...

အဖိုးအိုတစ်ယောက်ရဲ့ ပေးစာ

သို့.. လူလေး

အဖိုး .. အသက် ၁၆ နှစ်မှာ ကိုယ်ဘာလုပ်လုပ် သူများတွေ ကိုယ့်ကို ဘယ်လိုထင်လိမ့်မလဲ လို့တွေးပြီး စိုးရိမ်ခဲ့တယ်။

အသက် ၄၀ ရောက်တော့ သူများဘယ်လိုထင်ထင် ​တောက်ဂရုမစိုက် တော့ဘူး လို့တွေးတယ်။

အသက် ၆၀ လဲ ကျော်ရော ဘယ်သူကမှ ဘယ်လို မှ မထင်ဘူး၊ အားလုံး ကိုယ့်ဘ၀ နဲ့ကိုယ် ဆိုတာ နားလည်လာတယ်။

သူများ တွေ ဘယ်လို ထင်လိမ့်မလဲ လို့တွေးပြီး မလုပ်ခဲ့တဲ့ အရာတွေအတွက် နောင်တတွေပဲ ကျန်ခဲ့တယ်။

နောင်တ ဆိုတာ ကိုယ်လုပ်ခဲ့လို့ကျရှူံးတာ ထက် ၊

မလုပ်လိုက်လို့ရတဲ့ နောင်တ က ခံရခက်ဆုံးပဲ ..တဲ့ ။

သူများတွေ ငါ့ ကိုဘယ်လို ထင်လိမ့်မလဲ လို့ စိုးရိမ်မနေနဲ့ .. ကိုယ့်လုပ်စရာရှိတာ ကိုယ်လုပ်။

ကိုယ့်အိမ့်မက်ကို ဆက်အကောင်အထည်ဖော်။

ကိုယ့်ဘ၀ ကို ကိုယ်ဆက်ကြိုးစား။

ကိုယ့်မိသားစု ကို ကိုယ်ဂရုစိုက်။

ကိုယ့်ယုံကြည်မှု ကို ကိုယ်ဆက်လျောက်။

အောင်မြင်တဲ့အရာတွေရှိမယ်၊ ကျရှုံးတဲ့အရာတွေရှိမယ်။

အောင်မြင်မှုကနေ အသီးအပွင့်တွေရမယ်၊

ကျရှုံးမှုကနေ သင်ခန်းစာတွေရမယ်။

ဘာမှ မလုပ်ရင် နောင်တတွေပဲ ရလိမ့်မယ် ..လူလေး။

ဘ၀ ဆိုတာ တိုတိုလေး၊ အချိန်တွေအများကြီးမရှိဘူး။

သူများတွေ ဘယ်လိုထင်လိမ့်မလဲ ဆိုတာတွေးပြီး နောင်တ တွေနဲ့မကျန်ခဲ့စေနဲ့။

လုပ်စရာရှိတာ .. ဆက်လုပ် ..လူလေး။

ပုံ/ အဖိုးအိုတစ်ယောက်

Related Articles

အနာဂတ်ကိုလောင်းကြေးထပ်ခြင်း

စီးပွားရေးလုပ်ငန်း တိုင်းက အနာဂတ်ပေါ် လောင်းကြေးထပ်တာပါပဲ။ ကိုယ်စတင်လိုက်တဲ့ လုပ်ငန်းတစ်ခု ..အလုပ်ဖြစ်မယ် မဖြစ်ဘူး ဆိုတာ မသေချာပေမယ့် ကိုယ့်မှာ ရှိတဲ့ ငွေကြေးနဲ့အချိန်ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် အလုပ်ထွက်ပြီး အလုပ်အကိုင် တစ်ခု ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် မိသားစု အချိန်တွေ ကို လောင်းကြေးထပ်လိုက်ရတယ်။…

တန်ဖိုးကြီးသောအရာများ

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။ ၁။ ပျော်ရွင်ခြင်း ၂။ ကျန်းမာခြင်း ၃။ မိသားစု ၄။ လွတ်လပ်ခြင်း ၅။ မိတ်ဆွေရှိခြင်း ဒီ တန်ဖိုးကြီးတဲ့အရာ တွေကို ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်ချက် (၄) ချက်ရှိတယ်။ F.R.E.E လို့အလွယ်တကူ…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ကြီးပွားချမ်းသာကြပါစေ

“ကြီးပွား ချမ်းသာ” လို့ ပြောကြတယ်။ စကားလုံးတွေက ရှင်းတယ်။ မကြီး နိုင်၊ မပွားနိုင်ရင် .. မချမ်းသာနိုင်ဘူး။ ကြီး နိုင်ရမယ်ဆိုတာ… လုပ်ငန်းတစ်ခုက ကြီးလာအောင် ဆိုတာ Scalable ဖြစ်အောင်လုပ်နိုင်တာကိုပြောတာ။ ကြီးလာအောင်ဆိုတာ သက်ရောက်မှု (impact) အကြီးအသေးကို ဆိုလိုတာဖြစ်တယ်။ အချို့ လုပ်ငန်းတွေက…

စီးပွားရေးလား၊ပြိုင်ပွဲလား?

စီးပွားရေးဆိုတာ ပြိုင်ပွဲမဟုတ်ဘူး။ A ကနေ B ဘယ်သူအရင်ရောက်အောင်ပြေးနိုင်သလဲ ဆိုတာထက်.. ပြေးလမ်းပေါ်မှာ ဘယ်လောက်ကြာကြာပြေးနိုင်သလဲ ဆိုတာ ပိုအရေးကြီးတယ်။ ပြိုင်ပွဲ ဆိုရင် .. ပွဲချိန်ပြီးသွားရင် ပွဲရပ်သွားတယ်၊ ဆက်ပြိုင်ချင်လို့မရတော့ဘူး။ စီးပွားရေး ဈေးကွက်မှာ ပွဲချိန်ဆိုတာ မရှိဘူး.. ပွဲတွေဆက်နေတယ်၊ ကိုယ်မရှိရင်နောက်တစ်ယောက် ပွဲထဲကို ဆက်ဝင်လာတယ်။…

Seraphinite AcceleratorOptimized by Seraphinite Accelerator
Turns on site high speed to be attractive for people and search engines.