အမေက သားငယ်ကို နာမည်ပေးတယ်ဆိုတာ…

marthin
hands, child's hand, hold tight

အမေက သားငယ်ကို နာမည်ပေးတယ်ဆိုတာ…သားသမီးတွေကြား
ခွဲခြားဆက်ဆံဖို့မဟုတ်ဘူး။ ကွဲပြားစွာ အမည်တပ် ခေါ်ဆိုနိုင်အောင်လို့ ဆိုတာ အားလုံးအသိပါ။
စီးပွားရေးလုပ်ငန်းတစ်ခုမှာ လဲ ကိုယ့် customer တွေ၊ စားသုံးသူဖောက်သည်တွေကို အမည် ပေးထားတာဆိုတာ ခွဲခြားတာ မဟုတ်ဘူး။ ကွဲပြားစွာ ဝန်ဆောင်မှု ပေးနိုင်အောင်လို့။
သာမာန်အားဖြင့် ကိုယ့် customer၊ စားသုံးသူတွေကို ပေးလေ့ရှိတဲ့ အမည် (၇) မျို းရှိပါတယ်။
(၁) တစ်ခါဝယ် ဖောက်သည်
ကိုယ့်ဆီကို တစ်ကြိမ်တစ်ခါ ပဲ လာဝယ်ဖူးတဲ့ ဖောက်သည် အမျိုးအစားပေါ့။
(၂) ထပ်ဝယ် ဖောက်သည်
ကိုယ့်ဆီကို ထပ်ခါ ထပ်ခါ အားပေးတဲ့ဖောက်သည်ပေါ့။ ကိုယ့်ရဲ့ကုန်ပစ္စည်းဝန်ဆောင်မှု ကို နှစ်ခြိုက်တဲ့သူ လို့မပြောလဲ သိနိုင်တဲ့ ဖောက်သည်မျိုးပေါ့။
(၃) မှီခိုအပ်နှံ ဖောက်သည်
ခဏခဏ လဲ အားပေးတယ်။ ကိုယ့်နဲ့သူနဲ့ကြားက ယုံကြည်မှုတစ်ခု ရှိတဲ့ ဖောက်သည်မျိုးပေါ့။
(၄) ညွန်းပြော ဖောက်သည်
သူများကို ညွန်းလောက်အောင်ကို ကြိုက်တယ် ဆိုတဲ့ ဖောက်သည်မျိုးတွေပေါ့။ ကိုယ်ကိုယ်တိုင်လဲ ကြိုက်တယ်။ တွေ့သမျှလူကိုလဲ ညွန်းတဲ့ ဖောက်သည်မျိုး ဆိုတာ စီးပွားရေးလုပ်ငန်းတိုင်းမှာရှိသင့်ပါတယ်။
(၅) အဖွဲ့ဝင်ဖောက်သည်
ကြိုက်လွန်းလို့တစ်ဂိုဏ်းတည်း၊ တစ်ဖွဲ့တည်း၊ တစ်သွေးတည်း၊ တစ်သားတည်း လို့ပြောလာတဲ့ ဖောက်သည်မျိုးပေါ့။ အသင်းလဲဝင်ထားသလို၊ နှစ်ရှည်လများ သစ္စာရှိစွာသုံးစွဲဝယ်ယူလာခဲ့တဲ့ဖောက်သည်ကြီးမျိုးပေါ့။
(၆) စီးပွားဖက်ဖောက်သည်
ကိုယ့်လုပ်ငန်းကို ကြိုက်လွန်းလို့စားသုံးသူအဆင့်နဲ့မကျေနပ်နိုင်၊ လုပ်ငန်းထဲမှာ တစ်တပ်တအားပါဝင်လာပြီး စီးပွားရေးလုပ်ငန်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာတဲ့ ဖောက်သည်စီးပွားဖက်မျိုးပေါ့။
(၇) ပိုင်ရှင်ဖောက်သည်
ကိုယ့်ထုတ်ကုန်ကို ကြိုက်တယ်။ သုံးစွဲလာတာလဲ ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပြီ။ ပြီးတော့ ကိုယ့်ကုမ္မဏီလုပ်ငန်းထဲမှာလဲ ရှယ်ယာထဲ့ဝင်လာတဲ့အထိ ကို စွဲတဲ့ ဖောက်သည်မျိုးပေါ့။ သေအတူ၊ ရှင်မကွာ လုပ်ကြမယ်ကွာ ဆိုတဲ့ ပိုင်ရှင်တစ်ပိုင်း ဖောက်သည်ကြိုင်းကြီးမျိုးတွေပေါ့။
စားသုံးသူတိုင်းက ကိုယ့်ကုန်ပစ္စည်းကို၊ ကိုယ့်ဝန်ဆောင်မှုကို အခြား စားသုံးသူများနည်းတူ၊ တန်းတူရည်တူ ကြိုက်နှစ်သက်အားပေးတာမျိုးမဟုတ်ဘူး ဆိုတာ လုပ်ငန်းတိုင်း နားလည်ရပါမယ်။
အချို့စားသုံးသူက ကိုယ့်လုပ်ငန်းအတွက် တန်ဖိုးကြီးပေမယ့် ..
အချို့စားသုံးသူက ကိုယ့်လုပ်ငန်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး ဆွဲချနေတတ်တယ်။
ကွဲပြားစွာ နားလည်မှ .. လွဲမှားစွာ အာရုံမစိုက်မိမှာဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ တစ်ခုတည်းရှိပါတယ်။
သစ္စာရှိဖောက်သည်အပေါ်မှာ..အပြန်အလှန်သစ္စာရှိဝန်ဆောင်မှုပေးနိုင်အောင်လို့။
တစ်ခုတော့ရှိတယ်။
ဘယ်သူတွေက သစ္စာရှိဖောက်သည်တွေလဲဆိုတာတော့ သိဖို့လိုတယ်။
ဒါကြောင့် ….
ယနေ့..ဆိုင်မဖွင့်ခင် …လုပ်ငန်းမစခင်..
နာမည်ပေးကင်ပွန်းတပ်မင်္ဂလာကို ခန်းနားသိုက်မြိုက်စွာ ကျင်းပပါ။