ဘဝမှာ ပိုင်ဆိုင်တဲ့အရာ (၃) ခု

marthin
cherry blossoms, branch, pink

ဘဝမှာ ပိုင်ဆိုင်တဲ့အရာ (၃) ခု

(၁) အတွေး
(၂) အမြင်
(၃) အလုပ်
အတွေး ။ ။ ကိုယ်တွေးချင်တဲ့အရာတွေးလို့ရတယ်။
အမြင်။ ။ ကိုယ်ထင်သလို မြင်လို့ရတယ်။
အလုပ်။ ။ ကိုယ်ဖြစ်ချင်တဲ့အရာ လုပ်လို့ရတယ်။
ဒါပေမယ့် …….
ဒီအရာ သုံးခု ကို မပိုင်ဆိုင်ကြတဲ့သူတွေက ..
သူများအတွေးထဲမှာ နေတယ်။
သူများအမြင်အတိုင်း ထင်တယ်။
သူများလုပ်စေချင်တဲ့အတိုင်း လုပ်တယ်။
ဒီအရာ(၃) ခု ကို ကိုယ်တကယ်ပိုင်ဆိုင်တယ်ဆိုရင် …
သူများအတွေးတွေနဲ့ကိုယ့်ကိုဘောင်ခေတ်မထားနဲ့။
သူများ အမြင်တွေ နဲ့ကိုယ် ထင် မမှားနဲ့။
သူများလုပ်စေချင်တာနဲ့ကိုယ့်အိမ်မက် ကို မရောနဲ့။
ဒီအရာ(၃) ခု ကို ပိုင်ဆိုင်လာတဲ့တနေ့….
အောင်မြင်မှု ဆိုတာ ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလိမ့်မယ်။
ကိုယ့်အတွေး ကိုယ်တွေး…။
ကိုယ့်အမြင် ကိုယ်မြင်…။
ကိုယ့်အလုပ် ကိုယ်လုပ်…။
ဒါမှ… ကိုယ်ဖြစ်ချင်တာ ဖြစ်လိမ့်မယ်။
မဟုတ်ရင်.. သူများဖြစ်စေချင်သလိုပဲ ဖြစ်နေလိမ့်မယ်။

မာသင်