Be different ! ကွဲပြားအောင်လုပ်ပါတဲ့။

marthin
smarties, glass, heart

 Be different ! ကွဲပြားအောင်လုပ်ပါတဲ့။

Apple ပဲ့ကိုင်ရှင် Steve Jobs ပြောခဲ့တာ။

သူသာသေသွားပေမယ့် .. သူပြောခဲ့တဲ့စကားက အခုထိမှန်နေတုန်းပဲ။

ကွဲပြားအောင်လုပ်ကတည်းက ကွဲထွက်ရပြီ။

ကွဲထွက်တယ်ဆိုကတည်းက လူအုပ်ကြီးနဲ့ဆန့်ကျင်ဘက်ကို သွားတာ။

လူအများနဲ့ ဆန့်ကျင်ရတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။

ကိုယ့်ကို အရူးလို့ထင်ရင်ထင်မယ်။

အလုပ်မဟုတ်တာတွေလုပ်နေတယ်လို့ထင်ရင်ထင်မယ်။

ဒါပေမယ့်.. တစ်ချိန်မှာ ..

လူအများငွေမဝင်တဲ့အချိန်မှာ ..ကိုယ်က ငွေတွေအများကြီးဝင်နေတယ်ဆိုရင်ပဲ

လူအများစီးပွားမဖြစ်တဲ့အချိန်မှာ .. ကိုယ်က စီးပွားဖြစ်နေကြတယ်ဆိုရင်ပဲ

စီးပွားရေးမှာ …

ဒီကွဲပြားစွာဖောက်ထွက်ခြင်းက တန်ဖိုးရှိနေပါပြီလေ။ ။

အမှန်တော့ ..

စီးပွားရေးမှာ ကွဲပြားခြင်း ဆိုတာ ပိုကောင်း စရာမလိုအောင် ကောင်းလှပါတယ်ဗျာ။။

မာသင် ၏ စီးပွားရေးဖလော်ဆော်ဖီ