ရောင်းအား တက်ဖို့ပေါက်ပေါက် ကျွေးပါ

marthin
popcorn, food, snack

ရောင်းအား တက်ဖို့ပေါက်ပေါက် ကျွေးပါ

ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြချင်ပါတယ်။
ဟိုးတုန်းက ….ရုပ်ရှင်ရုံရှေ့မှာ အချိုရည်နဲ့သောက်ရေသန့်ရောင်းတဲ့ လူတစ်ယောက်ရှိသတဲ့။
သူ့ရဲ့အချိုရည်ရောင်းအားတွေ ကျဆင်းလာတော့ … ဘယ်လို ရောင်းအားတက်အောင်လုပ်မလဲလို့စဉ်းစားရင်း ..နောက်ဆုံးမှာ အဖြေတစ်ခု ရခဲ့ပါတယ်။ …..
အဖြေကတော့……..
ပြောင်းဖူးပေါက်ပေါက် ကို အလကား ကျွေးမယ် ဆိုတဲ့ အဖြေပဲဖြစ်ပါတယ်။
ရောင်းအားတက်ချင်တာက အချိုရည် … ကျွေးတာက ပေါက်ပေါက်။
ရုတ်တရတ်ဆိုရင် …ဘယ်လိုမှ နားမလည်၊ လက်မခံနိုင်တဲ့အရာပါ။
ဒီလိုနဲ့ … လူတွေ ရုပ်ရှင်ကြည့်ခါနီး အလကားရတဲ့ ပေါက်ပေါက်ကို စားကြပါတယ်။
စားရင်းနဲ့ ရေငတ်ပါတယ်။
ရေငတ်တော့ ..အချိုရည် နဲ့ ရေသန့်ဝယ်သောက်ပါတယ်။
ရောင်းအားတွေတက်လာပြီး အလကားကျွေးတဲ့ ကုန်ကျစားရိတ်ကို ကာမိတဲ့အပြင်၊ နောက်ပိုင်း ပေါက်ပေါက်စားတဲ့ အကျင့်ရလာတဲ့အတွက် အရင်က မရောင်းရတဲ့ ပေါက်ပေါက်ပါ ရောင်းရပြီး၊ ရောင်းအားအဆပေါင်းများစွာ တက်လာခဲ့ပါတယ်။
ဒီဇာတ်လမ်းက ပေးတဲ့ သင်ခန်းစာလေးတစ်ခုက…
ရောင်းအားတက်ဖို့ပေါက်ပေါက်ကျွေးပါ….ဟူ၍..ဟူ၍။ ။
( ကိုယ့်ကုန်ပစ္စည်းရဲ့ပေါက်ပေါက် ကို ရှာဖွေစဉ်းစားနိုင်ကြပါစေ။ )

မာသင်