လူမှုပညာ သင်ယူပါ။

marthin
learn, word, scrabble

.မာသင်@စီးပွားရေးဒဿနများ (၁၁)

လူမှုပညာ သင်ယူပါ။

ခေါင်းဆောင်မှု ဆိုတာ အတတ်ပညာကျွမ်းကျင်မှု မဟုတ်ဘူး။
လူမှုပညာ ကျွမ်းကျင်မှု ဖြစ်တယ်။
လူမှုပညာ ဆိုတာ မွေးရာပါ ကောင်းလာတာမဟုတ်ဘူး။
ဗီဇ နဲ့မဆိုင်ဘူး။
လူမှုပညာ ဆိုတာ လေ့လာရတာ။ လေ့ကျင့်ရတာ။
လေ့ကျင့်မှုနဲ့ပဲဆိုင်တယ်။
ဒါ့ကြောင့် ..လူမှုပညာ သင်ယူပါ။ ပြီးတော့ လေ့ကျင့်ပါ။

လူမှုပညာ နဲ့ပတ်သတ်လာရင် ဒီ ၇ ချက် ကို လေ့လာပါ။

၁။ နှိုင်းယှဉ်အကျိုး


လူတွေက အစစအရာရာ မသိစိတ်ကနေ နှိုင်းယှဉ် ကြည့်လေ့ရှိတယ်။ အရပ်မြင့် တဲ့ သူက သူ့ထက်မြင့် တဲ့သူနဲ့တွေ့တော့ ပုသွားပြီး၊ ပုတဲ့သူက လဲ သူ့ထက်ပုသူနဲ့တွေ့တော့ မြင့် သွားတယ်။
ပုခြင်း၊ မြင့်ခြင်း ဆိုတာ နှိုင်းယှဉ်သူနဲ့သာဆိုင်တယ်။
လှခြင်း၊ မလှခြင်း ဆိုတာ နှိုင်းယှဉ်သူနဲ့သာဆိုင်တယ်။
ဒါကြောင့် …ပြသနာ တစ်ရပ် သေးခြင်း၊ ကြီးခြင်း၊ တိမ်ခြင်း၊ နက်ခြင်း ဆိုတာ နှိုင်းယှဉ်မှုနဲ့သာဆိုင်ပါတယ်။ ကြီးစေချင်ရင် သေးတာ အရင်ပြလိုက်ပါ။
၂။ အပြန်အလှန်


အသွားရှိရင်၊ အပြန် ရှိရတယ်။ သူ ကိုယ့်ကို ကူညီဖူးရင် ကိုယ် ကသူ့ကို ပြန်ကူညီရမယ်။ သူ ကိုယ့်မွေးနေ့လက်ဆောင်ပေးဖူးရင် ကိုယ် သူ့မွေးနေ့ကျရင် မွေးနေ့ လက်ဆောင်ပြန်ပေးရမယ်။
ဘယ်သူမှ သတ်မှတ်ထားတာမဟုတ်ပေမယ့် လူ့မှုစည်းကမ်းပဲ။
လူအများကို ကူညီပါ။ အများ က လက်ကမ်း လာလိမ့်မယ်။
၃။ အကြီးကြီး ကို အသေးလေးနဲ့စရတယ်။


သဲကန္တွာရ မှာ ကုလားအုပ် တစ်ကောင် လေပြင်းတိုက်တော့ တဲငယ်လေးထဲ ဝင်ခွင့်တောင်းတာ ..နာခေါင်း လေးနဲ့စပြီး ဝင်ခွင့်တောင်းတာ။ အကြီးကြီး က စရင် သူ တဲအပြင်မှာပဲ နေရမှာပါပဲ။
ဒါကြောင့် နာခေါင်း တွေ ကို သတိထားပါ။
၄။ သဘောကျ အောင်နေပါ။


လူတိုင်း ကိုယ်သဘောကျတဲ့သူ နဲ့ပဲ ဆက်ဆံ အလုပ်လုပ်လိုပါတယ်။ လက်ဖက်ရည်ဆိုင်သွားရင် ကိုယ်သဘောကျတဲ့စားပွဲထိုး နဲ့မှ လက်ဖက်ရည်မှာချင်တယ်။ သဘောကျ တဲ့သူနဲ့မှ အလုပ်လုပ် ချင်တယ်။
သဘောကျ အောင်နေပါ။
၅။ အများညီ “ဤ” ကို “ကျွဲ” ဖတ်။


ကျွဲ ဖတ် စေချင်သလား။ ” အများ” ဖြစ်အောင်လုပ်ပါ။ များလေကောင်းလေပါပဲ။ ဒါကြောင့် ကျွန်တော်တို့လူများတဲ့ဆိုင် ပိုကောင်းတယ်ဆိုပြီး သွားတာလေ။ လူဖတ်များတဲ့စာအုပ် ဝယ်ဖတ်တာလေ။ လူနာများတဲ့ဆရာဝန် ကို ပိုတော်တယ် လို့ယူဆတာလေ။ များ သယောင်နေရင်တောင် တကယ် များလာလိမ့်မယ်။
၆။ ယူနီဖောင်း


ယူနီဖောင်းမှာ ပါဝါ ရှိတယ်။ ဆွတ်ကျယ် ဝတ်ထားတဲ့ဆရာဝန်က သင့်ကို ဗိုက် ခွဲစိတ်မယ် ဆိုရင် …သင် ထပြေးမလား၊ လက်ခံမလား.။ ယူနီဖောင်းမှာ ပါဝါရှိတယ်။
ဒါကြောင့် ယူနီဖောင်း အမြဲဝတ် ပါ။
ရ။ ရှားပါးခြင်း


ရှားပါးမှု နဲ့မရနိုင်တော့ ခြင်း ကြောင့် ပိုတန်ဖိုးထားမှုကို ဖြစ်ပေါ်စေတယ်။ မှားယွင်းမှု ကြောင့် အနာအဆာ ဖြစ်သွားတဲ့တံဆိပ်ခေါင်း က ပယ်ခံရတယ် ဆိုပေမယ့် ရှားပါးမှု ဆိုတဲ့ဂုဏ်သတ္တိနဲ့တွေ့ တော့ တန်ဖိုးမြင့်တက်သွားတယ်။ ဆင်ဆာဖြတ်ခံထားတဲ့ စာအုပ်ကို ပိုဖတ်ချင်တယ်။ ပန်းချီဆရာ မရှိတော့တဲ့ပန်းချီကား ဈေးပိုရတယ်။ ရှားပါးအောင် နေပါ။ ရှားပါးတဲ့စကား ပြောပါ။ ရှားပါးခြင်း ဆိုတာ ဂုဏ်သတ္တိ ပါ။
⭐အရေးကြီးမှတ်ချက်။ ။ ဒီ post ကိုမကြာခင် ရက်ပိုင်းအတွင်း ဖျက်မည်ဖြစ်သဖြင့် ..Share ထားပါရန်။ သင် Share မထားလျင် ဒီ post ကို ဘယ်တော့မှ ပြန်မဖတ်နိုင်တော့ပါ။ 

🙂

မာသင်