တကယ်စဉ်းစား၊ တကယ်လုပ်၊ အဟုတ် အကျိုးရှိစေမယ့် 3D Planning

marthin
meeting, business, brainstorming

တကယ်စဉ်းစား၊ တကယ်လုပ်၊

အဟုတ် အကျိုးရှိစေမယ့် 3D Planning

နံပါတ် (၁) D => Define
နံပါတ် (၂) D => Divide
နံပါတ် (၃) D => Do it daily

Define ( သတ်မှတ်ဖွင့်ဆိုပါ )

လုပ်ချင်၊ဖြစ်ချင်တဲ့အရာက ဘာလဲ ?
ဘယ်အရာကို လုပ်မှာလဲ?
ဘာကြောင့် လုပ်ချင်ရတာလဲ?
ပြီးမြောက်အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ရင် ငါ့အတွက်၊ဘဝအတွက် ဘာအကျိုးတွေရှိနိုင်သလဲ ?
ကျရံှူးမှာစိုးရိမ်ပြီး မလုပ်ခဲ့ရင်ကော တစ်ချိန်မှာ နောင်တ ရနိုင်သလား?
စဉ်းစားပါ။ ဖြေပါ။ ချရေးပါ။

Divide ( ခွဲခြမ်းစိတ်မွာပါ)

အထက်ပါ လုပ်ချင်၊ဖြစ်ချင်တဲ့အရာကို သတ်မှတ်ဖွင့်ဆိုပြီးပြီဆိုရင်……. ခွဲခြမ်းစိတ်မွာပါ။
လုပ်ရမယ့် အလုပ်ကို အဆင့်သေးသေးလေးတွေအဖြစ် ခွဲထုတ်စိတ်မွာလိုက်ပါ။
သေးနိုင်သမျှ သေးပါစေ။
လွယ်နိုင်သမျှ လွယ်ပါစေ။
ရိုးရှင်းနိုင်သမျှ ရိုးရှင်းပါစေ။
ဘယ်လောက်အထိ သေးငယ်၊ လွယ်ကူ၊ ရိုးရှင်းရမလဲ ဆိုရင် .. ကျွန်တော်တို့နေစဉ်သွားတိုက်တဲ့လုပ်ငန်းစဉ်လောက်ကို သေးငယ်၊လွယ်ကူ၊ ရိုးရှင်းပါစေ။

Do it daily (နေ့စဉ် လုပ်ပါ)

ရိုးရှင်းတဲ့အဆင့်တွေအဖြစ် ခွဲခြမ်းပြီးပြီဆိုရင် .. နေ့စဉ် လုပ်ဖို့အတွက် အချိန်ကို သီးသန့်ဖယ်ထားပါ။ ပြီးရင် နေ့စဉ် လုပ်ပါတော့။ ။
အမှန်တော့ .. အောင်မြင်မှု ဆိုတာ သင့်လက်တကမ်းမှာပါပဲ.. နေ့စဉ်လုပ်ဖို့ပဲလိုတာပါ။
ဘယ်လောက်ကြာကြာလုပ်ရမလဲ ဆိုတော့.… နေ့တိုင်း ပါ။ နေ့ရက်တွေ ရှိတဲ့ အချိန်တိုင်း ကို နေ့တိုင်းလို့ခေါ်ပါတယ်။
Learn with Passion !

မာသင်