တစ်နာရီလုပ်ခ ကို တွက်ခြင်း

marthin
income tax, calculator, accounting

အချိန် (၃) မိနစ်လောက်ပေးပြီး လူငယ်များအားလုံးကို ဖတ်စေချင်ပါတယ်။
အကျိုးရှိစေမယ့်..ဘဝအတွက်အရေးကြီးတဲ့ အတွေးအမြင်လေးတစ်ခုကို မျှဝေလိုက်ပါတယ်။

တစ်နာရီလုပ်ခ ကို တွက်ခြင်း

လူတစ်ယောက်က တစ်လကို ၁၂သိန်းရတယ်ဆိုရင် …
တစ်လအတွက် အလုပ်လုပ်ရက်ပေါင်းက ၂၂ ရက် ဆိုပါစို့။
ဒါဆိုရင် တစ်လကို အလုပ်ချိန်ပေါင်းက ၁၇၆ နာရီ။
တစ်နာရီအတွက် လုပ်ခပျမ်းမျှကို တွက်လိုက်ရင် ၆၈၁၈ ကျပ်။

တစ်သက်စာလုပ်ခကို တွက်ခြင်း

သူ့အသက်က ၃၅ နှစ် ရှိပြီဆိုရင် …. ( ပျှမ်းမျှသက်တမ်း ၈၀ဆိုရင်) အကြမ်းအားဖြင့် နောက်ထပ် ၄၅ နှစ် ပေါ့။
ကျန်ရှိတဲ့ ရက်ပေါင်းကိုတွက်ရင် .. ၁၆၀၂၀ ရက်.
ကျန်ရှိတဲ့ နာရီပေါင်းကို တွက်ရင် …၃၈၄၄၀ နာရီ။
(အလုပ်က စနေ ၊ တနင်္ဂနွေမလုပ်ဘူးဆိုရင်..)
အလုပ်ချိန်ရက်ပေါင်း .…၁၁၇၀၀ ရက်
အလုပ်ချိန်နာရီပေါင်း .. ၉၃၆၀၀ နာရီ၊
ဒါဆိုရင်.…
တစ်နာရီလုပ်ခ နဲ့ကျန်ရှိနေသေးတဲ့ အလုပ်ချိန်နာရီပေါင်း မြောက်လိုက်ရင် တစ်သက်စာလုပ်ခကိုရပါတယ်။
၆၈၁၈ x ၉၃၆၀၀ = ၆၃၈၁၆၄၈၀၀
၁၀% လောက်စုနိုင်မှ ၆၃၈ သိန်း ရပါမယ်။
ဒါတောင် ..အသက် ၈၀ ထိအလုပ်လုပ်နိုင်မှ။
လတိုင်း ၁၂ သိန်းဝင်ဦးမှ။
သေချာတာတစ်ခုက.…
ငွေစုခြင်း ဆိုတာတစ်ခုတည်းနဲ့ မချမ်းသာ နိုင်ပါ။
ငွေလဲစုမယ်။
ရင်းနှီးမြုပ်နှံမှုလဲလုပ်မယ်။
ရင်းနှီးမြုပ်နှံမှု ဆိုတာ ငွေကိုငွေချင်း ရင်းပြီး ပွားစေတာပါ။
ရင်းနှီးမြုပ်နှံမှု ဆိုတာ ငွေကြေးပညာ ဖြစ်ပါတယ်။
ငွေကြေးပညာကို သိရင် ..ချမ်းသာမယ်လို့သေချာမပြောနိုင်ပါ။
သေချာတာကတော့….. ဘဝရဲ့အချိန်ပို ထွက်လာစေနိုင်ပါတယ်။
ပိုလာတဲ့အချိန်တွေကို ….
မိသားစုနဲ့အတူ ပျော်ရွင်စွာဖြတ်သန်းဖို့သုံးနိုင်တယ်။
ကိုယ်ဝါသနာပါတဲ့ အရာ ကို လွတ်လပ်စွာလုပ်ဖို့ သုံးနိုင်တယ်။
ကိုယ်နေချင်တဲ့နေရာမှာ ငြိမ်းချမ်းစွာနေဖို့ သုံးနိုင်တယ်။
အသက်ကြီးလာသည်နှင့် အမျှ.… လူသားအားလုံး အလိုအပ်ဆုံးအရာဟာ… အချိန်.. ဆိုတဲ့အရာပါပဲ။
အဲဒီ .. အချိန်… ဆိုတဲ့အရာကို …အသက်ကြီးလာတဲ့အထိ မစောင့်ပဲ ….
ခုကတည်းက .…လူငယ်ဖြစ်တုန်း..
သန်တုန်း.. မြန်တုန်း….
လုပ်နိုင်… ကိုင်နိုင်တုန်း၊
တွေးနိုင်.. တောနိုင်…
ပြောနိုင်.. ဆိုနိုင်တုန်း …
ငယ်တုန်း…ရွယ်တုန်း..မှာ
ငွေကို ….ရင်းနှီးမြုပ်နှံပြီး .… “အချိန်” ကို …ပိုဝယ်ထားပါ။
ဘဝအတွက် အတွေးအမြင်ကောင်းများရနိုင်ကြပါစေ။

မာသင်