ရောင်းအားတက်ဖို့နည်းလမ်း (၅) ခု လိုတိုရှင်း အကြံပြုပါရစေ။

marthin
audit, financial advisor, table

ရောင်းအားတက်ဖို့နည်းလမ်း (၅) ခု လိုတိုရှင်း အကြံပြုပါရစေ။
(၁) စားသုံးသူများ၏ ဝယ်နေကျ အရာကို လေ့လာပြီး ဆက်စပ်ပစ္စည်းများကို ညွန်းပြ အကြောင်းကြားပေးပါ။
ဥပမာ.. ကိုယ်က ဖုန်းဆိုင်ဖွင့်ထားတယ်ဆိုရင် ရှောင်းမီဖုန်းဝယ်ဖူးတဲ့ customer ကို ရှောင်းမီ ဆက်စပ်ပစ္စည်းများအသစ်အဆန်းထွက်တိုင်း ၊ ရှောင်းမီဖုန်းအသစ် ထွက်တိုင်း အကြောင်းကြားပေးပါ။
ကိုယ့်ဆီမှာ ဝယ်ဖူးတဲ့ customer များစွာရှိပါတယ်။ သူတို့ကို ဆက်သွယ်ပါ။ အကြောင်းကြားပေးပါ။
(၂) ပစ္စည်းတစ်ခု ဝယ်ယူချိန်မှာ အခြား ဆက်စပ်ပစ္စည်းများရောင်းပါ။
ပစ္စည်းတစ်ခုကို ဝယ်ယူဖို့ဆုံးဖြတ်လိုက်ချိန်မှာ customer ရဲ့စိတ်ခံစားမှုဟာအမြင့်ဆုံးဖြစ်လို့ အခြားပစ္စည်းများကို ဝယ်ယူဖို့အလားအလာပိုများပါတယ်။ ဒါကြောင့် customer က ကိုယ့်ဆီက ဖုန်းတစ်လုံးဝယ်ယူချိန်မှာ မှန်မကွဲ ရောင်းဖို့၊ ဖုန်းကာဗာ ရောင်းဖို့ပိုပြီးလွယ်ကူပါတယ်။
(၃) တစ်ကြိမ်ဝယ်ဖူးသူကို အမြဲတမ်း ဝယ်သူဖြစ်အောင်လုပ်ပါ။
ကိုယ်က Gym ဖွင့်ထားတယ်ဆိုရင် ကိုယ့်ဆိုင်ကို တစ်ကြိမ်လာပြေးဖူးသူကို လစဉ်ကြေးပေးသွင်းလာအောင်၊ လစဉ်ကြေးပေးသွင်းနေသူကို နှစ်စဉ်ကြေးပေးသွင်းရင် ဘယ်လို ဈေးသက်သာကြောင်း၊ Discount ရှိကြောင်း ရောင်းပြီး ရေရှည်ဝယ်ယူသူဖြစ်အောင် ပြောင်းရပါမယ်။
(၄) သက်တမ်းမကုန်ခင် ထပ်ရောင်းပါ။
အာမခံကုမ္မဏီအများစု က အာမခံထားတဲ့ ကားသက်တမ်းမကုန်မီ ကြိုတင်အကြောင်းကြားပေးပြီး ထပ်ရောင်းနိုင်ဖို့ကြိုးစားကြပါတယ်။
အသစ်တစ်ယောက်ကို ရောင်းတာထက်၊ အဟောင်းဖြစ်တဲ့ ရှိပြီးသာ customer ကို ရောင်းရတာ ပိုလွယ်တယ်လေ။ သက်တမ်းတိုးလိုက်ယုံပဲမဟုတ်လား။
(၅) ဆုံးရှုံးလိုက်ရတဲ့ customer များကို ပြန်ခေါ်ပါ။

  • ဖုန်းဆက်ပြီး အဆင်မပြေမှုများကို မေးပါ။
  • Discount များ၊ offer များ ၊ လက်ဆောင်များပေးပြီး ပြန်ခေါ်ပါ။
  • ပွဲရှိလျင် ဖိတ်ကြားပြီး ပြန်ခေါ်ပါ။
    customer တိုင်းမှာ life time value ဆိုတာရှိပါတယ်။ customer တစ်ယောက်ဆုံးရှုံးလိုက်ရခြင်းက ကြီးမားတဲ့ ဝင်ငွေ အလားအလာတစ်ခု ကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်တယ်ဆိုတဲ့အမြင်ကို ဝန်ထမ်းတိုင်းသိစေပြီး customer တိုင်းကို ပြန်ခေါ်ပါ။

မာသင်