နေရတာပါပဲ မဟုတ်လား။

ဒါကြောင့် .. ကိုယ်ထပ်မယ့်လောင်းကြေးနဲ့တန်အောင် ..

အနာဂတ် ဆိုတာကြီးကို လုံးလုံးလျားလျား အကောင်းမြင်ဖို့ကလွဲလို့အခြားရွေးစရာလမ်းမရှိတော့ဘူး .. မိတ်ဆွေ။

ယုံကြည်စွာနဲ့ ရှေ့ဆက်လှမ်းပေတော့ဗျာ …

#မာသင်

Related Articles

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ကြီးပွားချမ်းသာကြပါစေ

“ကြီးပွား ချမ်းသာ” လို့ ပြောကြတယ်။ စကားလုံးတွေက ရှင်းတယ်။ မကြီး နိုင်၊ မပွားနိုင်ရင် .. မချမ်းသာနိုင်ဘူး။ ကြီး နိုင်ရမယ်ဆိုတာ… လုပ်ငန်းတစ်ခုက ကြီးလာအောင် ဆိုတာ Scalable ဖြစ်အောင်လုပ်နိုင်တာကိုပြောတာ။ ကြီးလာအောင်ဆိုတာ သက်ရောက်မှု (impact) အကြီးအသေးကို ဆိုလိုတာဖြစ်တယ်။ အချို့ လုပ်ငန်းတွေက…

တန်ဖိုးကြီးသောအရာများ

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။ ၁။ ပျော်ရွင်ခြင်း ၂။ ကျန်းမာခြင်း ၃။ မိသားစု ၄။ လွတ်လပ်ခြင်း ၅။ မိတ်ဆွေရှိခြင်း ဒီ တန်ဖိုးကြီးတဲ့အရာ တွေကို ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်ချက် (၄) ချက်ရှိတယ်။ F.R.E.E လို့အလွယ်တကူ…

အဖိုးအိုတစ်ယောက်ရဲ့ ပေးစာ

သို့.. လူလေး အဖိုး .. အသက် ၁၆ နှစ်မှာ ကိုယ်ဘာလုပ်လုပ် သူများတွေ ကိုယ့်ကို ဘယ်လိုထင်လိမ့်မလဲ လို့တွေးပြီး စိုးရိမ်ခဲ့တယ်။ အသက် ၄၀ ရောက်တော့ သူများဘယ်လိုထင်ထင် ​တောက်ဂရုမစိုက် တော့ဘူး လို့တွေးတယ်။ အသက် ၆၀ လဲ ကျော်ရော ဘယ်သူကမှ…

ရိုးရိုးရှင်းရှင်း မားကက်တင်း

⭐ ဖေ့ဘုတ်( facebook) ဖွင့်လိုက်ရင် .. ပိုစ့်တင်တဲ့နေရာ ကွက်လပ်လေးမှာ မေးခွန်းတစ်ခု တွေ့လိမ့်မယ်.. What’s on your mind တဲ့ ။ ဘာတွေတွေးနေလဲ .. ပေါ့။ ⭐တွစ်တာ (Twitter) ဖွင့်လိုက်ရင် … ပိုစ်တင်တဲ့နေရာမှာ မေးခွန်းက …What’s…

Seraphinite AcceleratorOptimized by Seraphinite Accelerator
Turns on site high speed to be attractive for people and search engines.