လုပ်ငန်းတစ်ခုကို တန်ဖိုးသတ်မှတ်ခြင်းနည်းလမ်း (၆) နည်း

marthin
data, analysis, accountant

လုပ်ငန်းတစ်ခုကို တန်ဖိုးသတ်မှတ်ခြင်းနည်းလမ်း (၆) နည်း

လုပ်ငန်းကို ရှယ်ယာခေါ်ချင်လို့ဖြစ်စေ၊
ကိုယ့်လုပ်ငန်းရဲ့တစိတ်တပိုင်း (သို့) အကုန်လုံးကို ရောင်းချရာမှာဖြစ်စေ ..ကိုယ့်လုပ်ငန်းကို တန်ဖိုးသင့်ရပါတယ်။
တန်ဖိုးသင့်ရာမှာ အသုံးပြုကြတဲ့ နည်းလမ်း (၆)နည်းကို အကျဉ်းဖော်ပြလိုက်ပါတယ်။
၁။ book value အခြေခံတန်ဖိုးသင့်ခြင်း


လုပ်ငန်းရဲ့ ပိုင်ဆိုင်မှုတွေ ကို စတင်လုပ်ကိုင်စဉ်ကအတိုင်းဈေးနုန်းတွေနဲ့တွက်ချက်ပြီး လုပ်ငန်းတစ်ခုလုံးကို တန်ဖိုးသင့်ခြင်းဖြစ်ပါတယ်။
၂။ Similar Business တန်ဖိုးသင့်ခြင်း


လုပ်ငန်းတူတစ်ခု ရဲ့ဈေးနုန်ုးအတိုင်း ကိုယ့်လုပ်ငန်းကို နှိုင်းယှဉ်တန်ဖိုးသင့်တာဖြစ်ပါတယ်။
၃။ Net asset များကို Market Value ဖြင့်တန်ဖိုးသင့်ခြင်း


လုပ်ငန်းရဲ့ပိုင်ဆိုင်မှုတွေကို လက်ရှိ ဈေးကွက်ပေါက်ဈေးအတိုင်း သတ်မှတ်ပြီး လုပ်ငန်းကို တန်ဖိုးသင့်ခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ intangible asset တွေကိုပါ ထည့်သွင်းစဉ်းစားပြီး တန်ဖိုးသင့်ရာမှာ ပေါင်းထည့်ပေးရပါတယ်။
၄။ Discounted Cashflow နည်းဖြင့် တန်ဖိုးသင့်ခြင်း


လုပ်ငန်းရဲ့အနာဂတ်မှာ ဝင်လာမယ့်ဝင်ငွေတွေအပေါ်မှာ အခြေခံပြီး ၊ နုန်းထားတစ်ခုနဲ့ လက်ရှိယနေ့တန်ဖိုးကို လျော့ချတွက်ချက်ခြင်းဖြစ်ပါတယ်။ ဒီတွက်နည်းမှာ တစ်ခု စဉ်းစားရမှာက Terminal value ပဲဖြစ်ပါတယ်။
၅။ Gross Revenue Multiplier ဖြင့် တန်ဖိုးသင့်ခြင်း


လုပ်ငန်းရဲ့ဝင်ငွေကို အခြေခံပြီး ဆတိုးမြောက်ကိန်းတစ်ခုနဲ့မြောက်ပြီး တန်ဖိုးသင့်ခြင်းပဲဖြစ်ပါတယ်။
၆။ Profitability ပေါ်အခြေခံပြီးတန်ဖိုးသင့်ခြင်း


လုပ်ငန်းရဲ့လည်ပတ်မှုဆိုင်ရာစစ်မှန်တဲ့အမြတ်ဆိုတာ EBITDA လို့ခေါ်တဲ့ ကိန်းဂဏန်းပဲဖြစ်ပါတယ်။ အရှည်က Earning Before Interest Tax, depreciation and amortization ပဲဖြစ်ပါတယ်။ အဲဒီ EBITDA ဆိုတဲ့ဂဏန်းကို ဆတိုးမြောက်ပွားကိန်းတစ်ခုနဲ့မြောက်ပြီး တန်ဖိုးသင့်ခြင်းပဲဖြစ်ပါတယ်။
တစ်ခုခြင်းစီ ကို အသေးစိတ်ရေးထားခြင်းမျိုးမဟုတ်ပဲ၊ သဘောတရားလောက်ကိုသာ မိတ်ဆက်သဘောအနေနဲ့ဖော်ပြမျှဝေခြင်းဖြစ်ပါတယ်။

မာသင်