“ဘရန်း ( Brand) ပေါင်းထဲ့ပါ။”

marthin
bottle, mineral water, bottle of water

သုံးစွဲသူ သန်း ၂၀ ကျော်ကနေ ၅ နှစ်အတွင်း သန်း ၄၀ လောက်ဖြစ်လာတော့မယ့် မြန်မာဖေ့ဘုတ် ဈေးကွက်ကြီး။
တဖြေးဖြေးနဲ့ဖေ့ဘုတ် ဆိုတာ ရောင်းသူ ၊ ဝယ်သူတွေ နဲ့ပြည့်နေတဲ့ ရှော့ပင်းမော ( shopping mall ) ကြီးတစ်ခုလို ဖြစ်လာနေတယ်။
ဈေးရောင်းတဲ့သူတွေကလဲ အပြိုင်အဆိုင် ရောင်းနေကြ။
ဈေးဝယ်တဲ့သူတွေကလဲ ရွေးချယ်စရာတွေ ပိုများပြီး ရွေးရခက်နေကြ။
တူနေတဲ့အချက်က….
အပြင်မှာ ရှိတဲ့ ရှော့ပင်းမော (Shopping mall) ကြီးတွေမှာလိုပဲ ကိုယ့်လုပ်ငန်းမှာ ပိုကောင်းတဲ့ ဝန်ဆောင်မှုတစ်ခုရှိယုံ၊ ပိုကောင်းတဲ့ ကုန်ပစ္စည်းတစ်ခုရှိယုံနဲ့ မရတော့ဘူး၊ လူမလာတော့ဘူး။
ပိုမို ကောင်းမွန်တဲ့ Brand ဘရန်းတစ်ခုပါ အရေးတကြီး လိုလာပြီ။
သူလို ကိုယ်လို ဝန်ဆောင်မှုတွေနဲ့ ၊
သူမသာ ကိုယ်မသာ ကုန်ပစ္စည်းတွေကြားထဲမှာ
Brand ဘရန်းဆိုတာ ကိုယ့်လုပ်ငန်းကို ကွဲထွက်စေတဲ့ အရာပါပဲ။
ဘာဖြစ်လို့လဲ ဆိုတော့ … Brand ဘရန်းဆိုတာ Reality အစစ်အမှန်သရုပ်မှန် ဆိုတာထက် Perception အမြင်ရှူဒေါင့်ကို အသားပေးထားလို့ ပဲ ဖြစ်ပါတယ်။
ဒါကြောင့် …ခွင့်ပြုမယ်ဆိုရင် ..အကြံပေးပါရစေ။
ကိုယ်က …. ဖေ့ဘုတ် လဲ သုံးတယ်။
ကိုယ်က… စီးပွားရေးလုပ်ငန်း လဲ လုပ်တယ် ..ဆိုရင် …..
ကိုယ့် ..လုပ်ငန်း ထဲ ကို ဒီနေ့ကစပြီး ….
“ဘရန်း ( Brand) ပေါင်းထဲ့ပါ။”