သို့ ညီငယ် ညီမငယ်များ……. များများ စားစား မတွေးပါနဲ့လေ။

marthin
question mark, consider, think

သို့ ညီငယ် ညီမငယ်များ…….
များများ စားစား မတွေးပါနဲ့လေ။
တစ်ရက် ကို ၁% လေးပဲ တိုးတက်ပါစေ။
တစ်နှစ်ပြည့်ရင် 365% ပဲမဟုတ်ဘူး။
ထို့ထက်ပိုတဲ့ကြီးမားအံသြဖွယ်ရလဒ်။
မယုံရင် English စကားပြောလေ့လာခဲ့ကြတဲ့သူတွေကိုမေးကြည့်။
ခန္ခာကိုယ် ဝိတ်ချ နိုင်ခဲ့တဲ့သူတွေကိုမေးကြည့်။
တစ်ရက်နည်းနည်း ပိုက်ဆံစုခဲ့ကြတဲ့သူတွေကို မေးကြည့်။
ယုန်နဲ့လိပ်မှာ လိပ်ကလေးကို မေးကြည့်။
ကျည်ပွေ့အတက်ပေါက်ပြီလို့ပြောခဲ့တဲ့ဦးကျည်ပွေ့မေးကြည့်။
အသက် 80 ကျော်မှ ဧဝရတ်တောင်ပေါ်ကိုရောက်အောင်တက်ခဲ့တဲ့ယူရှီးယိုး ကိုမေးကြည့်။
တောင်ကြီးဖဝါးအောက် ဆိုတာ တစ်ချက်တည်း ခုန်ခဲ့ကြတာမဟုတ်ဘူး။
တစ်လှမ်းခြင်း …… လှမ်းခဲ့ကြရတာ။
မိုင်ထောင်ရှည်ခရီးရှည်ကြီး ကို ခြေလှမ်းတစ်လှမ်းနဲ့စခဲ့တာ လို့လူတိုင်းသိပေမယ့် …..စခဲ့တဲ့ခြေလှမ်း ရပ်မနေပဲ တစ်လှမ်းချင်းစီကို ခဏခဏ လှမ်းခဲ့တဲ့ သူသာလျင် ပန်းတိုင်ကို ရောက်ခဲ့တယ်ဆိုတာ သမိုင်းကသက်သေပါပဲ။
သမိုင်းကို သိကြ။
Learn With Passion
မာသင်