နေ့စဉ် ကြိုးစားခြင်း

marthin


၀င်စတန်ချာချီ ရဲ့ပြောခဲ့တဲ့စကားတစ်ခွန်းက အောင်မြင်မှု ရဲ့လမ်းစပါပဲ။


“Continuous effort – not strength or intelligent – is the key to unlocking our potential. “
winston Churchill

ဝန်စတန်ချာချီက …… စဉ်ဆက်မပြတ်အားထုတ်မှုများ လို့သုံးသွားပါတယ်။
“အားကြီးလို့လဲမဟုတ်ဘူး၊ ဉာဏ်ကောင်းလို့လဲမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့စဉ်ဆက်မပြတ်အားထုတ်မှုများက ကျွန်တော်တို့ရဲ့ဖြစ်နိုင်စွမ်းအလားအလာ ကို အဆုံးစွန်တံခါးဖွင့်ပေးလိုက်တာပါပဲ” လို့ပြောခဲ့ပါတယ်။

ကျွန်တေ်ာတို့အားလုံး ဟာ ကျွန်တော် တို့ နေ့စဉ် စဉ်ဆက်မပြတ်ပြုလုပ်တဲ့ အရာများရဲ့ရလဒ်ပုံရိပ်များပဲဖြစ်ပါတယ်။

အိမ်ထောင်ရေးမှာပဲကြည့်ပါ။
တစ်နှစ်လုံးမှာ နှစ်ပတ်လည်နေ့တစ်ရက်တည်း ကိုယ့် ဇနီးကို ပန်းစည်းတစ်စည်းပေးပြီးချစ်ကြောင်း၊ကျေးဇူးတင်ကြောင်းပြောတာထက်…..
အဲဒီ ပန်းစည်းထဲက တစ်ပွင့်ချင်းစီကို နေ့စဉ် တစ်ပွင့်ကျ တစ်နှစ်လုံး ပေးပြီး ကျေးဇူးတင်ကြောင်း၊ချစ်ကြောင်းပြောတာ က relationship ကို ပိုပြီး ခိုင်မာပျော်ရွင်စေပါတယ်။

အသိပညာမှာလဲကြည့်ပါ။
တစ်နေ့ထဲတစ်ရက်ထဲ စာအုပ်တစ်အုပ်လုံးဖတ်ပြီး ဘာမှ ဦးနှောက်ထဲမဝင်တာထက် …..
တစ်နေ့ကို စာတစ်မျက်နှာဖတ်ပြီး ချရေးစရာ၊ စဉ်းစားစရာ အိုင်ဒီယာတွေ ရလိုက်တာက ပိုပြီး သာလွန်ပါတယ်။

ကျန်းမာရေးမှာလဲကြည့်ပါ။
စိတ်အားထက်သန်တုန်း၊ ကောက်ရိုးမီးရှို့ဝုန်းကနဲ ထတောက်သလို၊ လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ပြီး နောက်ရက်တွေဆက်မလုပ်တော့တဲ့အမှုအကျင့်ထက်….
နေ့စဉ် စဉ်ဆက်မပြတ် တစ်ရက်ကို ပုံမှန် ၁၅ မိနစ်လောက် လေ့ကျင့်ခန်းလုပ်တာက ပိုပြီး ကျန်းမာ၊ပျော်ရွင်စေပါတယ်။

စီးပွားရေးမှာလဲကြည့်ပါ။
စီးပွားရေးလုပ်ငန်းတိုင်းက Repeated Process ပါ။ ထပ်ခါထပ်ခါ လုပ်ရတဲ့လုပ်ငန်းစဉ်ကို စီးပွားရေးလို့ခေါ်တာပါ။ ကုန်ပစ္စည်းကို လာဝယ်တဲ့သူတွေကို ထပ်ခါထပ်ခါရောင်းရတယ်။ ဆိုင်ကို နေ့စဉ် ပုံမှန်ဖွင့်ရတယ်။ ဝန်ဆောင်မှုကို တစ်ပုံစံတည်း ထပ်ခါထပ်ခါပေးရတယ်။
တစ်ခါလာ၊ ပုံစံတစ်မျိုးဆိုရင် စီးပွားရေးမဟုတ်ပါဘူး၊ အပျော်လုပ်တာဖြစ်သွားပါပြီ။ ထမင်းကြော်လာဝယ်တာ တစ်ခါလာတော့ များများထည့်ပေးတယ်၊ တစ်ခါလာတော့ နည်းသွားတယ်။ တစ်ခါလာတော့ ဆားငံတယ်ဆိုရင်တော့ စားသုံးသူကနောက်တစ်ခါလာမှာမဟုတ်ဘူးဆိုတာ အသေအချာပါပဲ။

ဒါကြောင့် ….

ကျွန်တော်တို့ဘဝမှာ စဉ်ဆက်မပြတ်ပြုလုပ်ခြင်းဆိုတာ အင်မတန်မှ အရေးကြီးတဲ့ တစ်ခုတည်းသော စကားလုံး တစ်လုံးဖြစ်ပါတယ်။

နောက်ဆုံးရလဒ်ကတော့ …..

ကျွန်တေ်ာတို့အားလုံး ဟာ ကျွန်တော် တို့ နေ့စဉ် စဉ်ဆက်မပြတ်ပြုလုပ်တဲ့ အရာများရဲ့ရလဒ်ပုံရိပ်များပဲဖြစ်ပါတယ်။

ဒါကြောင့် …
အကြောင်းအရာတစ်ရပ်ကို ဒီနေ့ကစပြီး နေ့စဉ်စဉ်ဆက်မပြတ်ပြုလုပ်သွားဖို့ဆုံးဖြတ်ချက်ချပါ။

နေ့စဉ်တိုးတက်သောဘဝများကို ပိုင်ဆိုင်ကြပါစေခင်ဗျာ။


Zawgyi:

ေန ့စဥ္ ၾကိဳးစားျခင္း

၀င္စတန္ခ်ာခ်ီ ရဲ ့ေျပာခဲ့တဲ ့စကားတစ္ခြန္းက ေအာင္ျမင္မႈ ရဲ ့လမ္းစပါပဲ။
“Continuous effort – not strength or intelligent – is the key to unlocking our potential. “
winston Churchill

၀န္စတန္ခ်ာခ်ီက …… စဥ္ဆက္မျပတ္အားထုတ္မႈမ်ား လို ့သံုးသြားပါတယ္။
“အားၾကီးလို့လဲမဟုတ္ဘူး၊ ဥာဏ္ေကာင္းလို ့လဲမဟုတ္ဘူး။ ကြ်န္ေတာ္တို ့ရဲ ့စဥ္ဆက္မျပတ္အားထုတ္မႈမ်ားက ကြ်န္ေတာ္တို့ရဲ ့ျဖစ္ႏိုင္စြမ္းအလားအလာ ကို အဆံုးစြန္တံခါးဖြင့္ေပးလိုက္တာပါပဲ” လို ့ေျပာခဲ့ပါတယ္။

ကြ်န္ေတ္ာတို ့အားလံုး ဟာ ကြ်န္ေတာ္ တို ့ ေန့စဥ္ စဥ္ဆက္မျပတ္ျပဳလုပ္တဲ့ အရာမ်ားရဲ ့ရလဒ္ပံုရိပ္မ်ားပဲျဖစ္ပါတယ္။

အိမ္ေထာင္ေရးမွာပဲၾကည့္ပါ။
တစ္ႏွစ္လံုးမွာ ႏွစ္ပတ္လည္ေန ့တစ္ရက္တည္း ကိုယ့္ ဇနီးကို ပန္းစည္းတစ္စည္းေပးျပီးခ်စ္ေၾကာင္း၊ေက်းဇူးတင္ေၾကာင္းေျပာတာထက္…..
အဲဒီ ပန္းစည္းထဲက တစ္ပြင့္ခ်င္းစီကို ေန့စဥ္ တစ္ပြင့္က် တစ္ႏွစ္လံုး ေပးျပီး ေက်းဇူးတင္ေၾကာင္း၊ခ်စ္ေၾကာင္းေျပာတာ က relationship ကို ပိုျပီး ခိုင္မာေပ်ာ္ရြင္ေစပါတယ္။

အသိပညာမွာလဲၾကည့္ပါ။
တစ္ေန ့ထဲတစ္ရက္ထဲ စာအုပ္တစ္အုပ္လံုးဖတ္ျပီး ဘာမွ ဦးေႏွာက္ထဲမ၀င္တာထက္ …..
တစ္ေန ့ကို စာတစ္မ်က္ႏွာဖတ္ျပီး ခ်ေရးစရာ၊ စဥ္းစားစရာ အိုင္ဒီယာေတြ ရလိုက္တာက ပိုျပီး သာလြန္ပါတယ္။

က်န္းမာေရးမွာလဲၾကည့္ပါ။
စိတ္အားထက္သန္တုန္း၊ ေကာက္ရိုးမီးရိွဳ ့၀ုန္းကနဲ ထေတာက္သလို၊ ေလ့က်င့္ခန္းကို အျပင္းအထန္လုပ္ျပီး ေနာက္ရက္ေတြဆက္မလုပ္ေတာ့တဲ ့အမႈအက်င့္ထက္….
ေန ့စဥ္ စဥ္ဆက္မျပတ္ တစ္ရက္ကို ပံုမွန္ ၁၅ မိနစ္ေလာက္ ေလ့က်င့္ခန္းလုပ္တာက ပိုျပီး က်န္းမာ၊ေပ်ာ္ရြင္ေစပါတယ္။

စီးပြားေရးမွာလဲၾကည့္ပါ။
စီးပြားေရးလုပ္ငန္းတိုင္းက Repeated Process ပါ။ ထပ္ခါထပ္ခါ လုပ္ရတဲ ့လုပ္ငန္းစဥ္ကို စီးပြားေရးလို ့ေခၚတာပါ။ ကုန္ပစၥည္းကို လာ၀ယ္တဲ ့သူေတြကို ထပ္ခါထပ္ခါေရာင္းရတယ္။ ဆိုင္ကို ေန ့စဥ္ ပံုမွန္ဖြင့္ရတယ္။ ၀န္ေဆာင္မႈကို တစ္ပံုစံတည္း ထပ္ခါထပ္ခါေပးရတယ္။
တစ္ခါလာ၊ ပံုစံတစ္မ်ိဳးဆိုရင္ စီးပြားေရးမဟုတ္ပါဘူး၊ အေပ်ာ္လုပ္တာျဖစ္သြားပါျပီ။ ထမင္းေၾကာ္လာ၀ယ္တာ တစ္ခါလာေတာ့ မ်ားမ်ားထည့္ေပးတယ္၊ တစ္ခါလာေတာ့ နည္းသြားတယ္။ တစ္ခါလာေတာ့ ဆားငံတယ္ဆိုရင္ေတာ့ စားသံုးသူကေနာက္တစ္ခါလာမွာမဟုတ္ဘူးဆိုတာ အေသအခ်ာပါပဲ။

ဒါေၾကာင့္ ….

ကြ်န္ေတာ္တို ့ဘ၀မွာ စဥ္ဆက္မျပတ္ျပဳလုပ္ျခင္းဆိုတာ အင္မတန္မွ အေရးၾကီးတဲ့ တစ္ခုတည္းေသာ စကားလံုး တစ္လံုးျဖစ္ပါတယ္။

ေနာက္ဆံုးရလဒ္ကေတာ့ …..

ကြ်န္ေတ္ာတို ့အားလံုး ဟာ ကြ်န္ေတာ္ တို ့ ေန့စဥ္ စဥ္ဆက္မျပတ္ျပဳလုပ္တဲ့ အရာမ်ားရဲ ့ရလဒ္ပံုရိပ္မ်ားပဲျဖစ္ပါတယ္။

ဒါေၾကာင့္ …
အေၾကာင္းအရာတစ္ရပ္ကို ဒီေန ့ကစျပီး ေန့စဥ္စဥ္ဆက္မျပတ္ျပဳလုပ္သြားဖို ့ဆံုးျဖတ္ခ်က္ခ်ပါ။

ေန ့စဥ္တိုးတက္ေသာဘ၀မ်ားကို ပိုင္ဆိုင္ၾကပါေစခင္ဗ်ာ။

#မာသင္

[post]