ဈေးကွက်ထိုးဖောက်နည်းလမ်းကောင်းတစ်ခု

marthin

အာမခံချက်

၃မိနစ်အတွင်း လုပ်ငန်းအိုင်ဒီယာ တစ်ခု ရစေမည်။
“သင့်လုပ်ငန်းအတွက်အကျိုးရှိမယ့် အိုင်ဒီယာ တစ်ခု ရလိမ့်မယ်လို့အာမခံပါတယ်။
အချိန် ၃ မိနစ်ပေးပြီး ဒီစာကို ဖတ်ကြည့်ပါ။”

စီးပွားရေးလုပ်ငန်းတိုင်း အာမခံချက် တစ်ခုကို ထဲ့သွင်းရောင်းချကြရတယ်။
ကုန်ပစ္စည်းရောင်းချတာပဲဖြစ်ဖြစ်၊
ဝန်ဆောင်မှု တစ်ခုကို ပေးတာပဲဖြစ်ဖြစ်၊
သုံးစွဲလိုက်ရင် ၊ သုံးစွဲသူကြုံတွေ့နေရတဲ့ အခက်အခဲ ဘယ်လိုအဆင်ပြေသွားမယ် .. ဆိုတဲ့ အာမခံချက်တစ်ခု။

ဘယ်ရေသောက်သောက် ရေငတ်ပြေတယ်ဆိုပေမယ့် ..
ရေသန့်ဗူးကို ဝယ်သောက်တယ်ဆိုတာ သန့်ရှင်းရမယ် ဆိုတဲ့ အာမခံချက် ကို ကြိုက်လို့ပဲ။

ဘယ်တက္ကစီကို စီးစီး ဒီခရီးရောက်တယ်ဆိုပေမယ့် …
Grab ကိုစီးတယ်ဆိုတာ အန္တာရယ်ကင်းတယ်၊ ဈေးနုန်းတင်မထားဘူး ဆိုတဲ့ အာမခံချက်ကို ယုံကြည်လို့ ပဲ။

ကားဂိတ် နဲ့ပစ္စည်းပို့တာ ပစ္စည်းပျောက်နိုင်တယ်ဆိုတာသိပေမယ်…
နေ့ချင်း မြန်မြန်ရောက်နိုင်တယ်ဆိုတဲ့ အာမခံချက်ကို ပိုသဘောကျလို့ပဲ။

လုပ်ငန်းတစ်ခုက အကုန်ကောင်းစရာမလိုဘူး။
ကိုယ်အာမခံချက်ပေးတဲ့အရာတစ်ခုကို ကောင်းမွန်အောင်လုပ်ပေးနိုင်ဖို့ပဲလိုတယ်။


အစွန်းရောက်ဖို့လိုသည်။

လုပ်ငန်းတော်တော်များများက သူတို့ကုန်ပစ္စည်းကို ၁နှစ်အာမခံသည်လို့ပြောနေချိန်မှာ ကိုယ်က ကိုယ့်ကုန်ပစ္စည်းကို ၂ နှစ်အာမခံသည် လို့သာသည်ဆိုယုံ ပြောတာနဲ့ ဈေးကွက်ထိုးဖောက်နည်းဗျူဟာမဖြစ်ဘူး။.
တစ်သက်တာ အာမခံသည် လို့ဆိုမှ ဈေးကွက်ရနိုင်တဲ့အချက်ဖြစ်မယ်။
ဈေးကွက်ထိုးဖောက်ချင်ရင် အစွန်းရောက်ဖို့လိုတယ်။

မြို့တစ်မြို့ကနေ အခြားမြို့တစ်မြို့ကို ပါဆယ်ထုပ်ပို့ဖို့အတွက် ရက်သတ္တပတ်ကြာချိန်မှာ Fedex လုပ်ငန်းက “overnight Delivery” ဒီနေ့ပို့မနက်ဖြန်ရောက် ဆိုတဲ့ အာမခံချက်နဲ့ဈေးကွက် ထိုးဖောက်ခဲ့တယ်။
( ၆ ရက်အတွင်းရောက်.. မဟုတ်ဘူး။)

ပီဇာရောင်းတဲ့ ဆိုင်တွေ မှိုလိုပေါက်နေချိန်မှာ Domino ပီဇာလုပ်ငန်းက “30 min or free” ဖုန်းဆက်မှာရင် မိနစ်၃၀ အတွင်းအရောက်ပို့တယ်၊ မရောက်ရင် ပိုက်ဆံမမေးပဲ အလကားစား ဆိုတဲ့ အာမခံချက် နဲ့ဈေးကွက်ထိုးဖောက်ခဲ့တယ်။

ဆရာဝန်ကို ၁၅ မိနစ်ထက်ပို စောင့်စရာမလို ဆိုတဲ့ အာမခံချက်နဲ့ဆေးခန်း အချို့က ဈေးကွက်ထိုးဖောက်ခဲ့တယ်။

ဘဏ်မှာငွေသွင်းငွေထုတ်လုပ်ဖို့၅ မိနစ်ထက်ပို စောင့်စရာမလို၊ ၅ မိနစ်ကျော်သွားရင် အကောင့်ထဲကို ၅ ဒေါ်လာထည့်ပေးမယ်လို့ အာမခံချက်ပေးမယ် လို့ပြည်ပဘဏ်ကြီးတစ်ခုက ကြေငြာပြီးဈေးကွက်ထိုးဖောက်ခဲ့တယ်။

နာမည်ကြီးရှေ့နေတစ်ယောက်မဟုတ်ပေမယ့် .. အမှုမနိုင်ရင် အခကြေးငွေပေးရန်မလို ဆိုတဲ့ အာမခံချက်နဲ့ရှေ့နေတစ်ယောက် ရှေ့တန်းရောက်ပြီး ဈေးကွက်ပေါက်ခဲ့တယ်။

သေချာတာတစ်ခုကတော့……

အာမခံချက်ဆိုတာ ..အစွန်းရောက်မယ်၊ စားသုံးသူစိုးရိမ်ရဆုံးအချက်တစ်ချက်ကိုပဲ ကောင်းကောင်းအာမခံနိုင်မယ်ဆိုရင် …..

လုပ်ငန်းတွေအတွက် တော်တော်စွမ်းတဲ့ ဈေးကွက်ထိုးဖောက်နည်းဗျူဟာတစ်ခု ဖြစ်မယ်ဆိုတာပါပဲ။

#မာသင်

ဆင်တုတ်ကွေးပျောက်ကာစ လက်နာနာနှင့် ရေးသည်။


Zawgyi:

ေစ်းကြက္ထိုးေဖာက္နည္းလမ္းေကာင္းတစ္ခု

အာမခံခ်က္

၃မိနစ္အတြင္း လုပ္ငန္းအိုင္ဒီယာ တစ္ခု ရေစမည္။
“သင့္လုပ္ငနး္အတြက္အက်ိဳးရိွမယ့္ အိုင္ဒီယာ တစ္ခု ရလိမ့္မယ္လို ့အာမခံပါတယ္။
အခ်ိန္ ၃ မိနစ္ေပးျပီး ဒီစာကို ဖတ္ၾကည့္ပါ။”

စီးပြားေရးလုပ္ငန္းတိုင္း အာမခံခ်က္ တစ္ခုကို ထဲ့သြင္းေရာင္းခ်ၾကရတယ္။
ကုန္ပစၥည္းေရာင္းခ်တာပဲျဖစ္ျဖစ္၊
၀န္ေဆာင္မႈ တစ္ခုကို ေပးတာပဲျဖစ္ျဖစ္၊
သံုးစြဲလိုက္ရင္ ၊ သံုးစြဲသူၾကံဳေတြ ့ေနရတဲ့ အခက္အခဲ ဘယ္လိုအဆင္ေျပသြားမယ္ .. ဆိုတဲ့ အာမခံခ်က္တစ္ခု။

ဘယ္ေရေသာက္ေသာက္ ေရငတ္ေျပတယ္ဆိုေပမယ့္ ..
ေရသန့္ဗူးကို ၀ယ္ေသာက္တယ္ဆိုတာ သန့္ရွင္းရမယ္ ဆိုတဲ့ အာမခံခ်က္ ကို ၾကိဳက္လို့ပဲ။

ဘယ္တကၠစီကို စီးစီး ဒီခရီးေရာက္တယ္ဆိုေပမယ့္ …
Grab ကိုစီးတယ္ဆိုတာ အႏၱာရယ္ကင္းတယ္၊ ေစ်းႏုန္းတင္မထားဘူး ဆိုတဲ့ အာမခံခ်က္ကို ယံုၾကည္လို့ ပဲ။

ကားဂိတ္ နဲ ့ပစၥည္းပို ့တာ ပစၥည္းေပ်ာက္ႏိုင္တယ္ဆိုတာသိေပမယ္…
ေန့ခ်င္း ျမန္ျမန္ေရာက္ႏိုင္တယ္ဆိုတဲ့ အာမခံခ်က္ကို ပိုသေဘာက်လို ့ပဲ။

လုပ္ငန္းတစ္ခုက အကုန္ေကာင္းစရာမလိုဘူး။
ကိုယ္အာမခံခ်က္ေပးတဲ့အရာတစ္ခုကို ေကာင္းမြန္ေအာင္လုပ္ေပးႏိုင္ဖို ့ပဲလိုတယ္။


အစြန္းေရာက္ဖို ့လိုသည္။

လုပ္ငန္းေတာ္ေတာ္မ်ားမ်ားက သူတို ့ကုန္ပစၥည္းကို ၁ႏွစ္အာမခံသည္လို ့ေျပာေနခ်ိန္မွာ ကုိယ္က ကိုယ့္ကုန္ပစၥည္းကို ၂ ႏွစ္အာမခံသည္ လို ့သာသည္ဆိုယံု ေျပာတာနဲ့ ေစ်းကြက္ထိုးေဖာက္နည္းဗ်ဴဟာမျဖစ္ဘူး။.
တစ္သက္တာ အာမခံသည္ လို ့ဆိုမွ ေစ်းကြက္ရႏိုင္တဲ့အခ်က္ျဖစ္မယ္။
ေစ်းကြက္ထိုးေဖာက္ခ်င္ရင္ အစြန္းေရာက္ဖို ့လိုတယ္။

ျမိဳ ့တစ္ျမိဳ ့ကေန အျခားျမိဳ ့တစ္ျမိဳ ့ကို ပါဆယ္ထုပ္ပို ့ဖို ့အတြက္ ရက္သတၱပတ္ၾကာခ်ိန္မွာ Fedex လုပ္ငန္းက “overnight Delivery” ဒီေန ့ပို ့မနက္ျဖန္ေရာက္ ဆိုတဲ့ အာမခံခ်က္နဲ ့ေစ်းကြက္ ထိုးေဖာက္ခဲ့တယ္။
( ၆ ရက္အတြင္းေရာက္.. မဟုတ္ဘူး။)

ပီဇာေရာင္းတဲ့ ဆိုင္ေတြ မိႈလိုေပါက္ေနခ်ိန္မွာ Domino ပီဇာလုပ္ငန္းက “30 min or free” ဖုန္းဆက္မွာရင္ မိနစ္၃၀ အတြင္းအေရာက္ပို ့တယ္၊ မေရာက္ရင္ ပိုက္ဆံမေမးပဲ အလကားစား ဆိုတဲ့ အာမခံခ်က္ နဲ ့ေစ်းကြက္ထိုးေဖာက္ခဲ့တယ္။

ဆရာ၀န္ကို ၁၅ မိနစ္ထက္ပို ေစာင့္စရာမလို ဆိုတဲဲ့ အာမခံခ်က္နဲ ့ေဆးခန္း အခ်ိဳ ့က ေစ်းကြက္ထိုးေဖာက္ခဲ့တယ္။

ဘဏ္မွာေငြသြင္းေငြထုတ္လုပ္ဖို ့၅ မိနစ္ထက္ပို ေစာင့္စရာမလို၊ ၅ မိနစ္ေက်ာ္သြားရင္ အေကာင့္ထဲကို ၅ ေဒၚလာထည့္ေပးမယ္လို ့ အာမခံခ်က္ေပးမယ္ လို ့ျပည္ပဘဏ္ၾကီးတစ္ခုက ေၾကျငာျပီးေစ်းကြက္ထိုးေဖာက္ခဲ့တယ္။

နာမည္ၾကီးေရွ ့ေနတစ္ေယာက္မဟုတ္ေပမယ့္ .. အမႈမႏိုင္ရင္ အခေၾကးေငြေပးရန္မလို ဆိုတဲ့ အာမခံခ်က္နဲ ့ေရွ ့ေနတစ္ေယာက္ ေရွ ့တန္းေရာက္ျပီး ေစ်းကြက္ေပါက္ခဲ့တယ္။

ေသခ်ာတာတစ္ခုကေတာ့……

အာမခံခ်က္ဆိုတာ ..အစြန္းေရာက္မယ္၊ စားသံုးသူစိုးရိမ္ရဆံုးအခ်က္တစ္ခ်က္ကိုပဲ ေကာင္းေကာင္းအာမခံႏိုင္မယ္ဆိုရင္ …..

လုပ္ငန္းေတြအတြက္ ေတာ္ေတာ္စြမ္းတဲ့ ေစ်းကြက္ထိုးေဖာက္နည္းဗ်ဴဟာတစ္ခု ျဖစ္မယ္ဆိုတာပါပဲ။

#မာသင္

ဆင္တုတ္ေကြးေပ်ာက္ကာစ လက္နာနာႏွင့္ ေရးသည္။