ဖေ့ဘုတ်ပေါ်တွင် ကြေငြာမတင်ခင် စဉ်းစားရန် (၄)ချက်

marthin
mobile phone, smartphone, keyboard

ဖေ့ဘုတ်ပေါ်တွင် ကြေငြာမတင်ခင် စဉ်းစားရန် (၄)ချက်
++++++++++++++++++++++++++++
ဖေ့ဘုတ်ပေါ်ကို ကိုယ့်လုပ်ငန်းအတွက်ကြေငြာ တင်တော့မယ်ဆိုရင်….
P.0.S.T ဆိုတဲ့အကြောင်းအရာ (၄) ခု ကို စဉ်းစားပြီးမှ post လုပ်ပါ။
P ( People) စားသုံးသူ/လူ


ဘယ်လိုလူတွေကို ရည်ရွယ်ပြီးတင်တာလဲ။ ဘယ်သူတွေကို သိစေချင်တာလဲ။ ကိုယ့်ရဲ့ customer ဖောက်သည်တွေက ဘယ်သူတွေလဲ။
O (objective) ရည်ရွယ်ချက်


ဘယ်လိုရည်ရွယ်ချက်နဲ့တင်တာလဲ။
S (strategy) နည်းဗျူဟာ


ကိုယ်တင်လိုက်တဲ့အရာကို ဘယ်လို ပေါ်လွင် အောင်လုပ်မလဲ။ တိုက်ရိုက်မဟုတ်ရင်တောင်သွယ်ဝိုက်ရရှိနိုင်တဲ့ရလဒ်တွေက ဘယ်အရာကို ဦးတည်နေသလဲ။
T( Terminology) အသုံးအနုန်း


အသုံးအနုန်း စကားလုံးတွေ ကို ဂရုစိုက်ပါ။ စကားလုံး မဖောင်းပွစေဖို့ တိုတိုတုတ်တုတ် ထိထိရောက်ရောက်ရေးပါ။
အချိန်ရှိမှ ဖေ့ဘုတ်သုံးဖြစ်တယ် ဆိုပေမယ့်…….
ဖေ့ဘုတ်သုံးသူများ အချိန်မရှိကြပါ။
လိုတိုရှင်းဖြစ်ပါစေ။

မာသင်

စီးပွားရေး ဒိုင်ယာရီ