အောင်မြင်လို သော ညီငယ် ညီမငယ် များသို့ ရိုးရှင်းသော အကြံပေးချက် တစ်ခု

marthin
children, win, success

အောင်မြင်လို သော ညီငယ် ညီမငယ် များသို့ ရိုးရှင်းသော အကြံပေးချက် တစ်ခု

တို့တွေအားလုံး နေ့စဉ်နှင့် အမျှ စားဝတ်နေရေးအတွက် ငွေကြေး ဆိုတဲ့အရာ ကို ရှာကြရပါတယ်။
အချို့ကလဲ “ဝန်ထမ်း” ဆိုတဲ့ နည်းလမ်း နဲ့။
အချို့ကလဲ ” ကိုယ်ကျွမ်းကျင်ရာ တနိုင်တပိုင် ကိုယ်ပိုင် လုပ်ငန်း” ဆိုတဲ့နည်းလမ်းနဲ့။
အချို့ကလဲ ” စီးပွားရေး လုပ်ငန်း” ဆိုတဲ့နည်းလမ်းနဲ့။
အချို့ကလဲ ” ရင်းနှီးမြုပ်နှံမှု” ဆိုတဲ့နည်းလမ်းနဲ့။
ဘယ်လိုပဲ ရှာရှာ ..၊
ဘယ်လောက်ပဲ ကြိုးစား ကြိုးစား…၊
” တိုးတက်၊ ပြောင်းလဲခြင်း” ဆိုတဲ့စကားလုံး ရင်ထဲမှာမရှိရင် ….
အောင်မြင်မှု ဆိုတာ သဲကန္တာရထဲက တံလျှပ် လိုပါပဲ။
တွေ့ပင်မယ့် မရောက်နိုင် ဖြစ်တတ်ပါတယ် ညီငယ် ညီမငယ် များ။
တိုးတက်.… အောင် ..လေ့လာပါ။
စာဖတ်ပါ။
သင်တန်းတက်ပါ။
ဆရာရှာပါ။
ပြောင်းလဲ.…အောင် … မာန်ဖြုတ်ပါ။
နှိမ့်ချပါ။
မေးပါ။
စိတ်တံခါးဖွင့်ပါ။
အကောင်းမြင်ပါ။
သူတစ်ပါးကို ချီးကျုးပါ။
အောင်မြင်မှု မှာ ဖြတ်လမ်းဆိုတာ မရှိဘူးဆိုရင်၊ တစ်ခု တည်းသော လမ်း အမည် က ” တိုးတက်၊ ပြောင်းလဲခြင်း” လို့ခေါ်ပါတယ် ညီငယ်၊ ညီမငယ်များ။
နေ့စဉ် အဲဒီ လမ်းက လာခဲ့ပါ။

မာသင်