၀င်ငွေတိုး အကျိုးများစေဖို့

marthin
money, coin, investment

၀င်ငွေတိုး အကျိုးများစေဖို့

အိမ်ထောင်စု တစ်ခု ရဲ့ငွေကြေးအခြေအနေ အတက်အကျ ဆိုတာ အကြောင်းအရာ(၂) ခု အပေါ်မှာ တည်မှီနေပါတယ်။
(၁) ဝင်ငွေ
(၂) အသုံးစားရိတ် ပဲဖြစ်ပါတယ်။
အိမ်ထောင်စုတစ်ခု ရဲ့ငွေကြေးအခြေအနေ တက်အောင်လုပ်ဖို့ဆိုရင် ဝင်ငွေ ကို ပိုတိုးအောင် ရှာနိုင်တာပဲဖြစ်ဖြစ်၊ အသုံးစာရိတ် ကို လျော့သုံးပြီးတော့ဖြစ်ဖြစ် တစ်နည်းမဟုတ် တစ်နည်း လုပ်ရပါတယ်။
ဒါပေမယ့် အဲဒီ နှစ်ချက်မှာ အသုံးစားရိတ် ကိုလျော့ချဖို့ဆိုတာ အကန့်အသတ်ရှိပါတယ်။ အိမ်ထောင်စု တစ်ခုမှာ လစဉ် မသုံးမဖြစ် ကိစ္စ၊ အကြောင်းအရာတွေ ရှိသလို၊ နေထိုင်စားရိတ်၊ အခြေခံ စားသောက်စားရိတ်၊ တော်သင့်ရုံအဝတ်အစား တို့ဆိုတာ ရှိသေးတဲ့အတွက် အသုံးစားရိတ်ဆိုတာ အတိုင်းအတာ တစ်ခုအထိပဲ လျော့နိုင်တဲ့အတွက်၊ နံပါတ် (၂) ဖြစ်တဲ့အသုံးစားရိတ်ကို လျော့ချပြီး အိမ်ထောင်စု တစ်ခုရဲ့ငွေကြေးကို ပိုလျံအောင်လုပ်မယ်ဆိုတာ အကန့်အသတ်များစွာနဲ့ပါ။
နံပါတ်(၁) အချက်ဖြစ်တဲ့ဝင်ငွေပိုတိုးအောင်လုပ်ခြင်း ဆိုတာကတော့ ကိုယ်အစွမ်းအစ ရှိရင်ရှိသလောက်၊ လုံလဖြင့် ကြိုးစားရင်ကြိုးစားသလောက်၊ ဉာဏ်စွမ်းဉာဏ်စ ဖြင့် ကြံစည် ရင် ကြံနိုင်သလောက် ဖြစ်နိုင်ချေရှိတဲ့အတွက် အာရုံစိုက်သင့်တဲ့အရာပဲဖြစ်ပါတယ်။
ဒါကြောင့် .…ငွေပို ငွေလျံရစေဖို့… လျော့သုံးဖို့အရင် မစဉ်းစားပါနဲ့။
ပို ဝင်အောင် လုပ်ဖို့နည်းလမ်းတွေကို အရင်စဉ်းစားပါ။
ဝင်ငွေ ပိုဝင်စေမယ့် နည်းလမ်းတွေ ကို စဉ်းစားကြံဆပါ။
နည်းလမ်းငယ်တိုင်း ကို လုပ်ကြည့်ပါ။
သေးငယ်တဲ့ဓနစမ်းချောင်း လေးတွေ ကိုဖန်တီးပါ။
ဓနစမ်းချောင်းတွေ ပေါင်းစု စီးဆင်းလာရင် ဓနချောင်းဖြစ်လာပါမယ်။
ဓနချောင်းတွေ ပေါင်းစု စီးဆင်းလာရင် ဓနမြောင်း ဖြစ်လာပါမယ်။
ဓနမြောင်းတွေ ပေါင်းစု စီးဆင်းလာရင် ဓနမြစ် ဖြစ်လာပါမယ်။
ဓနမြစ်တွေ ပေါင်းစု စီးဆင်းလာရင် ဓနပင်လယ်ပြင် ဖြစ်လာပါမယ်။
စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတိုင်းကို မေးကြည့်ပါ။ သူတို့ ရဲ့ယနေ့အောင်မြင်မှု ဆိုတာ နည်းလမ်းပေါင်းများစွာ ကြံဆ၊ကြိုးစား၊ လုပ်ကိုင် ခဲ့ကြပြီး သေးငယ်တဲ့ ဓန စမ်းချောင်းကလေး ကနေ စခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ရဲ့အားသာချက် က “တသွင်သွင်” စီးနေတဲ့ဓန စမ်းချောင်းတွေကို “ပေါင်းစု စီးဆင်းစေမှု” ပါပဲ။
“တသွင်သွင်” ဆိုတာ ရပ်တန့်မနေရပါဘူး။
“ပေါင်းစု စီးဆင်းစေမှု” ဆိုတာ ကြီးမားတဲ့လုပ်ငန်းတစ်ခု သို့အတူတကွ ပြောင်းလဲလုပ်ကိုင်ခြင်းပဲဖြစ်ပါတယ်။
တသွင်သွင် နဲ့ပေါင်းစု စီးဆင်းနိုင်ကြဖို့အတွက် သင့် ရဲ့လက်ရှိ လုပ်ငန်း (သို့မဟုတ်) ဝင်ငွေရလမ်းကြောင်း ကို မန့်ခဲ့ပါ။ မန့်ကြသူများ အချင်းချင်း ပူးပေါင်းလုပ်ကိုင်နိုင်ကြပြီး ကောင်းကျိုးများစွာနဲ့ …..
ဝင်ငွေတိုး ၊ အကျိုးများ နိုင်ကြပါစေခင်ဗျာ။