မဒူဇာ ရဲ့အကြည့်ကြောင့် ကျောက်ရုပ်ဖြစ်သွားကြသူများ

marthin

ဂရိဒဏ္ဍာရီလာ နတ်ဘုရားမတစ်ဦးဖြစ်တဲ့မဒူဇာ (Medusa) ဆိုတာ မြွေတွေအများကြီးနဲ့ဦးခေါင်းပိုင်ရှင်တစ်ဦးဖြစ်ပြီး ပင်လယ်နတ်ဘုရား ဖော်ဆီး ရဲ့သမီးတော် လို့လဲဆိုပါတယ်။
မဒူဇာ ရဲ့အကြည့်ဟာ ငြို့အားပြင်းလွန်းတဲ့အတွက်ကြောင့် သူ့အကြည့်ကို ရင်ဆိုင်မိတဲ့သက်ရှိတိုင်းက ကျောက်ရုပ်အဖြစ် ပြောင်းလဲသွားကြပါတယ်။

ထူးခြားမှုတစ်ခုက …သူနဲ့အကြည့်ချင်းပြိုင်၊ ရင်ဆိုင်မိတဲ့သူမှသာ ကျောက်ရုပ်ဖြစ်သွားတာဖြစ်ပြီး၊ သူ့အကြည့်ကို လျစ်လျူရှူ၊ ရင်ဆိုင်မှုမပြုခဲ့ရင်တော့ ဘာမှမဖြစ်ပါဘူး။

အမှန်တကယ်တော့… မဒူဇာ ဆိုတာ ဂရိဒဏ္ဍာရီထဲမှာပဲ ရှိတာမဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ မဒူဇာ ရှိနေခဲ့ပါတယ်။

နေ့စဉ် ဘ၀ နဲ့အတူ ဖုန်း ထဲမှာ မဒူဇာ ရှိနေ ခဲ့ပါတယ်။

စိတ်ခြောက်ခြားစရာ သတင်းတွေ..
စိတ်ဓတ်ကျစရာ အကြောင်းအရာတွေ…
ရက်စက်တဲ့ မှုခင်းသတင်းတွေ..
ကမ္ဘာပျက်သည့်အလား ပုံရိပ်တွေ..

စတဲ့ အရာများကို ကြည့်ပြီး …

ကျွန်တော်တို့စိတ်တွေဟာ ဘာမှမလုပ်ချင် မကိုင်ချင်လောက်အောင် ကျောက်ရုပ်ဖြစ်သွားခဲ့ကြပါတယ်။
မဒူဇာရဲ့ညို့ချက် မိသွားခဲ့ကြပါတယ်။

ကြာကြာကြည့်လေ.. ညို့ချက်မိလေလေပဲဖြစ်ပါတယ်။

ညို့ချက်ရဲ့စွမ်းအားကြောင့် အပျက်သဘောဆောင်တဲ့အတွေးတွေက စိတ်ရဲ့အနက်ရှိုင်းဆုံးနေရာထိဝင်ရောက်သွားပြီး…
ကြိုးစားချင်စိတ်တွေ၊ ပြောင်းလဲချင်စိတ်တွေ၊
လုပ်ချင်ကိုင်ချင်စိတ်… အလင်းရောင်တွေဟာ အမှောင်ကျသွားခဲ့ကြပါတယ်။
အမှောင်ကျသည်နှင့် အတူ ..
မဒူဇာရဲ့မျက်လုံးတွေက ခြောက်လှန့်နေပါတော့တယ်။
ဟာ..အခြေအနေတွေက တော်တော်ဆိုးနေပါလား။
သွားပြီ.. ကမ္ဘာပျက်တော့မယ်ထင်တယ်။
ဒီအလုပ်လေးတော့ ကြိုးစားကြည့်ဦးမှ ..။
မဖြစ်နိုင်ပါဘူးကွာ။
မလုပ်နိုင်ပါဘူးကွာ။
ဒီလိုအချိန်ကြီးမှာ ။
ငါ့မှာ ငွေအရင်းအနှီးမှ မရှိတာ။
ငါ အဲလောက်လဲ မတတ်ဘူး။
ငါ့မှာ ကျောင်းပညာရေး ပြည့်ပြည့်စုံစုံ မသင်ခဲ့ရဘူး။
ငါ ဘာမှ မယ်မယ်ရရ မတတ်ဘူး။
စတဲ့…. စကားလုံးတွေနဲ့မဒူဇာဟာ တစ်ချိန်လုံး ညို့နေခဲ့ပါတယ်။
ကြည့်နေသမျှကာလပတ်လုံးပေါ့။

အဲဒီ အကြည့်တွေကို လက်ခံကြည့်မိတဲ့အတွက်..
ကျွန်တော်တို့ဘဝအိမ်မက်၊ရည်မှန်းချက်တွေဟာ ကျောက်ရုပ်ဖြစ်သွားပြီး တစစီ ကြေမွပျက်စီးသွားပါတော့တယ်။

ဒါကြောင့်…..

ကိုယ့်ဘဝအိမ်မက်၊ ရည်မှန်းချက်တွေကို စစ်မှန်တဲ့ခံစားချက်၊ ပြင်းပြတဲ့ဆန္ဒတွေနဲ့အကောင်အထည်ဖော်နေတဲ့ မိတ်ဆွေများ..
မဒူဇာရဲ့အကြည့် တွေ ကို ….
မကြား၊ မမြင်၊ မကြည့်၊ အသိအမှတ်မပြုပဲ၊ လျစ်လျူရှူပြီး ကိုယ်လုပ်စရာရှိတာကိုယ်လုပ်၊ ကိုယ်ကြိုးစားနိုင်သလောက်ကြိုးစားလုပ်ကိုင်မှသာ ကျောက်ရုပ်ဖြစ်ခြင်း မှ ရှောင်ရှားနိုင်ပါမယ်။

ကျွန်တော် တို့တတွေ ….
=============
ပတ်ဝန်းကျင်က မဒူဇာအကြည့်တွေ၊
ကိုယ့်အတွေးတွေထဲက မဒူဇာအကြည့်တွေ၊
ဖုန်းထဲက မဒူဇာ အကြည့်တွေ၊

မျက်လုံးချင်းစုံ၊ ရင်ခုံစွာ ကြည့်မိလို့…

အတိတ်မှာ….

ကျောက်ရုပ်ဖြစ်ပြီး တစစီကြေမွသွားခဲ့ကြတဲ့
အိုင်ဒီယာတွေ၊
အိမ်မက်တွေ၊
ဘဝရည်မှန်းချက်တွေ၊
အများကြီး ရှိခဲ့ပြီးပါပြီ။

အရံှူးမပေးတဲ့စိတ်နဲ့…
============
ကိုယ့်စီးပွားရေးအတွက်
ကိုယ်ကြိုးစား။

ကိုယ့်မိသားစုအရေးအတွက်
ကိုယ်စဉ်းစား။

ကိုယ့်ကျန်းမာရေးအတွက်
ကိုယ်တည်ဆောက်။

ကိုယ့်လမ်းကိုယ်လျောက်။

ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။

ကိုယ့်ဘဝအိမ်မက် ကိုယ်မက်။

ကိုယ့်ရည်မှန်းချက် ကိုယ် ကြိုးစား။

မဒူဇာ ရဲ့…

အကြည့်တွေကို လျစ်လျူရှူ၊

ပတ်ဝန်းကျင်အပြောတွေကို မကြားချင်ယောင်ဆောင်ပြီး၊

မဒူဇာရဲ့အကြည့်ကြောင့် ကျောက်ရုပ်ဖြစ်သွားကြတဲ့အထဲမှာ….

ကိုယ့်အိမ်မက် မပါ ပါစေနဲ့ ၊ ညီငယ် ညီမငယ်များ။ ။

#မာသင်
#စီးပွားရေး ဒိုင်ယာရီ

—————————————————————————————————————

Zawgyi:

မဒူဇာ ရဲ ့အၾကည့္ေၾကာင့္ ေက်ာက္ရုပ္ျဖစ္သြားၾကသူမ်ား


ဂရိဒ႑ာရီလာ နတ္ဘုရားမတစ္ဦးျဖစ္တဲ ့မဒူဇာ (Medusa) ဆိုတာ ေျမြေတြအမ်ားၾကီးနဲ ့ဦးေခါင္းပိုင္ရွင္တစ္ဦးျဖစ္ျပီး ပင္လယ္နတ္ဘုရား ေဖာ္ဆီး ရဲ ့သမီးေတာ္ လို ့လဲဆိုပါတယ္။
မဒူဇာ ရဲ ့အၾကည့္ဟာ ျငိဳ ့အားျပင္းလြန္းတဲ ့အတြက္ေၾကာင့္ သူ ့အၾကည့္ကို ရင္ဆိုင္မိတဲ ့သက္ရိွတိုင္းက ေက်ာက္ရုပ္အျဖစ္ ေျပာင္းလဲသြားၾကပါတယ္။

ထူးျခားမႈတစ္ခုက …သူနဲ ့အၾကည့္ခ်င္းျပိဳင္၊ ရင္ဆိုင္မိတဲ့သူမွသာ ေက်ာက္ရုပ္ျဖစ္သြားတာျဖစ္ျပီး၊ သူ ့အၾကည့္ကို လ်စ္လ်ဴရွဴ၊ ရင္ဆိုင္မႈမျပဳခဲ့ရင္ေတာ့ ဘာမွမျဖစ္ပါဘူး။

အမွန္တကယ္ေတာ့… မဒူဇာ ဆိုတာ ဂရိဒ႑ာရီထဲမွာပဲ ရိွတာမဟုတ္ပါဘူး။
ကြ်န္ေတာ္တို ့ရဲ ့ေန ့စဥ္ဘ၀မွာ မဒူဇာ ရိွေနခဲ့ပါတယ္။

ေန ့စဥ္ ဘ၀ နဲ ့အတူ ဖုန္း ထဲမွာ မဒူဇာ ရိွေန ခဲ့ပါတယ္။

စိတ္ေျခာက္ျခားစရာ သတင္းေတြ..
စိတ္ဓတ္က်စရာ အေၾကာင္းအရာေတြ…
ရက္စက္တဲ့ မႈခင္းသတင္းေတြ..
ကမၻာပ်က္သည့္အလား ပံုရိပ္ေတြ..

စတဲ့ အရာမ်ားကို ၾကည့္ျပီး …

ကြ်န္ေတာ္တို ့စိတ္ေတြဟာ ဘာမွမလုပ္ခ်င္ မကိုင္ခ်င္ေလာက္ေအာင္ ေက်ာက္ရုပ္ျဖစ္သြားခဲ့ၾကပါတယ္။
မဒူဇာရဲ ့ညိဳ ့ခ်က္ မိသြားခဲ့ၾကပါတယ္။

ၾကာၾကာၾကည့္ေလ.. ညိဳ ့ခ်က္မိေလေလပဲျဖစ္ပါတယ္။

ညိဳ ့ခ်က္ရဲ ့စြမ္းအားေၾကာင့္ အပ်က္သေဘာေဆာင္တဲ ့အေတြးေတြက စိတ္ရဲ ့အနက္ရိွဳင္းဆံုးေနရာထိ၀င္ေရာက္သြားျပီး…
ၾကိဳးစားခ်င္စိတ္ေတြ၊ ေျပာင္းလဲခ်င္စိတ္ေတြ၊
လုပ္ခ်င္ကိုင္ခ်င္စိတ္… အလင္းေရာင္ေတြဟာ အေမွာင္က်သြားခဲ့ၾကပါတယ္။
အေမွာင္က်သည္ႏွင့္ အတူ ..
မဒူဇာရဲ ့မ်က္လံုးေတြက ေျခာက္လွန္ ့ေနပါေတာ့တယ္။
ဟာ..အေျခအေနေတြက ေတာ္ေတာ္ဆိုးေနပါလား။
သြားျပီ.. ကမၻာပ်က္ေတာ့မယ္ထင္တယ္။
ဒီအလုပ္ေလးေတာ့ ၾကိဳးစားၾကည့္ဦးမွ ..။
မျဖစ္ႏိုင္ပါဘူးကြာ။
မလုပ္ႏို္င္ပါဘူးကြာ။
ဒီလိုအခ်ိန္ၾကီးမွာ ။
ငါ့မွာ ေငြအရင္းအႏွီးမွ မရိွတာ။
ငါ အဲေလာက္လဲ မတတ္ဘူး။
ငါ့မွာ ေက်ာင္းပညာေရး ျပည့္ျပည့္စံုစံု မသင္ခဲ့ရဘူး။
ငါ ဘာမွ မယ္မယ္ရရ မတတ္ဘူး။
စတဲ့…. စကားလံုးေတြနဲ ့မဒူဇာဟာ တစ္ခ်ိန္လံုး ညိဳ ့ေနခဲ့ပါတယ္။
ၾကည့္ေနသမွ်ကာလပတ္လံုးေပါ့။

အဲဒီ အၾကည့္ေတြကို လက္ခံၾကည့္မိတဲ ့အတြက္..
ကြ်န္ေတာ္တို ့ဘ၀အိမ္မက္၊ရည္မွန္းခ်က္ေတြဟာ ေက်ာက္ရုပ္ျဖစ္သြားျပီး တစစီ ေၾကမြပ်က္စီးသြားပါေတာ့တယ္။

ဒါေၾကာင့္…..

ကိုယ့္ဘ၀အိမ္မက္၊ ရည္မွန္းခ်က္ေတြကို စစ္မွန္တဲ ့ခံစားခ်က္၊ ျပင္းျပတဲ ့ဆႏၵေတြနဲ ့အေကာင္အထည္ေဖာ္ေနတဲ့ မိတ္ေဆြမ်ား..
မဒူဇာရဲ ့အၾကည့္ ေတြ ကို ….
မၾကား၊ မျမင္၊ မၾကည့္၊ အသိအမွတ္မျပဳပဲ၊ လ်စ္လ်ဴရွဴျပီး ကိုယ္လုပ္စရာရိွတာကိုယ္လုပ္၊ ကိုယ္ၾကိဳးစားႏိုင္သေလာက္ၾကိဳးစားလုပ္ကိုင္မွသာ ေက်ာက္ရုပ္ျဖစ္ျခင္း မွ ေရွာင္ရွားႏိုင္ပါမယ္။

ကြ်န္ေတာ္ တို ့တေတြ ….
=============
ပတ္၀န္းက်င္က မဒူဇာအၾကည့္ေတြ၊
ကိုယ့္အေတြးေတြထဲက မဒူဇာအၾကည့္ေတြ၊
ဖုန္းထဲက မဒူဇာ အၾကည့္ေတြ၊

မ်က္လံုးခ်င္းစံု၊ ရင္ခံုစြာ ၾကည့္မိလို ့…

အတိတ္မွာ….

ေက်ာက္ရုပ္ျဖစ္ျပီး တစစီေၾကမြသြားခဲ့ၾကတဲ ့
အိုင္ဒီယာေတြ၊
အိမ္မက္ေတြ၊
ဘ၀ရည္မွန္းခ်က္ေတြ၊
အမ်ားၾကီး ရိွခဲ့ျပီးပါျပီ။

အရံွဴးမေပးတဲ့စိတ္နဲ ့…
============
ကိုယ့္စီးပြားေရးအတြက္
ကိုယ္ၾကိဳးစား။

ကိုယ့္မိသားစုအေရးအတြက္
ကိုယ္စဥ္းစား။

ကိုယ့္က်န္းမာေရးအတြက္
ကိုယ္တည္ေဆာက္။

ကိုယ့္လမ္းကိုယ္ေလ်ာက္။

ကိုယ္လုပ္စရာရိွတာကိုယ္လုပ္။

ကိုယ့္ဘ၀အိမ္မက္ ကိုယ္မက္။

ကိုယ့္ရည္မွန္းခ်က္ ကိုယ္ ၾကိဳးစား။

မဒူဇာ ရဲ ့…

အၾကည့္ေတြကို လ်စ္လ်ဴရွဴ၊

ပတ္၀န္းက်င္အေျပာေတြကို မၾကားခ်င္ေယာင္ေဆာင္ျပီး၊

မဒူဇာရဲ ့အၾကည့္ေၾကာင့္ ေက်ာက္ရုပ္ျဖစ္သြားၾကတဲ့အထဲမွာ….

ကိုယ့္အိမ္မက္ မပါ ပါေစနဲ ့ ၊ ညီငယ္ ညီမငယ္မ်ား။ ။

#မာသင္
#စီးပြားေရး ဒိုင္ယာရီ