အရောင်းအဝယ် သဘောထား (၂) မျိုး
(၁) အရောင်းအဝယ်မျဉ်းဖြောင့်
အရောင်းတစ်ခု ဝယ်ယူတဲ့သူက ဝယ်လို့ရောင်းထွက်သွားရင် ပြီးပြီ လို့သဘောထားရင် အဲဒါကို တစ်ခါစား၊ တစ်ပွဲတိုး အရောင်းအဝယ်လို့ခေါ်ပါတယ်။ မျဉ်းဖြောင့် တစ်ကြောင်းလိုပဲ အစ နဲ့အဆုံး တစ်ကြိမ်ပဲ ဆွဲပါတယ်။
(၂) အရောင်းအဝယ်စက်ဝိုင်း
အရောင်းတစ်ခု၊ ဝယ်တဲ့သူကို ရောင်းပြီးသွားပေမယ့် (AFTER SALE SERVICE) ဝယ်ယူပြီးနောက်ဝန်ဆောင်မှုတွေ နဲ့ဖြည့်ဆည်းပေးနေမယ်၊ သုံးစွဲမှု ကို အဆင်ပြေအောင် လုပ်ပေးထားမယ်၊ ခင်မင်ရင်းနှီးမှုနဲ့ယုံကြည်မှု ကို အရင်းတည်ပြီး အခြားသူများကို ညွန်းဖို့အားပေးမယ် ဆိုရင် ဝယ်ယူမှုတွေ ကို ထပ်ဖြစ်ပေါ်စေပြီး စက်ဝိုင်းတစ်ခုလိုဖြစ်လာပါမယ်။
အရောင်းအဝယ် ကောင်းခြင်း မကောင်းခြင်း ဆိုတာ သင့်သဘောထား ရောင်ပြန်ဟပ်မှု တစ်ခု ပါပဲ။ သဘောထားမှန်နေပါစေ။