About Us

ကျွန်တော်တို့အကြောင်း

My Story

ကျွန်တော်သည် ….
လူမှုအကျိုးပြု စွန့်ဦးတီထွင် (Social Entrepreneur) တစ်ယောက် ဖြစ်ပြီး၊
ရင်းနှီးမြုပ်နှံသူ (Investor)တစ်ယောက်လဲဖြစ်သည်။
ဘဝတိုးတက်မှုအတွက် လေ့လာမှု သည် အဓိက ဖြစ်သည် ဟုယုံကြည်သူတစ်ယောက်ဖြစ်ပြီး
ကိုယ်တိုင်လဲ အများအကျိုးအတွက် မျှဝေသည်။
စီးပွားရေး မဟာဗျူဟာ အပိုင်း ကို ကျွမ်းကျင် သလို
ဘဏ္ဍာရေးအပိုင်း နှင့် စတော့ရှယ်ယာ အပိုင်းများ ဖြင့် ဘွဲ့ ရထားပြန်သည်။
အတွက်အချက် များဖြင့် ဝန်ထမ်းဘ၀ လျောက်လမ်းခဲ့ဘူးသလို
အရောင်းပိုင်းတွင်လဲ ကျင်လည် ခဲ့ရပြန်သည်။
မည်သို့ပင်ဆိုစေ……
ကျွန်တော် သိသော… ကျွမ်းဝင်သော…လေ့လာထားသော…..ကျင့်သုံးသော…
အသိပညာများကို
အများအကျိုးအတွက်…
စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက် ….
လူငယ်များ အတွက် ….
အများအကျိုးအတွက် …. ဆက်လျက် မျှဝေနေပါသည်။

မာသင် ကိုယ်ရေးအကျဉ်း

ကျွန်တော်သည် အမေရိကန်နိုင်ငံ Brigham Yong (B.Y.U) စီးပွားရေးတက္ကသိုလ် မှ ရင်းနှီးမြုပ်နှံမှူငွေကြေးဘာသာရပ် (Investment Finance) တက်ရောက်အောင်မြင်ခဲ့ဘွဲ့ ရရှိခဲ့သည်။ အမေရိကန်နိုင်ငံ Bloomberg မှ ချီးမြင့်သော Forex, Commodity, Stocks(စတော့ရှယ်ယာဆိုင်ရာ) Certified လက်မှတ်ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ် ကော်မရှင် (SECM) မှ ပထမဆုံးချီးမြင့်သော Securities Representative လိုင်စင် ရရှိခဲ့သည်။

အမေရိကန် စတော့ဈေးကွက်မှ Trading ပိုင်းအတွေ့အကြုံများ၊ နိုင်ငံတကာငွေကြေးဈေးကွက် Forex အတွေ့အကြုံများ၊ နယူဇီလန်နိုင်ငံ၊ သြစတေးလျနိုင်ငံ၊အမေရိကန်နိုင်ငံ၊ ဟာဂိုင်ရီ အစရှိသောနိုင်ငံတကာအတွေ့အကြုံများ နှင့် မြန်မာနိုင်ငံ Securities ငွေချေးသက်သေခံကုမ္မဏီကြီးတစ်ခုတွင် Investment Adviser ငွေကြေးရင်းနှီးမြုပ်နှံမှု ပိုင်းဆိုင်ရာအကြံပေးအဖြစ်ဌင်း လုပ်ဆောင်ခဲ့ပြီး ၊ လက်ရှိတွင် စီးပွားရေးလုပ်ငန်း မဟာဗျူဟာ ချမှတ်မှု ဆိုင်ရာများ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ စီးပွားဖြစ်ထွန်းတိုးတက်မှု အကြံပေးပုဂ္ဂိုလ် အဖြစ် ဌင်း၊ ငွေကြေးနှင့် ရင်းနှီးမြုပ်နှံမှု အကြံပေးအဖြစ်ဌင်း အစိုးရ နှင့် ပုဂ္ဂလိက ပရောဂျက်များတွင် လုပ်ကိုင်လျက်ရှိပြီး အားလပ်ချိန်များတွင် စီးပွားရေးအသိပညာဆိုင်ရာမျှဝေမှုများ ပြုလုပ်ခြင်း၊ စာပေရေးသားခြင်း နှင့် စာသင်ကြားပို့ချခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

သင်တန်းသားများ၏ Review များ

ဆရာမာသင် သင်တန်း က ကျွန်မပထမဦးဆုံးတက်ဖူးတဲ့ online သင်တန်းပါ။ ဆရာပေးတဲ့ idea ကို လက်တွေ့အသုံးချပြီး ဆရာ့ကျေးဇူးနဲ့ ကျွန်မကိုယ်တိုင်သင်တဲ့ ဂျပန်စာ online class များစွာကိုယခုလက်ရှိအောင်မြင်စွာဖွင့်နိုင်ခဲ့ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်နေသူတစ်ယောက်အနေနဲ့ ဆရာ့လို ဆရာတစ်ယောက်နဲ့တွေ့ဆုံခွင့်ရတာ အင်မတန်တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတခုပါဆရာ။ ဆရာကတော့ အများကြီးပေးပေမယ့်ယူတတ်ဖို့တော့လိုတာပေါ့နော်။ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားထက်ပိုကောင်းတဲ့စကားလုံးရှိရင်ပြောချင်ပါတယ်။ တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာ့လိုလူသားများကိုအကျိုးပြုတဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစာပါ့မယ်။ နောက်လည်းကူညီစောင့်ရှောက်သင်ကြားပေးပါအုံးနော်
Su Myanmar

Managing Director, DARUMA Japanese Language School

အကျိုးသိပ်ရှိတာ ပေါ့ ဆရာမာသင်လို လူမျိုးများများသာ ပေါ်ပေါက်ရင် မြန်မာ မှာရှိတဲ့ လူငယ် တွေ အားလုံး ပိုမိုတိုးတက်လာမှာ အမှန်ပါ သင်ပြရှင်းပြတာတွေ လည်း အရမ်းတော်ပါတယ် နောက်ထပ် လာမဲ့ သင်တန်းတွေကို စောင့်မျှော် ရင်းနဲ့ အတူ ဆရာမာသင်ကိုလည်း အပြင်မှာ ဆုံချင်သေးပါတယ်
နန်းမြန်မာ

(တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး)

ဆရာ ရဲ့ စေတနာ အပြည့်နဲ့ ရှင်းလင်းပြတ်သတ်စွာ သင်ပြလမ်းညွှန်မှုတွေ က ကျမအတွက် ခွန်အား ဖြစ်ပါတယ်ဆရာ။ ငွေကြေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာ သိစရာ တွေ အသေးစိတ် သိလိုက်ရတဲ့ အတွက် များစွာ အကျိုးရှိတဲ့ သင်တန်းပါ။ သင်တန်းကြေးထက်ကို ကိုယ်ပြန်ရလိုက်တဲ့ ပညာက တန်ဖိုးမဖြတ်နိုင်အောင် အကျိုးရှိလို့ လူတိုင်းတက်သင့်တဲ့ သင်တန်းပါ။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။ ဆရာနဲ့ မိသားစု တဖွဲ့သားလုံး ကိုယ်ကျန်းမာပါစေ၊ စိတ်ချမ်းသာပါစေ။
မိတ်ဆက်

ကားပစ္စည်း ဆိုင်( မန္တလေး)

ဒီသင်တန်းက အရမ်းကို အကျိုး ကျေးဇူးတွေ၊ အသိပညာတွေ ရရှိပါတယ် ဆရာ။ ဒီသင်တန်းကို တက်ခဲ့ရတဲ့အတွက် စီးပွားရေး တစ်ခုလုပ်ဖို့ အတွက်၊ အသိပညာ နှင့် စီးပွားရေး ဗဟုသုတ အများကြီး ရရှိခဲ့ပါသည်။ Needs ကို ရှာတွေ့အောင် လုပ်ရပါ့မယ်။ Unique Value လုပ်ရမှာကိုလည်း ခေါင်းထဲရောက်သွားပြီး သင်တန်းကြေးနဲ့ မတန်အောင် ကို အကျိုးကျေးဇူးတွေ အများကြီး ရရှိလိုက်ပါတယ်။ အကြိုက်ဆုံးအချက်က Live အစီအစဉ် ကို အလွန်နှစ်သက် တယ်။ ဗဟုသုတ အများကြီး ရလို့ ဆရာမာသင်ကို အထူးကျေးဇူးတင်ပါတယ်။
Aminar Bi Bi

(သင်တန်းသူတစ်ဦး)