2018 မှာ စတင်ဖို့အကောင်းဆုံး စီးပွားရေးလုပ်ငန်း (၁၅) ခု

marthin
start, runners, gears

2018 မှာ စတင်ဖို့အကောင်းဆုံး စီးပွားရေးလုပ်ငန်း (၁၅) ခု


လုပ်ငန်းတစ်ခုခု တော့ လုပ်ချင်တယ်၊ ဒါပေမယ့်ဘာလုပ်ရမှန်းမသိဘူး ဆိုသူများအတွက် အထောက်အပံ့တစ်ခု ဖြစ်စေရန် … ကျွန်တော် သဘောကျမိသော စီးပွားရေးလုပ်ငန်း ၁၅ ခု ကို တင်ပြလိုက်ပါသည်။
အားလုံးသည် ကောင်းသည် မဆိုလို၊
အားလုံးသည် မြတ်သည် မဆိုလို၊
“အကောင်းဆုံး” ဆိုသောစကားရပ်သည် ကျွန်တော်ရဲ့အကြံပြု ချက်သာဖြစ်ပြီး “လုပ်စရာဒါပဲရှိသည်” ဟု မသတ်မှတ်စေလိုပါ။
ရည်ရွယ်ချက်သည် လုပ်ငန်းလုပ်ရန်စဉ်းစားနေသူများအတွက် အုတ်တစ်ချပ်သဲတပွင့် ကူညီစဉ်းစားပေးခြင်းသာဖြစ်သည်။
အကျိုးရှိမည် ဟု မျှော်လင့်လျက် …..

စတင်ဖို့အကောင်းဆုံး စီးပွားရေးလုပ်ငန်း (၁၅) ခု

၁။ လျော်ဖြူစိုက်ပျိုးခြင်းလုပ်ငန်း
၂။ chat box ( ဖေ့ဘုတ်messenger, wechat, line, whatsup စသည်) တို့တွင် AI နည်းပညာတွဲ ပြီး အပ်ပလီကေးရှင်း ဝန်ဆောင်မှုလုပ်ငန်း
၃။ အသေးစား၊အလတ်စားလုပ်ငန်းများအတွက် ဖေ့ဘုတ် Marketing နှင့် ဂေါ်ရီလာ မားကတ်တင်း ဝန်ဆောင်မှု လုပ်ငန်း
၄။ ယောဂ နှင့် အခြားကျန်းမာရေး ပရိုဂရမ်များ၊ ကျန်းမာရေး ဝန်ဆောင်မှု
၅။ အစားအသောက်များကိုဗူးဖြင့်ထဲ့၊ အိမ်အရောက်ပို့ဝန်ဆောင်မှုလုပ်ငန်း
၆။ ခရီးသွား အေဂျင်စီ လုပ်ငန်း
၇။ ကော်ဖီဆိုင် ကို ဂီတချစ်သူများ ၊ စာပေချစ်သူများ အစရှိသဖြင့် ဝါသနာအခြေခံ ဆိုင် လုပ်ငန်း
၈။ စားသောက်ဆိုင် ကို one-product Restaurant အဖြစ် တစ်မျိုးတည်းကို အမျိုးမျိုးလုပ်ပြီး အထူးရောင်းချသောဆိုင် လုပ်ငန်း
၉။ CCTV လုပ်ငန်း
၁၀။ ကလေးငယ်များ အတွက် ပညာရေးသင်ထောက်ကူ ပစ္စည်းနှင့် ပရိုဂရမ်များပါဝင်သော လုပ်ငန်း
၁၁။ ပရော်ဖက်ရှင်နယ် ကားရေဆေးလုပ်ငန်း ( မှတ်ချက် ။ ပရော်ဖက်ရှင်နယ် )
၁၂။ ရေသန့်လုပ်ငန်း
၁၃။ နာရီပိုင်း အိမ်ဖော် နှင့် အိမ်အလုပ်ကူ ဝန်ဆောင်မှု လုပ်ငန်း
၁၄။ အိမ်ထောင်သည်များ သီးသန့်အဆောင် လုပ်ငန်း ( ရန်ကုန်)
၁၅။ ပန်းစည်း နှင့် လက်ဆောင်ပစ္စည်း ပို့ဝန်ဆောင်မှု လုပ်ငန်း
မိတ်ဆွေများခင်ဗျား ။ ။ အထက်ပါ လုပ်ငန်းများသည် ….
စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသော လူငယ်များကို ရည်ရွယ်ပြီး ကျွန်တော့်ရဲ့ကူညီအကြံပြုချက်လုပ်ငန်းအကြံဉာဏ်များသာဖြစ်ပါသည်။
မိတ်ဆွေလဲ ကူညီပြီး အကြံပြုလိုသော စီးပွားရေးလုပ်ငန်းများ ကို အောက်တွင် မန့်ခဲ့စေချင်ပါတယ်။ အားလုံး ဝိုင်းဝန်းကူညီ အကြံပြုကြပါစို့။

မာသင်