နှလုံးသား(ခံစားမှု) ဖြင့်ဝယ်ယူသည်။

marthin
apples, farmers market, business

နှလုံးသား(ခံစားမှု) ဖြင့်ဝယ်ယူသည်။


==> စားသုံးသူ<==
သင့်ဖောက်သည်တွေ က သင့်ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှု ကို ခံစားမှုကြောင့်ဝယ်ယူသုံးစွဲပါတယ်။ ပြီးမှ ..ကောင်းလို့၊ မြန်လို့၊ အဆင်ပြေလို့..အစရှိသဖြင့် ကျိုးကြောင်းကျ အဖြေကို ဦးနှောက်ကထုတ်ပေးပါတယ်။

နှလုံးသား(ခံစားမှု) နဲ့ဝယ်ပါတယ်။

==> စီးပွားရေးလုပ်ငန်း <==

စီးပွားရေးလုပ်ငန်းအများစု က ကိုယ့်ကုန်ပစ္စည်း နဲ့ဝန်ဆောင်မှု ကို ကျိုးကြောင်းကျအဖြေတွေတပြုံကြီး နဲ့ရောင်းပြီး၊ တစ်ခါတစ်ခါ စားသုံးသူတွေအတွက်အရေးကြီးတဲ့ နှလုံးသား(ခံစားမှု) အပိုင်းကိုတောင် မသိရောင်မေ့လျော့နေကြပါတယ်။

==>အလှကုန်ကုမ္မဏီ၏ ဆောင်ပုဒ်<==

ကျွနု်ပ်တို့၏ စက်ရုံများတွင် “အလှကုန်ပစ္စည်းများ” ထုတ်လုပ်သော်လည်း ကျွနု်ပ်တို့၏ ဆိုင်များတွင် “မျှော်လင့်ချက်” ကိုရောင်းလေသည်။

==>အနှစ်ချုပ်<==
စားသုံးသူ က နှလုံးသား (ခံစားမှု) နဲ့ဝယ်ယူပြီး
သင့်လုပ်ငန်း က ဦးနှောက်(ကျိုးကြောင်းကျအဖြေ) တွေနဲ့ရောင်းနေတယ် ဆိုရင် ….အဖြေက နှစ်ခုပဲ ရှိတယ်။
ဘာဖြစ်နိုင်မယ် ထင်လဲ ။
ထင်တာကို မန့်ခဲ့ ပေါ့။