မာသင်@စီးပွားရေးဒဿနများ (၁၄)

marthin
girl, father, portrait

မာသင်@စီးပွားရေးဒဿနများ (၁၄)


ကျွန်တော်တို့အားလုံးမှာ နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့သူများ ရှိကြပါတယ်။
လက်ရှိရောက်နေတဲ့နေရာ၊ လက်ရှိ ရနေတဲ့ရလဒ် ဆိုတာ သူတို့တွေ ရဲ့ပံ့ပိုးမှု မပါရင် ဘယ်လိုမှ ဖြစ်လာခဲ့မှာမဟုတ်ပါဘူး။
အောင်မြင်မှု တစ်ခု ရဲ့နောက်ကွယ်တိုင်းမှာ နည်းပြဆရာ ဆိုတာရှိလေ့ရှိပါတယ်။
နည်းပြဆရာ ဆိုတာ မရှိပဲနှင့် အိုလံပစ် ရောက်တဲ့သူ မရှိပါဘူး။
Comfort –> Excellence — > Outstanding


လူဆိုတာ တစ်ယောက်ယောက် ကတွန်းနေမှ ကိုယ့်ရဲ့သက်သာမှုဇုံ( Comfort ) ထဲကနေ အကောင်းဆုံးဇုံ( Excellent)ကို ရောက်ပါတယ်။ အဲဒီမှ တစ်ဆင့် အထူးချွန်ဆုံးဇုံ( Outstanding) ဆိုတာ ရောက်ဖို့အတွက် နည်းပြဆရာလိုပါတယ်။
သက်သာမှုဇုံ ထဲမှာပဲ နေမယ်လို့ဆုံးဖြတ်ထားရင် ဘာနည်းပြ မှမလိုပါ။ လက်ရှိအနေထားကို မကျေနပ်ပဲ တိုးတက်ရမယ် လို့စိတ်ပိုင်းဖြတ်ထားပြီ ဆိုရင်တော့ နည်းပြရှာပါလို့အကြံပေးပါရစေ။
အားကစားမှာ အားကစားနည်းပြ
လူထုဟောပြောနည်းမှာ လူထုဟောပြောနည်းပြ
ဘဝအောင်မြင်ရေးမှာ အောင်မြင်ရေးနည်းပြ
စီးပွားရေးမှာ စီးပွားရေးနည်းပြ .. ဆိုပြီး နည်းပြ အမျိုးအမျိုးရှိပါတယ်။
ကဏ္ဍ တစ်ခုစီတိုင်းမှာ နည်းပြတစ်ယောက် လိုပါတယ်။
နည်းပြ ဆိုတာ ငွေပေးပြီး ဌားမှ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှိပါတယ်။
facebook ပေါ်မှာ ရှိပါတယ်။
ကိုယ်ဖတ်နေတဲ့စာအုပ်မှာရှိပါတယ်။
ကိုယ်နားထောင်နေတဲ့ ဟောပြောပွဲ တွေမှာရှိပါတယ်။
ကိုယ် ကြည့်နေတဲ့ဗွီဒီယို တွေမှာ ရှိပါတယ်။
မေးဖို့ပဲလိုပါတယ်။
“တပည့်ခိုင်မာ ဆရာလာ၏” တဲ့။
ခိုင်မာ တယ်ဆိုတာ ငါတိုးတက်ရမယ် လို့စိတ်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချပြီးတာကို ဆိုလိုတာဖြစ်ပါတယ်။
ခိုင်မာပြီ ဆိုရင်တော့ …..
“မေးပါ .….ရလိမ့်မည်။
တံခါးခေါက်ပါ.…..ဖွင့်လိမ့်မည်” ဆိုတဲ့သမ္မာကျမ်းစာပိုဒ်အတိုင်းသာဖြစ်ပါကြောင်း။
နည်းပြရှာပါ။

မာသင်