ဖေ့ဘုတ်အသုံးပြုနေတဲ့လုပ်ငန်းရှင်တိုင်းသိထားသင့်တဲ့အရာ(၄) ခု

marthin
social media, social, marketing

ဖေ့ဘုတ်အသုံးပြုနေတဲ့လုပ်ငန်းရှင်တိုင်းသိထားသင့်တဲ့အရာ(၄) ခု


P.0.S.T ကို စဉ်းစားပြီးမှ post လုပ်ပါ။
post ဆိုတာ ဖေ့ဘုတ်ပေါ်မှာ အကြောင်းအရာတစ်ခုခု ကိုတင်တာကိုပြောတာပါ။
Post တင်တော့မယ်ဆိုရင် P.O.S.T ဆိုတဲ့အကြောင်းအရာ (၄) ခု ကိုစဉ်းစားပြီးမှတင်ပါ။
P ( People) စားသုံးသူ/လူ


ဘယ်လိုလူတွေကို ရည်ရွယ်ပြီးတင်တာလဲ။ ဘယ်သူတွေကို သိစေချင်တာလဲ။ ကိုယ့်ရဲ့ customer ဖောက်သည်တွေက ဘယ်သူတွေလဲ။
O (objective) ရည်ရွယ်ချက်


ဘယ်လိုရည်ရွယ်ချက်နဲ့တင်တာလဲ။ အကျိုးရလဒ်က ဘာဖြစ်မလဲ။
S (strategy) နည်းဗျူဟာ


ဘယ်လိုဗျူဟာကျကျ လုပ်ဆောင်နိုင်မလဲ။ တိုက်ရိုက်မဟုတ်ရင်တောင်သွယ်ဝိုက်ရရှိနိုင်တဲ့ရလဒ်တွေက ဘယ်အရာကို ဦးတည်နေသလဲ။
T( Terminology) အသုံးအနုန်း


အသုံးအနုန်း စကားလုံးတွေ ကို ဂရုစိုက်ပါ။ စကားလုံး မဖောင်းပွစေဖို့ တိုတိုတုတ်တုတ် ထိထိရောက်ရောက်ရေးပါ။ လူအများသည်အချိန်ရှိမှ ဖေ့ဘုတ်သုံးတာမှန်ပေမယ့် ဖေ့ဘုတ်သုံးသူများသည်အချိန်မရှိကြပါ။
လိုတိုရှင်းဖြစ်ပါစေ။

မာသင်