မိမိလုပ်ငန်း ၏ ယှဉ်ပြိုင်နိုင်စွမ်း ကို စမ်းစစ်ခြင်း ( ပေါ်တာ ၏ နိယာမ)

marthin
turn on, turn off, industry

မိမိလုပ်ငန်း ၏ ယှဉ်ပြိုင်နိုင်စွမ်း ကို စမ်းစစ်ခြင်း

( ပေါ်တာ ၏ နိယာမ)

ကိုယ့်လုပ်ငန်း ရဲ့ပြိုင်ဘက်တွေ နဲ့ယှဉ်ပြိုင်နိုင်စွမ်း ကို ရှူဒေါင့် (၅) ခု ကနေ စဉ်းစားခြင်း ဖြစ်ပါတယ်။
✔️ရှုဒေါင့် (၁) ဈေးကွက်ဝင်ရောက်ရန် လွယ်ကူခြင်း
(New Entrants )


ကိုယ့်လုပ်ငန်း က အများတကာ အလွယ်တကူ ဝင်ရောက်လုပ်ကိုင်လို့ရတဲ့လုပ်ငန်းမျိုးလား
မူပိုင်ခွင့်တွေနဲ့ကန့်သတ်မှု ရှိတဲ့လုပ်ငန်းမျိုးလား
စတင်တည်ထောင်စားရိတ်ကြီးလို့တော်ယုံမလုပ်နိုင်တဲ့လုပ်ငန်းမျိုးလား
အမြတ်ပါးလို့အများဝင်လုပ်ဖို့ခက်တဲ့လုပ်ငန်းမျိုးလား
ကိုယ့်လုပ်ငန်းရဲ့brand နာမည်လွမ်းမိုးမှုကြီးလို့အခြားသူဝင်ရောက်လုပ်ကိုင်ဖို့ခက်တဲ့လုပ်ငန်းမျိုးလား။
✔️ရှူဒေါင့် (၂) ဝယ်ယူ စားသုံးသူများ
( Buyer)


customer က အခြားကိုယ့်ပြိုင်ဘက်လုပ်ငန်းကို ပြောင်းလဲ အားပေးမယ် ဆိုရင် ခက်ခဲ (သို့) လွယ်ကူသလား ။
ကိုယ့် အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲ ။
customer အနည်းစု ကိုပဲ ကိုယ့်လုပ်ငန်းက တော်တော်ကြီး အားကိုးနေရသလား။
✔️ရှူဒေါင့် (၃) ပစ္စည်းထောက်ပံ့ပေးသူ
(Supplier)


ကိုယ့်လုပ်ငန်းကို ကုန်ပစ္စည်းထောက်ပံ့ပေးသူ အနေနဲ့စားသုံးသူကို တိုက်ရိုက် ရောင်းပေးခြင်းမျိုးလုပ်နေသလား။
Supplier တစ်ဦးတည်းကို ပဲ အားလုံးပုံပြီး ကိုယ်လုပ်ငန်းလည်ပတ်မှုအတွက်အလေးထားနေရပါသလား ။
အလေးထားမှုလျော့ကျအောင် အခြားနည်းလမ်းတွေ က ဘာတွေဖြစ်မလဲ ။
✔️ရှူဒေါင့် (၄) လက်ရှိပြိုင်ဘက်လုပ်ငန်းများ
(Existing Competitors)


လက်ရှိပြိုင်ဘက်လုပ်ငန်းတွေက ဘယ်သူတွေလဲ။
သူတို့ ရဲ့အားသာချက်
သူတို့ရဲ့အားနည်းချက်
ကိုယ်နဲ့ယှဉ်ပြိုင်နေတဲ့နည်းဗျူဟာ
✔️ရှုဒါင့် (၅) အစားထိုး ကုန်ပစ္စည်း(သို့) ဝန်ဆောင်မှု
( Substitutes)


ကိုယ့်ကုန်ပစ္စည်း ကို မသုံးပဲ ဘယ်လို ကုန်ပစ္စည်း ကို အသုံးပြုနိုင်သလဲ။
ကိုယ် ဝန်ဆောင်မှု ကို အစားထိုးလိုက်နိုင်တဲ့ လုပ်ငန်း က ဘယ်လို လုပ်ငန်း မျိုးလဲ။
အောက်ပါပုံအတိုင်း ဇယားကွက်ချပြီး ချရေးပါ။ အကျိုးရှိမယ် လို့ မျှော်လင့်ပါတယ်။
လုပ်ငန်းများအောင်မြင်ကြပါစေ။

မာသင်