အတွေးအခေါ်မပါတဲ့ အလွတ်ကျက်လေ့လာခြင်း ဆိုတာ…

marthin
checklist, check, think about

အတွေးအခေါ်မပါတဲ့ အလွတ်ကျက်လေ့လာခြင်း ဆိုတာ…
လမ်းပျောက်သူတစ်ယောက်လိုပါပဲ။
သွားတာသွားနေတာ ဘယ်မှမရောက်ဘူး…တဲ့။ ။
အတွေးအခေါ်မပါတဲ့ အလွတ်ကျက် လေ့လာခြင်း ….
ဆိုတာကို ကွှန်တော် လုပ်ခဲ့ဖူးပါတယ်။
၁၀တန်းကို ဂုဏ်ထူးနဲ့အောင်ခဲ့ပေမယ့်
လမ်းပျောက်သလို ခံစားခဲ့ရဖူးသလို …
ဘွဲ့ရပေမယ့် .. ဘယ်မှမရောက်သလို ခံစားခဲ့ရဖူးပါတယ်။
စားမေးပွဲအောင်ဖို့ရည်ရွယ်ချက်နဲ့အလွတ်ကျက်ခဲ့လို့
အောင်ပေမယ့် … မမြင် ၊ မအောင်မမြင် ဖြစ်ခဲ့ပြီး
သွားပေမယ့် …မရောက်၊ ရောက်ပေမယ့် မပေါက် ၊
ချိန်ကုန်လူပန်း၊ မပေါက်မရောက်ခရီး ဖြစ်ခဲ့ပါတယ်။
လေ့လာခြင်း မပါတဲ့ အလွတ်သဘောတွေးခေါ်ခြင်း ဆိုတာလဲ
အန္တာရယ်များလွန်းလှပါတယ်.. .တဲ့။
တွေးရင်းတွေးရင်း နဲ့လေ့လာခြင်း မရှိတော့ အဖြေမရ၊
ရတဲ့အဖြေကလဲ အန္တာရယ်တော ထဲမှာ တဝဲလည်လည်။ ။

ပြောခဲ့ချင်တဲ့စကားနှစ်လုံး

ကျွန်တော်တို့ရဲ့ဘဝကို ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပြီး …
ယနေ့ ခေတ်လူငယ်များကို ပြောခဲ့ချင်တဲ့ စကားလုံးနှစ်လုံးကို ပြောပါ….လို့ဆိုခဲ့လျင် ……….
မောင်မယ်၊ ညီမငယ်များ ….
“အတွေးအခေါ်မပါတဲ့ အလွတ်ကျက်လေ့လာခြင်း” နဲ့
“လေ့လာခြင်း မပါတဲ့ အလွတ်သဘောတွေးခေါ်ခြင်း” ဆိုတဲ့ …
စကားလုံးလေးနှစ်လုံးကို ဘ၀ ခရီး မှာ ဖြုတ်ချခဲ့ကြပါ။
မဟုတ်ရင်…..
သွားပြီးဘယ်မှမရောက်တဲ့ ခရီး ၊
ရောက်ပြီး ဘယ်မှ မပေါက်တဲ့ ခရီး ဖြစ်လိမ့်မယ်။

မာသင်