ရွေးချယ်မှု ပါရာဒေါ့

marthin
yes no, choice, survey

ရွေးချယ်မှု ပါရာဒေါ့


သဲကန္တာရမှာ ခရီးသွားရင်း အစာရေစာ ငတ်ပြတ်နေတဲ့မြည်းပု တစ်ကောင်ကို ရေပုန်း တစ်ပုန်း နဲ့ ကောက်ရိုးထုတ် တစ်ထုတ်ရဲ့အလယ်မှာ ထားလိုက်ရင် .. အဲဒီ မြင်းပုဟာ ကောက်ရိုးအစာကို အရင်စားရမလို၊ ရေကိုပဲအရင်သောက်ရမလို
ညာကြည့်လိုက်၊ ဘယ်ကြည့်လိုက်နဲ့ခရီးသွားရင်း နောက်ဆုံး ….
ဘယ်အရာကို မှ မစားလိုက်ရပဲ ငတ်ပြတ်သေဆုံးသွားသတဲ့။
ဘဝခရီးသွားတွေ ဖြစ်ကြတဲ့ ကျွန်တော်တို့တွေ လဲ တစ်ခါတစ်ခါ ငယ်ရွယ်စဉ်မှာ ဟိုဟာလုပ်ရမလို၊ ဒီဟာလုပ်ရမလို
ရွေးချယ်ရင်း …
ရွေးချယ်ရင်း …
ရွေးချယ်ရင်း..
လုပ်တော့မဟဲ့ လို့ပြင်လိုက်ချိန်မှာ ..
ဘဝနေဝင်ချိန် အစစအရာရာနောက်ကျလို့နေခဲ့ပြီလေ။
အသက်ကြီးနောင်တ ဆိုတာဟာ လုပ်လိုက်လို့ကျရံှုးခဲ့တဲ့အရာတွေ မဟုတ်ဘူး၊ရည်မှန်းချက် အိမ်မက်အဖြစ်သာရှိပြီး မလုပ်လိုက်ရတဲ့အရာတွေပါ။
လုပ်လိုက်လို့ကျရံှုးခဲ့တဲ့အရာတွေဆိုတာ ကိုယ့်နောင်မျိုးဆက်အတွက် ခြေရာကောင်း တွေဖြစ်နိုင်ပေမယ့်၊ မလုပ်ခဲ့ရတဲ့ရည်မှန်းချက်အိမ်မက်တွေကတော့ နောင်တတွေနဲ့နှမြောတမ်းတခြင်းသာဖြစ်ပေလိမ့်မယ်။
ဒါကြောင့် …လုပ်သာလုပ်ပါ။
ပြင်းပြသောစိတ်နဲ့ရှင်သန်မလား၊
နောင်တတွေနဲ့ရှင်ကျန်မလား၊ ဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှု ပေါ်မူတည်ပါတယ်။
ရဲရဲကြီးရွေးချယ်လိုက်ပါ ညီ၊ညီမတို့ရေ။

မာသင်