...

လိပ်ပြာ ပြတိုက်

လိပ်ပြာသေ လေးတစ်ကောင် လမ်းမှာတွေ့သည်။

အမှိုက်ဖြစ်သည်။

ဘယ်သူမှ ဂရုမစိုက်ကြ။

ကောက်လာပြီး သိမ်းထားလိုက်သည်။

နောက်နေ့.. နောက်တစ်ကောင်တွေ့သည်။

သိမ်းထားလိုက်သည်။

နောက်နေ့ … မတွေ့တော့ပေမယ့် လိပ်ပြာ ကိုရှာတတ်လာသည်။

နောက်နေ့ … လိပ်ပြာကို ရှာပြီး စုသည်။

တစ်ရက်ပြီး .. တစ်ရက်… အမျိုးအမည်မသိ လိပ်ပြာများ စုသည်။

ကြာလာတော့ .. လိပ်ပြာမျိုးစုံ 🍂ရောင်စုံပြတိုက်ကြီး ဖြစ်လာသည်။

မြင်ကြသူအပေါင်းတို့ က ..

အံ့ဩကြသည်။😮

ချီးကျူးကြသည်။ 🙂

လက်ခုတ်ဩဘာတီးကြသည်။ 👏

✨

လိပ်ပြာသေ တစ်ကောင်တည်းဆိုလျင်.. အမှိုက်ဖြစ်သော်လည်း

စုဆောင်းထားသော လိပ်ပြာသေရောင်သွေးစုံသည် .. ပြတိုက်ဖြစ်လာသည်။

✨

လိပ်ပြာတစ်ကောင်တည်း၏ လှပမှု ကွာလတီ (Quality) ထက်၊

သာမာန်ဖြစ်သောလိပ်ပြာများ၏အစုအဝေး အရေအတွက် (Quantity) က အံ့ချီးဖွယ်ဖန်တီးမှု ဖြစ်လာစေခဲ့သည်။

💠ဖန်တီးမှု တိုင်းတွင် အရည်အသွေး (Quality) ထက်..

အရေအတွက် (Quantity) က ပိုအရေးကြီးသည်။ 💠

ဖေ့ဘုတ်တွင် ပိုစ့်ကောင်းတစ်ခုကို တစ်ခါတလေ တင်ခြင်းထက်..

သာမာန်ပိုစ့် များကို နေ့စဉ်ပုံမှန်တင်ပေးနေခြင်းက ပိုပြီးစျေးကွက်ရစေသည်။

⭐

ဖန်တီးမှု ဆိုသည်မှာ ..အရေအတွက် မရှိပဲ အရည်အသွေး ကို မျှော်လင့်၍မရ။

အရေအတွက်များများ လုပ်ရင်း အရည်အသွေး ရလာခြင်းမျိုးဖြစ်သည်။

⭐

လိပ်ပြာသေတစ်ကောင်သည် အမှိုက် ဖြစ်သော်လည်း၊

လိပ်ပြာသေပေါင်းများစွာသည် .. လူအများအံ့ဩစရာ ပြတိုက်ဖြစ်လာသည်။

✔ပိုစ့်ကောင်းတစ်ခု ဖြစ်ဖို့ထက်၊

ပိုစ့်များများတင်ပြီး ပြတိုက် တစ်ခု ဖြစ်စေပါ။

✔ဗွိဒီယိုကောင်းတစ်ခု ရဖို့ထက်၊

ဗွီဒီယိုများများတင်ပြီး ပြတိုက်တစ်ခု ဖြစ်စေပါ။

✔ထုတ်ကုန်ကြော်ငြာကောင်းတစ်ခုဖြစ်ဖို့ထက်၊

စားသုံးသူများကို ပညာပေးပြတိုက်ကြီး တစ်ခုဖြစ်စေပါ။

💠တစ်ခုကောင်း၊ တစ်ခါပေါက် ကို အားမကျပဲ၊

မိမိ ဖန်တီးမှု ကို ကြိမ်ဖန်များစွာ၊ အရေအတွက်များစွာ ကြိုးစားရင်း..

လူအများ အံ့ဩ အားကျရသော ..

ပြတိုက် ကောင်းတစ်ခု ဖြစ်စေပါ .. ဟုဆန္ဒပြုရင်း

ကျွန်တော် မာသင် ၏ ရူ့ဒေါင့်အမြင်လေးတစ်ခုကို မျှဝေလိုက်ပါသည်ခင်ဗျာ။ ။

လွတ်လပ်စွာ ကူးယူမျှဝေ နိုင်ပါတယ်ခင်ဗျာ။ ။

#မာသင်

စီးပွားရေးအကြံပေး

Related Articles

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ဒိုင်ယာရီရေးပါ

ဒိုင်ယာရီရေးပါ.. နေ့စဉ် ဘဝအဖြစ်အပျက်တွေ၊ ခံစားချက် တွေကို မှတ်တမ်းတင်ထားပါ။ နေ့စဉ် တိုးတက်မှု သေးသေးမွှားမွှားလေးတွေအားလုံးကို ချရေးမှတ်တမ်းတင်ထားပါ။ ဘဝဆိုတာ တန်ဖိုးရှိတယ် လို့ယုံကြည်ရင် .. တန်းဖိုးရှိတဲ့ဘ၀ ကို မှတ်တမ်းတင်သိမ်းဆည်းထားရမယ်။ အစမှာတော့…ချရေးထားတဲ့ စာတိုပေစ၊ နည်းလမ်းတို၊နည်းလမ်းစ တွေက တန်ဖိုးမရှိဘူးထင်ရပေမယ့်… တစ်နေ့မှာ …အဲဒီ အကြွင်းအကျန်…

တန်ဖိုးကြီးသောအရာများ

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။ ၁။ ပျော်ရွင်ခြင်း ၂။ ကျန်းမာခြင်း ၃။ မိသားစု ၄။ လွတ်လပ်ခြင်း ၅။ မိတ်ဆွေရှိခြင်း ဒီ တန်ဖိုးကြီးတဲ့အရာ တွေကို ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်ချက် (၄) ချက်ရှိတယ်။ F.R.E.E လို့အလွယ်တကူ…

ရိုးရိုးရှင်းရှင်း မားကက်တင်း

⭐ ဖေ့ဘုတ်( facebook) ဖွင့်လိုက်ရင် .. ပိုစ့်တင်တဲ့နေရာ ကွက်လပ်လေးမှာ မေးခွန်းတစ်ခု တွေ့လိမ့်မယ်.. What’s on your mind တဲ့ ။ ဘာတွေတွေးနေလဲ .. ပေါ့။ ⭐တွစ်တာ (Twitter) ဖွင့်လိုက်ရင် … ပိုစ်တင်တဲ့နေရာမှာ မေးခွန်းက …What’s…

စီးပွားရေးလား၊ပြိုင်ပွဲလား?

စီးပွားရေးဆိုတာ ပြိုင်ပွဲမဟုတ်ဘူး။ A ကနေ B ဘယ်သူအရင်ရောက်အောင်ပြေးနိုင်သလဲ ဆိုတာထက်.. ပြေးလမ်းပေါ်မှာ ဘယ်လောက်ကြာကြာပြေးနိုင်သလဲ ဆိုတာ ပိုအရေးကြီးတယ်။ ပြိုင်ပွဲ ဆိုရင် .. ပွဲချိန်ပြီးသွားရင် ပွဲရပ်သွားတယ်၊ ဆက်ပြိုင်ချင်လို့မရတော့ဘူး။ စီးပွားရေး ဈေးကွက်မှာ ပွဲချိန်ဆိုတာ မရှိဘူး.. ပွဲတွေဆက်နေတယ်၊ ကိုယ်မရှိရင်နောက်တစ်ယောက် ပွဲထဲကို ဆက်ဝင်လာတယ်။…

Seraphinite AcceleratorOptimized by Seraphinite Accelerator
Turns on site high speed to be attractive for people and search engines.