မိတ်ဆွေစာရင်း ပြုစု ပျိုးထောင်ပါ။

marthin
paper, block, write

မိတ်ဆွေစာရင်း ပြုစု ပျိုးထောင်ပါ။


လူတိုင်းမှာ အသိအကျွမ်းမိတ်ဆွေ ဆိုတာရှိကြပါတယ်။
အချို့အသိတွေကို တစ်ကြိမ်လောက်တော့တွေ့ဆုံခဲ့ကြဖူးပြီး နောက်ပိုင်းမဆက်သွယ်ဖြစ်တော့ပါ။ “သိတယ်၊ ဒါပေမယ့် မရင်းနှီးဘူး” ဆိုတဲ့အဆင့်မှာ ပဲ ရပ်တန့်သွားခဲ့ပါတယ်။
အဲဒီထဲမှာ အချို့မိတ်ဆွေ တွေကို တော့ မကြာခဏ တွေ့ဆုံဖြစ်ကြပြီး “ရင်းနှီးတယ်၊ ခင်မင်တယ်” ဆိုတဲ့အဆင့် မိတ်ဆွေများ ဖြစ်လာကြပါတယ်။
မိတ်ဆွေ ဆိုတဲ့အဆင့် ရောက်ဖို့အတွက် တစ်ကြိမ်တစ်ခါ တွေ့ယုံနဲ့မရပါ။ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီး ပြီး ယုံကြည်မှု တစ်ခု တည်ဆောက်ရာမှာ အချိန်လိုပါတယ်။
တစ်ကြိမ်ထက်မက တွေ့ဆုံဖို့လိုပါတယ်။
နောက်ထပ် လိုအပ်ချက်တစ်ခုက.…..မိတ်ဆွေစာရင်း လိုအပ်ပါတယ်။
သင့်ဖုန်းထဲမှာ မှတ်ထားတဲ့contact စာရင်းကို ပြန်ကြည့်လိုက်ပါ။ ဘယ်သူတွေကို ပြီးခဲ့တဲ့(၆) လအတွင်း ဖုန်းတစ်ခါမှ မခေါ်ရသေးဘူးလဲ။
ခုပဲ ဖုန်း ခေါ်လိုက်ပါ။
နေထိုင်ကောင်းကြောင်း၊ မိသားစု ကျန်းမာရေး၊ လုပ်ငန်းကိုင်ငန်း အစရှိသဖြင့် မေးပါ။
⭐သင် .…ဒီနေ့ဘဝ၊ ဒီလိုအောင်မြင်မှု တစ်နေရာရောက်လာတာ မိတ်ဆွေတွေ ကြောင့်ပါ။
⭐သင်.…မနက်ဖြန်၊ အနာဂတ် အောင်မြင်မှု ဆိုတာ သင့်မိတ်ဆွေစာရင်း ကို ဘယ်လို ရေလောင်း ပျိုးထောင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။
မိတ်ဆွေစာရင်း ပြုစုပျိုးထောင်ပါ။

မာသင်