အရောင်းဝန်ထမ်းသမားဘဝ ဆိုတာ……..

marthin
ecommerce, selling online, online sales

အရောင်းဝန်ထမ်းသမားဘဝ ဆိုတာသိမ်ငယ်စရာမဟုတ်သလို၊
ရောင်းချခြင်းဆိုတာ လဲ ရှက်စရာ မဟုတ်ပါ။
ရောင်းချခြင်းပညာဆိုတာ လူတိုင်းအတွက် အရေးပါပါတယ်
အရောင်းဝန်ထမ်းမှ မဟုတ်ပါဘူး၊ စီပွားရေးလုပ်ငန်းရှင် က သူ့အိမ်မက်ကို အများလက်ခံလာအောင်ရောင်းရတယ် ။
ဝန်ထမ်းက သူ့ဝန်ဆောင်မှု့ကို ဝယ်ယူအောင် အင်တာဗျုးမှာ ရောင်းရတယ် ။
လမ်းဘေး ဈေးသည် လဲ ရောင်းနေကြတယ်။
ကုန်တိုက်ကြီးထဲက ဈေးသည်တွေလဲ ရောင်းနေကြတယ်။
လုပ်ငန်းရှင်ကြီးတွေလဲ ရောင်းနေကြတယ်။
တနိုင်လုပ်ငန်းလုပ်ကိုင်သူတွေလဲ ရောင်းနေကြတယ်။
အားလုံးဟာ နေစဉ်နှင့်အမျှရောင်းနေကြပါတယ်။
ရောင်းတာ တော်တယ် ဆိုတာ မွေးရာပါဗီဇ မဟုတ်ပါဘူး ။
လူတိုင်း လေ့ကျင့် သင်ယူလို့ရပါတယ် ။