အကြွေး နဲ့ဒုတ် အသုံးပြုတတ်စေ။

marthin
money, card, business

အကြွေး နဲ့ဒုတ် အသုံးပြုတတ်စေ။

လုပ်ငန်းတိုင်း အကြွေးရှိကြသလို၊ အကြွေးတိုင်း မကောင်းဘူးလို့ပြောလို့မရပါ။
လုပ်ငန်းကြီးလာသည်နှင့်အမျှ အကြွေးဆိုတာရှောင်လွဲလို့မရ ပုံစံအမျိုးမျိုးနဲ့ရှိကြပါတယ်။ ငွေချည်းသီးသန့်ချေးမှ အကြွေးမဟုတ်ပါ။ Consignment ဆိုတာအကြွေးပါပဲ။ Drop-Shipping ဆိုတာလဲအကြွေးပါပဲ။Account payable ဆိုတာလဲအကြွေးပါပဲ၊ hire purchase၊ mortgage တို့ဆိုတာအကြွေးဖြစ်ပြီး၊ ဟိုဘက်ကို ငွေချေမယ်ပြောပြီး ဒီဘက်နဲ့လည့်ဝယ်တဲ့ပွဲစား လဲ အကြွေး နဲ့လုပ်တာပါပဲ။ အကြွေးဆိုတာ ငွေကြေးပုံစံနဲ့ရှိသလို၊ ကုန်ပစ္စည်းပုံစံ၊ ဝန်ဆောင်မှု ပုံစံနဲ့လဲရှိတတ်ပါတယ်။ အကြွေး ကို Finance လောကမှာ Leverage လို့ခေါ်တာအကြောင်းရှိပါတယ်။ Lever ဆိုတာ ကုတ် ဒုတ်ချောင်း ကိုခေါ်တာပါ။ ကုတ်ဆိုတာ ကိုယ်တစ်ဦးတည်းမနိုင်တဲ့ကျောက်တုံးကို ကုတ်အားသုံးပြီး မ လို့ရပါတယ်။ ဒါပေမယ့် အချက် ၂ ချက်ပေါ်မူတည်ပါတယ်။
၁။ ကုတ် ဒုတ်ချောင်း ရဲ့အတို၊အရှည် ပမာဏ
၂။ ဆုံချက် (Fulcrum) ရဲ့နေရာအပြောင်းအလဲ ဆိုတဲ့အချက်ပေါ်မှုတည်ပါတယ်။
“အကြွေးဆိုတာ သုံးတတ်ရင် ကုတ် လိုဖြစ်ပြီး၊ မသုံးတတ်ရင် ဂုတ် ပေါ်က ထွန်တုံးလို လေးတတ်ပါတယ်။”
အကြွေးရဲ့အတိုအရှည်၊အနည်းအများ ကို ကြည့်ဖို့ဆိုတာ အညွန်းကိန်းတွေကို သိဖို့လိုပါတယ်။
Total Debt Ratio
Long_term Debt Ratio
DE ratio
အကြွေးပေးနိုင်စွမ်း ကိုပြတဲ့ညွန်းကိန်းတွေက …
Time Interest Earned
The Cash coverage
ညွန်းကိန်းတွေကို မသိဘူးဆိုရင်တော့.. ကားအင်ဂျင်ဝိုင်ကို တံမြတ်စည်းရိုးနဲ့ထိုးတိုင်းသလိုပဲ ရှိမှန်းတော့သိတယ်၊နည်းလားများလား သိမှာမဟုတ်ဘူး။
ဒါကြောင့် … သင့်လုပ်ငန်း…. အကြွေးတွေ ကြောင့် စုံးမြုပ်နှစ်သွားမလား၊ မြောက်တက်ကြီးထွားအကျိုးများမလား၊ ဆိုတာ ( ဒုတ်ချောင်းရဲ့အတိုအရှည် နဲ့ဆုံချက်တည်နေရာ ) ဆိုတဲ့အချက် (၂) ချက်ပေါ်မှုတည်နေပါတယ်။
အမြင်တိုး၊အကျိုးများ ကြပါစေ။

မာသင်