မေးခွန်း ။ ။ ဘယ်ခေတ်အချိန်အခါမှာမဆိုအမြဲထာဝရလုပ်သင့်သောစီးပွါးရေးလုပ်ငန်းခေါင်းစဉ်တချို့သိပါရစေဆရာ

marthin
work, office, team

မေးခွန်း ။ ။ ဘယ်ခေတ်အချိန်အခါမှာမဆိုအမြဲထာဝရလုပ်သင့်သောစီးပွါးရေးလုပ်ငန်းခေါင်းစဉ်တချို့သိပါရစေဆရာ ကျေးဇူးတင်ပါတယ်ခင်ဗျ
အဖြေ။ ။ ခေတ်တွေ အမြဲပြောင်းနေပါတယ်။
နည်းပညာတွေ အများကြီး ပြောင်းနေပါတယ်။
အမြဲထာဝရ လုပ်သင့်သော စီးပွားရေး ဆိုတာ မရှိပါ။
အမြဲထာဝရ ရှိတာဆိုလို့ .. … “ပြောင်းလဲနေခြင်း ” ဆိုတာပဲရှိပါတယ်။
ချားဒါဝင်ရဲ့အဆိုအမိန့်တစ်ခု ကိုသွားသတိရမိပါတယ်။
“ယနေ့အချိန်ထိ ရှင်သန်ရပ်တည်နေတဲ့သတ္တဝါများ ဆိုတာ ခွန်အားကြီးလို့လဲမဟုတ်သလို၊ ဉာဏ်ရည်ကောင်းလို့လဲမဟုတ်ဘူး။ အမှန်တော့ .. ပြောင်းလဲမှု များနှင့် အတူ အလျင်းသင့် လိုက်ပါပြောင်းလဲနိုင်စွမ်းရည် ကြောင့်သာ လျင် ယနေ့ထိ ရှင်သန်ရပ်တည်နေခြင်း ဖြစ်သည်” တဲ့။
စီးပွားရေး လဲ အတူတူ ပါပဲ ဗျာ။
ရေရှည်ရပ်တည်နိုင်ဖို့…ကြီးမားစရာလဲ မလိုသလို၊
အိုင်ဒီယာမိုးပျံနေဖို့လဲမလိုပါဘူး၊
လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ ……..
ပြောင်းလဲမှုတွေနဲ့အတူ လျင်မြန်စွာ အလျင်းသင့် လိုက်ပါပြောင်းလဲနိုင်ဖို့ပါပဲ။

မာသင်

သင့်အမြင် ကို လဲ သိပါရစေ။ စိတ်ကြိုက် မန့်ခဲ့နိုင်ပါတယ်။