မာသင်@ စီးပွားရေးဒဿနများ (၁၆)

marthin
first, gold, medal

မာသင်@ စီးပွားရေးဒဿနများ (၁၆)


၁၉၀၀ အစောပိုင်းကာလများထိ အပြေးသမားအားလုံးယုံကြည်ထားတဲ့အရာတစ်ခု က တစ်မိုင်ခရီးကို ၄ မိနစ်အတွင်း ပြေးနိုင်ဖို့ဆိုတာ လူသားတစ်ဦးအနေနဲ့ဘယ်လိုမှ စွမ်းဆောင်နိုင်တဲ့အရာမဟုတ်ဘူးလို့ထင်ထားကြပါတယ်။ ထိုယုံကြည်မှုနဲ့အတူ ဘယ်သူမှလဲမကြိုးစားခဲ့ကြပါဘူး။
၁၉၅၂ မှာ ရော်ဂျာ် ဘန်းနစ်စတာ က တစ်မိုင်ခရီး ကို ၄ မိနစ်အတွင်း ပန်းဝင်ပြလိုက်တော့ ၊ စွမ်းဆောင်နိုင်မှု ဆိုတာထက် ကိုယ့်ကိုယ်ကို ကန့် သတ်ထားတဲ့ အတွေးတွေသာဖြစ်တယ်လို နားလည်သွားကြပါတယ်။
သိပ်မကြာမှီမှာပဲ ဒီ စံချိန်ကို ချိုးတဲ့ အပြေးသမား တွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာခဲ့ကြပါတယ်။ ဒါပေမယ့် ပထမ စံချိန်ချိုးခဲ့တဲ့လူကိုသာ ပရိတ်သတ်ကမှတ်မိကြပါတယ်။ ဒုတိယ စံချိန်ချိုးတဲ့လူ၊ တတိယ စံချိန်ချိုးတဲ့လူတွေကို ပရိတ်သတ်က မမှတ်မိကြပါဘူး။
မိုးပျံခြင်း


လူသားဆိုတာ မိုးပေါ်ပျံတဲ့အမျိုးမဟုတ်ပေမယ့် ရိုက်ညီနောင် က လေယဉ်ဆိုတဲ့အရာနဲ့ပထမဆုံး စံချိန်ချိုးပြီး ပျံသန်းပြခဲ့ပါတယ်။ နောက်ပိုင်းမှာ လေယဉ်ကို ပိုကောင်း၊ပိုအဆင့်မြင့် တဲ့တီထွင်မှုမျိုးရှိခဲ့ပေမယ့် ပထမ စံချိန်ချိုးတဲ့လူ ကိုသာလျင်ပရိတ်သတ်ကမှတ်မိပါတယ်။
စကားပြောခြင်း


ကမ္ဘာ့အနောက်ခြမ်းနဲ့အရှေ့ခြမ်း စကားပြောဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုခဲ့ပေမယ့် ဖုန်းဆိုတဲ့အရာနဲ့စံချိန်ချိုးခဲ့တဲ့ဂရေဟမ်ဘဲလ် ကိုပဲ ပရိတ်သတ်တွေက မှတ်မိပါတယ်။ ( ဖုန်းဆိုတဲ့အရာက သူတီထွင်တုန်းကထက်ပို ကောင်းတဲ့တီထွင်မှုမျိုးရှိတယ် ဆိုတာ ယနေ့အမြင်ပါပဲ)
သင်ခန်းစာ


စာသင်ကျောင်းမှာတုန်းက ပထမ၊ ဒုတိယ၊ တတိယ ဆိုတာ ရှိခဲ့ပေမယ့် အပြင်လောက မှာ ပထမ သာလျင်ရှိပါတယ်။ စီးပွားရေးလောကမှာပဲ ပထမ သာလျင်ရှိပါတယ်။ “အခု သို့မဟုတ် ဘယ်သောအခါ” ဆိုသလိုပဲ “ပထမ သို့မဟုတ် ဘယ်သောအရာ” ဆိုတာ လက်တွေ့ဈေးကွက်မှာ ဖြစ်ပျက်နေတဲ့အရာပါပဲ။
ကိုယ့်တံဆိပ် ကို (ဈေးကွက်) မှာ ပထမ ဖြစ်အောင်ကြိုးစားပါ။
ကိုယ့် တံဆိပ်ကို (စိတ်ကွက်) မှာ ပထမ ဖြစ်အောင်ကြိုးစားပါ။
ကိုယ့် ဝန်ဆောင်မှု က ဒုတိယ အကောင်းဆုံး ဆိုတာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပရိတ်သတ် က ပထမ ကိုပဲ သိလို့ပါ။
ပထမ ဖြစ်နိုင်ကြပါစေ။

မာသင်