အီနားရှား (သို့) နယူတန်၏ပထမနိယာမ

marthin

အီနားရှား (သို့) နယူတန်၏ပထမနိယာမ

“သွားမြဲသွားနေသော အရာဝတ္ထုသည်၊ သွားမြဲသွားနေလို၍၊
ရပ်မြဲရပ်နေသော အရာဝတ္ထုသည်၊ ရပ်မြဲ ရပ်နေလိုသည့် သဘောတရားကို အီနားရှားဟုခေါ်သည်။”
ကျွန်တေ်ာတို့ငယ်စဉ်ကျောင်းသားဘ၀ က ကျက်မှတ်ခဲ့ရသော ရူပဗေဒဘာသာရပ်၏ သီအိုရီ တစ်ခုသည်…
ရူပဗေဒ တွင်သာမဟုတ်၊
ဘဝဗေဒ တွင်လည်းမှန်လေသည်။

ဘ၀ ဗေဒ

သွားနေသော အကျင့်တစ်ခု၊ ရပ်အောင်လုပ်ဖို့အင်မတန်ခက်သည်။
ထိုနည်းတူစွာပင်…
ရပ်နေသော ဦးနှောက် နှင့် လေ့လာခြင်း ကို အစပြု ထသွားခြင်းကို ဖြစ်ပေါ်စေဖို့Net force အသားတင်တွန်းအား တစ်ခု လိုအပ်သည်။
ထိုတွန်းအားကို သေးသေးလေး နှင့် စတင်ရသည်။
သေးသေးလေး နှင့် စတင်ရင်း .. Motion လှုပ်ရှားမှု ဖြစ်လာသည်။
Motion လှုပ်ရှားမှု သည် Momentum အရှိန်ကို ဖြစ်ပေါ်စေသည်။
အရှိန် သည် စွမ်းအား (force ) တစ်ခု ဖြစ်သည်။
အရှိန်ကြောင့် ..မဖြစ်နိုင်ဘူး ထင်သောအရာများဖြစ်လာသည်။
အရှိန်ကြောင့် ..မမျှော်လင့်ထားသော အရာများအကောင်အထည်ပေါ်လာသည်။
အရှိန်ကြောင့် .. ကြီးမားသောအရာများ လွင့်စင် သေးငယ်သွားကြသည်။
အရှိန်ကြောင့် … ပွတ်တိုက်မှုများဖြစ်လာပြီး မီးတောက်အသွင်ပြောင်းသွားကြသည်။
အမှန်တော့…
အရှိန်သည် အကျင့် ဖြစ်သည်။
အကျင့် သည် ဘဝကို ပြဌန်းသည်။
ကဲ .. နောက်ပြန် လှန်ပြီး စဉ်းစားကြစို့ရဲ့။
ကောင်းမွန်တဲ့ ဘဝကို ပြဌန်းဖို့၊
ကောင်းမွန်တဲ့ အကျင့် ဖြစ်စေဖို့လိုသည်။
ကောင်းမွန်တဲ့ အကျင့် ဖြစ်စေဖို့၊
ကောင်းမွန်တဲ့အရှိန် ဖြစ်တည် ဖို့လိုသည်။
ကောင်းမွန်တဲ့ အရှိန် ဖြစ်တည်ဖို့၊
ကောင်းမွန်သော သေးသေးလေး ကို အစပြုရသည်။
ထို့ကြောင့် …. အကျဉ်းချူပ်မှာ .. စာတစ်ကြောင်းတည်းဖြစ်သည်။
“သေးသေးလေး နဲ့ စတင်ပါ။”

မာသင်