ဒစ်ထရော့သက်ရောက်မှု (Diderot Effect)

marthin


၁၇၆၅ ခုနှစ်မှာ စွယ်စုံကျမ်းရေးရေးသားတဲ့ အတွေးအခေါ်ပညာရှင် ဒစ်ထရော့ဆိုသူဟာ
အင်မတန်မှ ဆင်းရဲလွန်းလှပြီး သူ့သမီးကို မင်္ဂလာဆောင်ပေးဖို့တောင် ငွေကြေးမရှိတဲ့အတွက်
အင်မတန်မှ စိတ်ဆင်းရဲပြီးမှိုင်တွေစိတ်ပျက်အားလျော့နေချိန်မှာ …
သူ့ရဲ့စာပေတွေကို ဖတ်ပြီး ၊ သူ့ကို လေးစားတဲ့ ရရှားဘုရင်မကြီး ကက်သရင်းက သူရေးထားတဲ့စာအုပ်တွေကို ငွေကြေးအမြောက်အမြားပေးပြီး ဝယ်ယူခဲ့တယ်။
ရုတ်တရက် ငွေကြေးတွေအများကြီးရလာခဲ့တဲ့ ဒစ်ထရော့က သူ့သမီးကို မင်္ဂလာဆောင်ပေးနိုင်ခဲ့တဲ့အပြင်၊ အဲဒီခေတ်က အင်မတန်မှ ဈေးကြီးတဲ့လှပတဲ့ ကတ္တီပါ ဝတ်ရုံနီကြီးတစ်ထည်ကို မင်္ဂလာဆောင်တက်ဖို့ဝယ်ယူခဲ့တယ်။
ဝယ်ယူမှုက ဝတ်ရုံကြီးတစ်ထည်နဲ့ပြီးမသွားပဲ ..
ဝတ်ရုံနဲ့လိုက်ဖက်အောင် စာကြည့်ခန်းကို ကော်ဇောနီကြီးခင်းလိုက်တယ်။
ကော်ဇောနီခင်းထားတဲ့ စာကြည့်ခန်းနဲ့လိုက်ဖက်အောင် ပန်းပုရုပ်တွေ နဲ့ခန်းနားအောင် တန်ဆာဆင်ရပြန်တယ်။
ထပ်ပြီးတော့ အခန်းကို မှန်တွေနဲ့လိုက်ဖက်အောင် တပ်ဆင်ရပြန်တယ်။
စာကြည်ခန်းနဲ့လိုက်ဖက်အောင် ထမင်းစားခန်းကို ပြင်ဆင်ရပြန်တယ်။
ထမင်းစားစားပွဲကြီးတစ်ခုကို ဝယ်ယူလိုက်တယ်။
စားပွဲနဲ့လိုက်ဖက်အောင် စုတ်နေတဲ့ထိုင်ခုံတွေကို လဲလှယ်ဝယ်ယူရပြန်တယ်။

ဒီလိုနဲ့.. ကတ္တီပါ ဝတ်ရုံတစ်ထည် ကနေ စတင်ခဲ့တဲ့ဝယ်ယူမှုက…
အခြားအရာတွေကို ဝယ်ယူမှု ဆက်တိုက်ဖြစ်ပေါ်စေခဲ့တယ်။
ဒီလိုဆက်စပ်ပစ္စည်းဝယ်ယူရတဲ့ အပြုအမှုကို ဒစ်ထရော့သက်ရောက်မှုလို့ခေါ်တယ်။

ယနေ့လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းမှာလဲ ဈေးကွက်ရဲ့ဝယ်ယူခြင်းဆိုင်ရာအပြုအမှု တွေအပေါ်မှာ ဒစ်ထရော့သက်ရောက်မှုကမှန်ကန်နေတုန်းပါပဲ။

တစ်ခုကို ဝယ်ယူပြီးတာနဲ့သူနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ဝယ်နေရတုန်းပါပဲ။

မာသင်
စီးပွားရေးဒိုင်ယာရီ


Zawgyi:

ဒစ္ထေရာ့သက္ေရာက္မႈ (Diderot Effect)


၁၇၆၅ ခုႏွစ္မွာ စြယ္စံုက်မ္းေရးေရးသားတဲ့ အေတြးအေခၚပညာရွင္ ဒစ္ထေရာ့ဆိုသူဟာ
အင္မတန္မွ ဆင္းရဲလြန္းလွျပီး သူ့သမီးကို မဂၤလာေဆာင္ေပးဖို ့ေတာင္ ေငြေၾကးမရိွတဲ့အတြက္
အင္မတန္မွ စိတ္ဆင္းရဲျပီးမိႈင္ေတြစိတ္ပ်က္အားေလ်ာ့ေနခ်ိန္မွာ …
သူ ့ရဲ ့စာေပေတြကို ဖတ္ျပီး ၊ သူ ့ကို ေလးစားတဲ့ ရရွားဘုရင္မၾကီး ကက္သရင္းက သူေရးထားတဲ့စာအုပ္ေတြကို ေငြေၾကးအေျမာက္အျမားေပးျပီး ၀ယ္ယူခဲ့တယ္။
ရုတ္တရက္ ေငြေၾကးေတြအမ်ားၾကီးရလာခဲ့တဲ့ ဒစ္ထေရာ့က သူ ့သမီးကို မဂၤလာေဆာင္ေပးႏိုင္ခဲ့တဲ့အျပင္၊ အဲဒီေခတ္က အင္မတန္မွ ေစ်းၾကီးတဲ့လွပတဲ့ ကတၱီပါ ၀တ္ရံုနီၾကီးတစ္ထည္ကို မဂၤလာေဆာင္တက္ဖို ့၀ယ္ယူခဲ့တယ္။
၀ယ္ယူမႈက ၀တ္ရံုၾကီးတစ္ထည္နဲ ့ျပီးမသြားပဲ ..
၀တ္ရံုနဲ ့လိုက္ဖက္ေအာင္ စာၾကည့္ခန္းကို ေကာ္ေဇာနီၾကီးခင္းလိုက္တယ္။
ေကာ္ေဇာနီခင္းထားတဲ့ စာၾကည့္ခန္းနဲ ့လိုက္ဖက္ေအာင္ ပန္းပုရုပ္ေတြ နဲ ့ခန္းနားေအာင္ တန္ဆာဆင္ရျပန္တယ္။
ထပ္ျပီးေတာ့ အခန္းကို မွန္ေတြနဲ ့လုိက္ဖက္ေအာင္ တပ္ဆင္ရျပန္တယ္။
စာၾကည္ခန္းနဲ ့လိုက္ဖက္ေအာင္ ထမင္းစားခန္းကို ျပင္ဆင္ရျပန္တယ္။
ထမင္းစားစားပြဲၾကီးတစ္ခုကို ၀ယ္ယူလိုက္တယ္။
စားပြဲနဲ ့လိုက္ဖက္ေအာင္ စုတ္ေနတဲ ့ထိုင္ခံုေတြကို လဲလွယ္၀ယ္ယူရျပန္တယ္။

ဒီလိုနဲ ့.. ကတၱီပါ ၀တ္ရံုတစ္ထည္ ကေန စတင္ခဲ့တဲ ့၀ယ္ယူမႈက…
အျခားအရာေတြကို ၀ယ္ယူမႈ ဆက္တိုက္ျဖစ္ေပၚေစခဲ့တယ္။
ဒီလိုဆက္စပ္ပစၥည္း၀ယ္ယူရတဲ့ အျပဳအမႈကို ဒစ္ထေရာ့သက္ေရာက္မႈလို ့ေခၚတယ္။

ယေန ့လူမႈအသိုင္းအ၀ိုင္းအဖြဲ ့အစည္းမွာလဲ ေစ်းကြက္ရဲ ့၀ယ္ယူျခင္းဆိုင္ရာအျပုအမႈ ေတြအေပၚမွာ ဒစ္ထေရာ့သက္ေရာက္မႈကမွန္ကန္ေနတုန္းပါပဲ။

တစ္ခုကို ၀ယ္ယူျပီးတာနဲ ့သူနဲ ့ဆက္စပ္တဲ့ ပစၥည္းေတြကို တစ္ခုျပီးတစ္ခု ၀ယ္ေနရတုန္းပါပဲ။

မာသင္
စီးပြားေရးဒိုင္ယာရီ