မန်လည်ဆရာတော်ကြီး၏ မာဃဒေ၀ ကျမ်းလာ ကြီးပွားချမ်းသာစေနိုင်သည့်အကြောင်းတရား (၄) မျိုးကို အောက်ပါစာပုဒ်တွင် ရှာနိုင်ပါသလား။တွေ့လျင် မန့်ခဲ့ပါ။

marthin
plant, the garden of stones, aeonium

မန်လည်ဆရာတော်ကြီး၏ မာဃဒေ၀ ကျမ်းလာ ကြီးပွားချမ်းသာစေနိုင်သည့်အကြောင်းတရား (၄) မျိုးကို အောက်ပါစာပုဒ်တွင် ရှာနိုင်ပါသလား။တွေ့လျင် မန့်ခဲ့ပါ။
” လူ့ပြည်ဘဝ၊ လုူ့လော၌၊ ထကြွရေးရာ၊ လိမ္မာစွာနှင့် ၊
ဖွေရှာရငြား၊ ဥစ္စာများကို၊ ပျက်ပြားမပျောက်၊ ယွင်းမထောက်အောင်၊
စောင့်ရှောက်နိုင်ထ၊ သီလသဒ္ဓါ၊ပညာရှိပေါင်း၊ မိတ်ကောင်းအမြဲ၊
မှီဝဲပေါင်းဖော်၊မမော်မကြွား၊ ပလွှားမဝါ၊ မျှကာသက်မွေး၊
ကျင့်ရေးစတု၊ ဤလေးခုတို့၊ ယခုဒိဋ္ဌ၊ ပစ္စက္ခ၌၊
ဟိတချမ်းသာ၊ ပွားကြောင်းလာ၏။ “

မာဃဒေ၀ ကျမ်း

ကြီးပွားချမ်းသာစေနိုင်သည့် အကြောင်းတရား (၄) မျိုး
(၁) …..
(၂) …..
(၃) …..
(၄) …..
ဖတ်၊ မှတ် ၊ ကျင့်သုံး ရန် … မန့်ခဲ့ပါ။

မာသင်