ဈေးကွက်ရယူခြင်း နည်းဗျူဟာ တစ်ခု (လိပ်ပြာဗျူဟာ)

marthin
idea, light, bulb

ဈေးကွက်ရယူခြင်း နည်းဗျူဟာ တစ်ခု

(လိပ်ပြာဗျူဟာ)

လမ်းပေါ်မှာ လိပ်ပြာသေလေးတစ်ကောင်တွေ့တော့ အိမ်ကို ယူလာလိုက်သည်။ လှလို့ပုလင်းလေးထဲ သေချာထဲ့ပြီး စာကြည့်စားပွဲ ပေါ်တင်ထားသည်။ နောက်နေ့မရှိတော့ .. အမှိုက်ထင်ပြီး အိမ်က လွင့်ပစ်လိုက်သည်။
နောက်နေ့ … အမျိုးအမည်မသိ လိပ်ပြာလေးတစ်ကောင် ထပ် စု သည်။
နောက်နေ့…. အမျိုးအမည်မသိ လိပ်ပြာ နောက်တစ်ကောင် ထပ် စု သည်။
နောက်နေ့…. နောက်နေ့…နောက်နေ့။
တစ်ရက်ပြီး တစ်ရက်….နေ့စဉ် ..နေ့စဉ်… အမျိုးအမည်မသိ လိပ်ပြာများ။
ကြာလာတော့.. လိပ်ပြာမျိုးစုံ ရောင်စုံ ပြတိုက်ကြီး တစ်ခု ဖြစ်လာသည်။
အားလုံးက လိပ်ပြာပြတိုက်ကြီး ကို ကြည့်ပြီး
အံသြကြသည်။
ချီးကျူးကြသည်။
လက်ခုပ်တီးကြသည်။
လိပ်ပြာသေ တစ်ကောင်တည်း ဆိုလျင် ..အမှိုက်ဖြစ်သော်လည်း၊
စုဆောင်းထားသော လိပ်ပြာမျိုးစုံများ သည် အံချီးဖွယ် ဖြစ်လာသည်။
အမှိုက်ကနေ .. အံချီး ဖြစ်သွားခြင်း သည် လိပ်ပြာကြောင့် မဟုတ်၊
အရေအတွက် ကြောင့် ဖြစ်သည်။
လှပသော လိပ်ပြာတစ်ကောင်( Quality) ထက်၊
သာမာန်ဖြစ်သော လိပ်ပြာများ အစုအဝေး ( Quantity) က
အံချီးဖွယ် အဖြစ်ပြောင်းလဲစေခဲ့သည်။
ဖေ့ဘုတ်ပေါ်တွင် Post ကောင်းတစ်ခု ကို တစ်ခါတလေ တင်ခြင်းထက်၊
သာမာန် Post များကို နေ့စဉ် ပုံမှန်တင်ပေးခြင်းက ပိုပြီး ဈေးကွက် ရစေသည်။
တစ်ရက်တည်း ၁၀ နာရီ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်း( Intensity ) က ကျန်းမာခြင်းကို မရနိုင်၊
နေ့စဉ် ၁၅ မိနစ်လောက် ( Consistency) ပုံမှန် လုပ်ခြင်း က ပို၍ အကျိုးများစေနိုင်သည်။
(အရေအတွက်) Quantity သည် (ပုံမှန်) Consistency ပေါင်းထဲ့ လိုက်သောအခါ၊
(အရည်အသွေး) Quality ထက် ရေရှည်တွင် ဈေးကွက် ပိုရရှိသည်။
စီးပွားရေးလုပ်ငန်း များအတွက် …
နည်းဗျူဟာ ရှုဒေါင့် အမြင် တစ်ခုအဖြစ် တင်ပြလိုက်ရပါသည်။

မာသင်

စီးပွားရေး ဒိုင်ယာရီ

Dec 5,2018