လုပ်ငန်း တစ်ခု ထဲ ရှယ်ယာ ထဲ့တော့မယ့်ဆိုရင်.. ဒီညွန်းကိန်း လေးတစ်ခု တော့တွက်ကြည့်ပါ။

marthin
books, computer, ipad

လုပ်ငန်း တစ်ခု ထဲ ရှယ်ယာ ထဲ့တော့မယ့်ဆိုရင်..
ဒီညွန်းကိန်း လေးတစ်ခု တော့တွက်ကြည့်ပါ။


စီးပွားရေးလုပ်ငန်းတစ်ခု ရဲ့အခြေအနေ ကို အကောင်းဆုံးသုံးသပ်ပြပြီး၊ ၁ နှစ်အတွင်း ဒေဝါလီခံနိုင်သလား ဆိုတာ ကို ၉၀ ရာခိုင်နုန်း အထိ မှန်ကန်အောင် ခန့်မှန်းတွက်ဆနိုင်တဲ့ညွန်းကိန်း တစ်ခု ရှိပါတယ်။ အဲဒီ ညွန်းကိန်းကို Z score လို့ခေါ်ပါတယ်။
Statistic ပညာရပ်ရဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ MDA multiple Discriminant analysis နဲ့Financial ratio တို့ပေါင်းစပ်ပြီး တွက်ချက်တဲ့နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။
ပုံသေနည်းကတော့..
Z = 1.2 x X1 + 1.4 x X2 + 3.3 x X3 + 0.6 x X4 + 0.999 x X5
ဖြစ်ပါတယ်။ ပုံသေနည်းက နည်းနည်းတော့ ရှည်ပါတယ်။
စီးပွားရေးလုပ်ငန်း တစ်ခု ရဲ့အချက် (၅) ချက် အပေါ်မှာ အခြေခံပြီး စဉ်းစားထားပါတယ်။
(၁) ငွေကြေးလည်ပတ်မှု ( working capital )
(၂) အမြတ်ငွေထိန်းသိမ်းရန်ပုံငွေ ( Retained Earning)
(၃) အတိုးနှင့် အခွန်မပေးမှီ အမြတ် ( EBIT)
(၄) လုပ်ငန်းအသားတင်တန်ဖိုး ( Net worth )
(၅) ရောင်းအား
ညွန်းကိန်းအဖြေ က 1.88 အောက်ဆိုရင် လုပ်ငန်း က အခြေအနေမကောင်းပါ။ ၁ နှစ်အတွင်း ဆိုးဆိုးရွားရွားထိခိုက်မယ့် အခြေအနေဖြစ်ပါတယ်။
ညွန်းကိန်းအဖြေ က 3 ကျော်ရင်တော့ အခြေအနေကောင်းတဲ့လုပ်ငန်း ဖြစ်ပါတယ်။
အသေးစိတ်တွက်ချက်နည်းများကို တော့ မဖော်ပြတော့ပါ။ မိမိဘာသာမိမိ youtube များ၊ စာပေများ မှာ လေ့လာနိုင်ပါတယ်။
✔️အကျိုးကျေးဇူး


လုပ်ငန်းအခြေအနေ ရဲ့အားနည်းချက်များကို သိခြင်းအားဖြင့် အချိန်မှီ ပြင်ဆင်နိုင်ပါတယ်။ ဒါမှမဟုတ် မိမိ ရင်းနှီးရှယ်ယာထဲ့ဝင်မယ့် လုပ်ငန်း ဆိုရင်လဲ လုပ်ငန်း အခြေအနေ သိခြင်း အားဖြင့် အချိန်မှီ ရှောင်ရှားပြီး ငွေများစွာ ဆုံးရှုံးခြင်း မှ သက်သာနိုင်ပါကြောင်းမိတ်ဆက်တင်ပြလိုက်ရပါတယ်။

မာသင်