သူ့ဘာသာသူ လည်ပတ်နိုင်သော လုပ်ငန်း ဖြစ်ရန် လိုအပ်ချက်(၅) ချက်

marthin

စီးပွားရေးလုပ်ငန်းတစ်ခု..လုပ်ငန်းရှင်မပါလဲ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ဆိုတာ အရေးကြီးပါတယ်။

Self-sustaining organism လို့ခေါ်တဲ့ သူ့ဘာသာသူ ရှင်သန်ကြီးထွားပြီး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်မှသာ လုပ်ငန်းရှင်ဘက်က ပဲ့ထိန်းပေးဖို့သာလိုပြီး၊ အချိန်တွေ ပိုထွက်လာပြီး သက်သာမှာဖြစ်ပါတယ်။

လုပ်ငန်းရှင်မပါပဲ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့လိုအပ်ချက် (၅) ရပ် ရှိပါတယ်။

  • (၁) ပုံစံကျခြင်း ( Structure)
  • (၂) စနစ်တစ်ခု ( System)
  • (၃) ခန့်မှန်းချက် (Prediction)
  • (၄) ရိုးရှင်းမှု (Simplify)
  • (၅) တာဝန်လွဲအပ်ခြင်း (Delegation)

ငါးခုစလုံးကို အလွယ်မှတ်နိုင်ဖို့စာကြောင်းတိုတစ်ခု လုပ်ထားပေးပါတယ်။
လုပ်ငန်းရှင်မပါပဲ လည်ပတ်နိုင်ဖို့..
“ပုံစံကျတဲ့စနစ်ကို ခန့်မှန်းပြီး ..
ရိုးရိုးလေး၊ လွဲပေးလိုက်ပါ။ “

(၁)ပုံစံကျခြင်း

လုပ်ငန်းမှာ အပိုင်းကဏ္ဍတွေက ဘာတွေလဲ။ ဘယ်အပိုင်းကို ဘယ်သူက တာဝန်ယူထားသလဲ။ လုပ်ငန်းရဲ့ကျောရိုးပေါ့။
အဆောက်အဦးတစ်ခုဆိုရင် ..အိပ်ခန်းကဘယ်နေရာ၊ အိမ်သာက ဘယ်နေရာ အစရှိသဖြင့်ပေါ့။ နေရာသာအတည်တကျမသတ်မှတ်ပေးထားရင် အိမ်သာတက်ချင်ပေမယ့် အိမ်သာကို မနည်းလိုက်ရှာနေရလိမ့်မယ်။
ကိုယ့် လုပ်ငန်းအဖွဲ့အစည်းမှာလဲ အပိုင်းကဏ္ဍတွေကို တိတိကျကျ သတ်မှတ်ပါ။ တာဝန်ယူမှု၊ တာဝန်ခံမှု တွေကို တိတိကျကျ သတ်မှတ်ပါ။

လူတစ်ယောက်က အပိုင်းကဏ္ဍ နှစ်ခု ကို တာဝန်ယူလို့ရပေမယ့် ..
အပိုင်းကဏ္ဍ တစ်ခုမှာ လူနှစ်ယောက် တာဝန်ယူနေပြီဆိုရင် ရှုပ်ထွေးမှုတွေ စဖြစ်တော့တာပါပဲ။

(၂)စနစ်တစ်ခု

လုပ်ငန်းအပိုင်းကဏ္ဍတွေကို ချိတ်ဆက်လုပ်ဆောင်ဖို့စနစ်တစ်ခု လိုအပ်ပါတယ်။ ဖုန်း လိုပေါ့။ ဖုန်းမှာ ios ဆိုတာ ရှိတယ်။ Android ဆိုတာရှိတယ်။ အဲဒါ system ပဲ။ အဲဒါ ပျက်တာ..ဖုန်းပျက်တာ မဟုတ်ပေမယ့် ..ဖုန်းက အလုပ်မလုပ်တော့ဘူး။

(၃)ခန့်မှန်းချက်

လက်ရှိမှာ လုပ်ငန်းက သေးချင်သေးမယ်။ ဒါပေမယ့် ပုံစံတွေကို တိတိကျျကျ ရေးဆွဲရာမှာ လက်ရှိအဆင်ပြေဖို့ဆိုတာထက် နောင်လာမယ့် တစ်နှစ်၊ သုံးနှစ် ၊ ဆယ်နှစ် မှာ ဖြစ်လာမယ့် အနေအထား ခန့်မှန်းချက်နဲ့အညီ ရေးဆွဲရတာဖြစ်ပါတယ်။ ဥပမာ ပွဲခင်းမှာ လာကြမယ့် လူဦးရေကို ခန့်မှန်းပြီး အိမ်သာကို တည်ဆောက်ရတာဖြစ်ပါတယ်။ ပွဲမစခင် လူဦးရေအတိုင်း အိမ်သာဆောက်ရင် .. ပွဲစရင် အိမ်သာမလောက်ဖြစ်တတ်ပါတယ်။

(၄)ရိုးရှင်းမှု

ကိုယ်ချထားတဲ့စနစ်၊ ကိုယ်လွဲအပ်လိုက်တဲ့ တာဝန်တွေကို ကိုယ့်ဝန်ထမ်းတွေကို ရှုပ်ထွေးတဲ့ စကားလုံးတွေ နည်းလမ်းတွေနဲ့ရှင်းပြလို့မရပါဘူး။ ရိုးရှင်းရပါမယ်။ ကလေးနားလည်နိုင်တဲ့ စကားလုံး အသုံးအနုန်းတွေ နဲ့ ရိုးရိုးရှင်းရှင်း ဖြစ်အောင်လုပ်ရပါမယ်။

(၅)တာဝန်လွဲအပ်ခြင်း

တာဝန်လွဲအပ်မှု ဆိုတာ အဆင့်တွေရှိပါတယ်။ ဟေ့ရောင်.. ဒါလုပ်လိုက် လုပ်လို့မရပါဘူး။ ဒါလုပ်လိုက် …ဆိုရင် .. ဒါပဲ ဖြစ်လာမှာ ..ဖြစ်ပါတယ်။
“ပြင်ဆင်၊ လူရွေး
ဆွေးနွေး၊ သဘောတူ
ခွင့်ပေး၊ စောင့်ကြည့်
မလွဲခင်အထိ
လုပ်ရန် ၆ ခုသာ”
ဆိုပြီးတော့ ကျွန်တော် အခြားဆောင်းပါးတစ်ခုမှာ ရှင်းပြထားပါတယ်။

လုပ်ငန်းတစ်ခု လုပ်ငန်းရှင်မပါပဲ လည်ပတ်ဖို့အတွက် ဒီငါးချက်နဲ့ အစပြုရပါမယ်။ အချက်တစ်ချက်တိုင်းမှာ အကြောင်းအရာတွေအများကြီးပါဝင်ပါတယ်။
ငါးချက် နဲ့စတင်ပါ။

သူ့ဘာသာ လည်ပတ်ကြီးထွားနိုင်သော လုပ်ငန်းတစ်ခု ဆိုတာ ..
လုပ်ငန်းရှင်တိုင်း မြင်သင့် တဲ့ ရှူ ဒေါင့် တစ်ခု ဖြစ်ပါကြောင်း…။ ။

မာသင်

စီးပွားရေး ဒိုင်ယာရီ မှတ်စုများ


Zawgyi:

သူ့ဘာသာသူ လည္ပတ္ႏိုင္ေသာ လုပ္ငန္း ျဖစ္ရန္ လိုအပ္ခ်က္(၅) ခ်က္

စီးပြားေရးလုပ္ငန္းတစ္ခု..လုပ္ငန္းရွင္မပါလဲ ေကာင္းမြန္စြာလည္ပတ္ႏိုင္ဖို ့ဆိုတာ အေရးၾကီးပါတယ္။

Self-sustaining organism လို ့ေခၚတဲ့ သူ့ဘာသာသူ ရွင္သန္ၾကီးထြားျပီး လႈပ္ရွားေနတဲ့ အဖြဲ ့အစည္းတစ္ခု ျဖစ္မွသာ လုပ္ငန္းရွင္ဘက္က ပဲ့ထိန္းေပးဖို ့သာလိုျပီး၊ အခ်ိန္ေတြ ပိုထြက္လာျပီး သက္သာမွာျဖစ္ပါတယ္။

လုပ္ငန္းရွင္မပါပဲ ေကာင္းမြန္စြာလည္ပတ္ႏိုင္ဖို ့လိုအပ္ခ်က္ (၅) ရပ္ ရိွပါတယ္။

  • (၁) ပံုစံက်ျခင္း ( Structure)
  • (၂) စနစ္တစ္ခု ( System)
  • (၃) ခန္ ့မွန္းခ်က္ (Prediction)
  • (၄) ရိုးရွင္းမႈ (Simplify)
  • (၅) တာ၀န္လြဲအပ္ျခင္း (Delegation)

ငါးခုစလံုးကို အလြယ္မွတ္ႏိုင္ဖို ့စာေၾကာင္းတိုတစ္ခု လုပ္ထားေပးပါတယ္။
လုပ္ငန္းရွင္မပါပဲ လည္ပတ္ႏိုင္ဖို ့..
“ပံုစံက်တဲ့စနစ္ကို ခန္ ့မွန္းျပီး ..
ရိုးရိုးေလး၊ လြဲေပးလိုက္ပါ။ “

(၁)ပံုစံက်ျခင္း

လုပ္ငန္းမွာ အပိုင္းက႑ေတြက ဘာေတြလဲ။ ဘယ္အပိုင္းကို ဘယ္သူက တာ၀န္ယူထားသလဲ။ လုပ္ငန္းရဲ ့ေက်ာရိုးေပါ့။
အေဆာက္အဦးတစ္ခုဆိုရင္ ..အိပ္ခန္းကဘယ္ေနရာ၊ အိမ္သာက ဘယ္ေနရာ အစရိွသျဖင့္ေပါ့။ ေနရာသာအတည္တက်မသတ္မွတ္ေပးထားရင္ အိမ္သာတက္ခ်င္ေပမယ့္ အိမ္သာကို မနည္းလိုက္ရွာေနရလိမ့္မယ္။
ကိုယ့္ လုပ္ငန္းအဖြဲ ့အစည္းမွာလဲ အပိုင္းက႑ေတြကို တိတိက်က် သတ္မွတ္ပါ။ တာ၀န္ယူမႈ၊ တာ၀န္ခံမႈ ေတြကို တိတိက်က် သတ္မွတ္ပါ။

လူတစ္ေယာက္က အပိုင္းက႑ ႏွစ္ခု ကို တာ၀န္ယူလို ့ရေပမယ့္ ..
အပိုင္းက႑ တစ္ခုမွာ လူႏွစ္ေယာက္ တာ၀န္ယူေနျပီဆိုရင္ ရွဳပ္ေထြးမႈေတြ စျဖစ္ေတာ့တာပါပဲ။

(၂)စနစ္တစ္ခု

လုပ္ငန္းအပိုင္းက႑ေတြကို ခ်ိတ္ဆက္လုပ္ေဆာင္ဖို ့စနစ္တစ္ခု လိုအပ္ပါတယ္။ ဖုန္း လိုေပါ့။ ဖုန္းမွာ ios ဆိုတာ ရိွတယ္။ Android ဆိုတာရိွတယ္။ အဲဒါ system ပဲ။ အဲဒါ ပ်က္တာ..ဖုန္းပ်က္တာ မဟုတ္ေပမယ့္ ..ဖုန္းက အလုပ္မလုပ္ေတာ့ဘူး။

(၃)ခန္ ့မွန္းခ်က္

လက္ရိွမွာ လုပ္ငန္းက ေသးခ်င္ေသးမယ္။ ဒါေပမယ့္ ပံုစံေတြကို တိတိက််က် ေရးဆြဲရာမွာ လက္ရိွအဆင္ေျပဖို ့ဆိုတာထက္ ေနာင္လာမယ့္ တစ္ႏွစ္၊ သံုးႏွစ္ ၊ ဆယ္ႏွစ္ မွာ ျဖစ္လာမယ့္ အေနအထား ခန္ ့မွန္းခ်က္နဲ ့အညီ ေရးဆြဲရတာျဖစ္ပါတယ္။ ဥပမာ ပြဲခင္းမွာ လာၾကမယ့္ လူဦးေရကို ခန္ ့မွန္းျပီး အိမ္သာကို တည္ေဆာက္ရတာျဖစ္ပါတယ္။ ပြဲမစခင္ လူဦးေရအတုိင္း အိမ္သာေဆာက္ရင္ .. ပြဲစရင္ အိမ္သာမေလာက္ျဖစ္တတ္ပါတယ္။

(၄)ရိုးရွင္းမႈ

ကိုယ္ခ်ထားတဲ့စနစ္၊ ကိုယ္လြဲအပ္လိုက္တဲ့ တာ၀န္ေတြကို ကိုယ့္၀န္ထမ္းေတြကို ရွဳပ္ေထြးတဲ့ စကားလံုးေတြ နည္းလမ္းေတြနဲ ့ရွင္းျပလို ့မရပါဘူး။ ရိုးရွင္းရပါမယ္။ ကေလးနားလည္ႏိုင္တဲ့ စကားလံုး အသံုးအႏုန္းေတြ နဲ့ ရိုးရိုးရွင္းရွင္း ျဖစ္ေအာင္လုပ္ရပါမယ္။

(၅)တာ၀န္လြဲအပ္ျခင္း

တာ၀န္လြဲအပ္မႈ ဆိုတာ အဆင့္ေတြရိွပါတယ္။ ေဟ့ေရာင္.. ဒါလုပ္လုိုက္ လုပ္လို ့မရပါဘူး။ ဒါလုပ္လိုက္ …ဆိုရင္ .. ဒါပဲ ျဖစ္လာမွာ ..ျဖစ္ပါတယ္။
“ျပင္ဆင္၊ လူေရြး
ေဆြးေႏြး၊ သေဘာတူ
ခြင့္ေပး၊ ေစာင့္ၾကည့္
မလြဲခင္အထိ
လုပ္ရန္ ၆ ခုသာ”
ဆိုျပီးေတာ့ ကြ်န္ေတာ္ အျခားေဆာင္းပါးတစ္ခုမွာ ရွင္းျပထားပါတယ္။

လုပ္ငန္းတစ္ခု လုပ္ငန္းရွင္မပါပဲ လည္ပတ္ဖို ့အတြက္ ဒီငါးခ်က္နဲ့ အစျပဳရပါမယ္။ အခ်က္တစ္ခ်က္တိုင္းမွာ အေၾကာင္းအရာေတြအမ်ားၾကီးပါ၀င္ပါတယ္။
ငါးခ်က္ နဲ ့စတင္ပါ။

သူ ့ဘာသာ လည္ပတ္ၾကီးထြားႏိုင္ေသာ လုပ္ငန္းတစ္ခု ဆိုတာ ..
လုပ္ငန္းရွင္တိုင္း ျမင္သင့္ တဲ့ ရွဴ ေဒါင့္ တစ္ခု ျဖစ္ပါေၾကာင္း…။ ။

မာသင္

စီးပြားေရး ဒိုင္ယာရီ မွတ္စုမ်ား