၁၈/၄၀/၆၀ ဘဝရှင်သန်ခြင်း နိယာမ

marthin
flower, life, crack

၁၈/၄၀/၆၀ ဘဝရှင်သန်ခြင်း နိယာမ

အသက် ၁၈ နှစ်မှာ ကိုယ်ဘာလုပ်လုပ် သူများတွေ ကိုယ့်ကို ဘယ်လိုထင်မလဲ တွေးတယ်။
အသက် ၄၀ ရောက်တော့ သူများဘယ်လိုထင်ထင် ကိုယ်ဂရုမစိုက်ဘူး လို့တွေးတယ်။
အသက် ၆၀ ကျော်ရော အမှန်တော့.. ဘယ်သူမှ ကိုယ့်ကို အာရုံမထား ဂရုမစိုက်ခဲ့ဘူး ဆိုတာ သိလိုက်ရတယ်။
အမှန်တော့ ကျွန်တော်တို့အားလုံး ဘာလုပ်လုပ် သူများတွေ ကိုယ့်ကို ဘယ်လိုထင်မလဲဆိုတဲ့အတွေးနဲ့ပဲ ပြီးနေတယ်။
အိမ်မက်များ


ငါစာသင်ချင်တယ်။ မဖြစ်သေးပါဘူးလေ.. သူများတွေက ငါ့ကို ဘယ်လောက်တတ်လို့လဲ လို့ထင်နေဦးမယ်။
ငါ စီးပွားရေး တစ်ခု လောက် စ လုပ်ချင်တယ်။မဖြစ်သေးပါဘူးလေ…ငါရံှုးရင် သူများတွေ ငါ့ကို ဝိုင်းကဲ့ရဲ့ကြမှာ။
ငါ အက ဝါသနာပါတယ်။ မဖြစ်သေးပါဘူးလေ… သူများတွေက ငါ့ကို တမျိုးထင်ကြမှာ။
ငါ ဂီတကို ချစ်မြတ်နိုးတယ်။ ဂီတ နဲ့အသက်မွေးမယ်။ မဖြစ်သေးပါဘူးလေ… သူများသွားပြောရင် အရူးလို့ထင်ခံရဦးမယ်။
ငါ ကြီးပွားချမ်းသာချင်တယ်။ မဖြစ်သေးပါဘူးလေ… သူများသွားပြောရင် ငါ့ကို ဟားတိုက်ရယ် နေဦးမယ်။
ငါ တနေ့အောင်မြင်ရမယ်။ မဖြစ်သေးပါဘူးလေ… သူများသွားပြောရင် ငါ့မေးခွန်းထုတ်ရင် ငါဖြေနိုင်မှာမဟုတ်ဘူး။
လိုင်းကားစီးမယ်။ မဖြစ်သေးပါဘူးလေ..သူများတွေ ငါ့ မရှိဘူး ထင်နေဦးမယ်။
ဒီ ဖုန်း ကိုင်မယ်။ မဖြစ်သေးပါဘူးလေ…သူများတွေ ငါ့မရှိဘူး ထင်နေဦးမယ်။
ဒီ မေးခွန်းမေးမယ်။ မဖြစ်သေးပါဘူးလေ… သူများတွေ ငါ့ မသိဘူး ထင်နေဦးမယ်။
သူများတွေ… ဘယ်လိုထင်လိမ့်မလဲ ??
သူများတွေ ….
သူများတွေ…..
သူများတွေ……….။
ကဲ ကဲ .…သူများတွေ ဘယ်လိုထင်လိမ့်မလဲ ဆိုတာ တွေးတာရပ်တော့။။
လုပ်စရာရှိတာလုပ်။
ဘယ်သူဘယ်လို ထင်လိမ့်မလဲမတွေးနဲ့။
ဘယ်သူက ဘယ်လိုမှ မထင်ဘူး။
ကိုယ့်လမ်းကိုယ်လျောက်။
ကိုယ့်ထမင်းကိုယ်စား။
ကိုယ့်သမိုင်းကိုယ်ရေး။
ကိုယ့်တိုးတက်မှု ကိုယ်ကြိုးစား။
ကိုယ့်ကိုယ်ကို ဂရုစိုက်။
ကိုယ့်မိသားစု ကိုယ်ချစ်။
ကိုယ့် ပိုက်ဆံ ကိုယ်ရှာ။
ကိုယ့်ဖတ်စရာရှိတာ ကိုယ်ဖတ်။
ကိုယ့်ကျက်စရာရှိတာ ကိုယ် ကျက်။
ကိုယ်ပြောစရာရှိတာ ကိုယ်ပြော။
ကိုယ့်လုပ်စရာရှိတာ ကိုယ်လုပ်။
ကိုယ့်အိမ်မက် ကိုယ်မက်။
သူများအိမ်မက်ထဲလဲမဝင်နဲ့။
သူများဘယ်လိုထင်မလဲ လို့လဲ မတွေးနဲ့။
အမှန်တော့.. ဘယ်သူက ဘယ်လိုမှ မထင်ဘူး။
အသက် ၆၀ ကျော်မှ နောင်တ မရစေနဲ့… ။
ကိုယ်လုပ်စရာ ရှိတာလုပ်။ ဒါပဲ။

မာသင်