သင့်စီးပွားရေးလုပ်ငန်းမှာ ဒီ (၁၀) ချက် ကို ဂရုစိုက်ပါ။

marthin
notepad, pen, lines

(၁) အိုင်ဒီယာ (Idea)
အိုင်ဒီယာကောင်းတစ်ခု ဆိုတာ ..
အချိန်ကုန်အများကြီး သက်သာစေပါတယ်။
မလုပ်ခင် သေချာစဉ်းစားဖို့အချိန်ပေးပါ။
တုံးနေတဲ့ပုဆိန်နဲ့နဖူးချွေး ခြေမကျသည်အထိ
ခုတ်နေမယ့်အစား၊ ခဏနားပြီး ပုဆိန်သွေးပါ။
မလုပ်ခင်အချိန်ပေးပါ။
အိုင်ဒီယာကောင်းတစ်ခု ထွက်ပါစေ။
(၂) ဈေးကွက်ထိုးဖောက်ခြင်း (Marketing)
လုပ်ငန်းမှာ မားကက်တင်းဆိုတာ မရှိရင် သူဖုန်းစားလိုပဲ သူများပေးသလောက်ပဲ ရမယ်။
(၃) ဝင်ငွေရလမ်းကြောင်းပုံစံ (Business Model)
လုပ်သမျှအားလုံး တပြေးညီ ဝင်ငွေဝင်နေကြတာမဟုတ်ဘူး။
မြောင်းကြီးရင် ရေလာများမယ်။
မြောင်းငယ်ရင် ရေလာနည်းမယ်။
ရေလာဖို့..မြောင်းအရင်ပေးရတယ်။သဘာဝပဲ။
(၄) ဗျူဟာ (Strategy)
သွားတာချင်းတူပေမယ့်၊ ရောက်ခြင်း မရောက်ခြင်း ဆိုတာ ဗျူဟာ နဲ့ဆိုင်တယ်။
(၅) စီမံအုပ်ချုပ်မှု (Management)
အချိန်၊ငွေ၊လုပ်အားတွေဆိုတာ
အကန့် အသတ်နဲ့ရှိကြတာချည့်ပဲ။
မစီမံမအုပ်ချုပ်နိုင်ရင် ပရမ်းပတာဖြစ်ပြီး လေလွင့်ကုန်တာပဲ။
(၆) လုံဆော် တွန်းအားပေးခြင်း (Motivation)
ကိုယ်တောင် နေ့စဉ် တွန်းအားပေးမှုတွေ လိုအပ်နေတာ၊ ဝန်ထမ်းတွေလဲ ကိုယ်လိုပဲ ဆိုတာသတိရပါ။
(၇) ဈေးကွက် အခြေအနေ (Industry)
ဈေးကွက်အခြေအနေမကောင်းရင်၊ကိုယ်လဲမကောင်းဘူး။ လောကဓံကို အရွဲ့တိုက်ရင် ကိုယ်ပဲခံရမယ်။
ဈေးကွက်ကို အရွဲ့တိုက်ရင် လုပ်ငန်းပဲ ရွဲ့မယ်။
လိုက်လျောညီထွေ၊ နေတတ်ပစေ။
(၈) အဖွဲ့သားများ (Team)
ဘယ်လုပ်ငန်းမဆို အဖွဲ့သားတွေမပါရင် လည်ပတ်လို့မရဘူး။ အဖွဲ့နဲ့မလုပ်ချင်ရင်ရေခဲချောင်းရောင်းပါ။
(၉) ငွေကြေး (Finance)
ငွေကြေးမရှိရင် အိမ်ပြင်တောင်ထွက်လို့မရဘူး။
အိုင်ဒီယာတွေ ဘယ်လိုအကောင်အထည်ဖော်မှာတုန်း။
(၁၀) လှှိုင်းစီးနိုင်ခြင်း (Timing)
လှိုင်းစီးတတ်ရင် အထက်ပါအကြောင်းအရာတွေ တစ်ခုမှ မလိုပြန်ဘူး။ ကြီးပွားတော့တာပဲ။
ဒါပေမယ့် လှိုင်းဆိုတာ အချိန်အခါနဲ့လာတာ၊
သူ့စောင့်နေရင် ထမင်းငတ်လိမ့်မယ်။
လုပ်စရာရှိတာလုပ်။