စီးပွားရေး စလုပ်မည့်သူများအတွက် မိမိစီးပွားရေးအိုင်ဒီယာ အလုပ်ဖြစ်မဖြစ်ဈေးကွက်စမ်းသပ်နည်း (၇) နည်း

marthin

၁။ ပြသနာရှာပါ။


မိမိ ရောင်းချမည့် ကုန်ပစ္စည်းသည် ဘယ်လို ပြသနာမျိုး ကို ဖြေရှင်းပေးနိုင်မှာလဲ ?

မိမိ ပေးမယ့် ဝန်ဆောင်မှုသည် ဘယ်လို ပြဿနာမျိုးကို ဖြေရှင်းပေးနိုင်မှာလဲ ?

မိမိ လုပ်ငန်း အိုင်ဒီယာ သည် ပြသနာတစ်ခု မဟုတ် တစ်ခု ကိုဖြေရှင်းပေးခြင်းဖြစ်သည်။

ဆောက်လုပ်ရေးသမားများအတွက် အဆင်ပြေစေသည့် ကိရိယာလေးတစ်ခုကို ရောင်းချခြင်းသည် ဆောက်လုပ်ရေးသမားများရဲ့ပြသနာကို ဖြေရှင်းပေးခြင်းဖြစ်သည်။
ကလေးမိခင်များအတွက် ကုန်ပစ္စည်းတစ်ခုကို ရောင်းချခြင်းသည် ကလေးမိခင်များအတွက် လိုအပ်ချက်ပြသနာတစ်ရပ်ကို ဖြေရှင်းပေးခြင်းဖြစ်သည်။

ဆောက်လုပ်ရေးသမားများကြိုက်သော ကုန်ပစ္စည်းကို ကင်မရာသမားများကြိုက်လိမ့်ဟု မျှော်လင့်၍မရပေ။

ပြသနာ သိမှ .. ပြသနာရှိတဲ့ ဈေးကွက်ကို တွေ့လိမ့်မည်ဖြစ်သည်။

မိမိ အိုင်ဒီယာ၊ဝန်ဆောင်မှု ၏ ဖြေရှင်းနိုင်သော ပြသနာ ကို ရှာပါ။

ပြသနာ တွေ့လျင် ပြသနာတက်နေသော ဈေးကွက် ကို တွေ့ပြီဖြစ်သည်။

၂။ လူမျိုးစုအမြင် တောင်းခံပါ။


ယနေ့ခေတ်သည် တူရာလူမျိုးစုများပေါင်းစုသည့် ခေတ်ဖြစ်သည်။

ကင်မရာ၊ ဓတ်ပုံကို မြတ်နိုးသောသူများ စုံရာ တူရာလူများပေါင်းစုထားသည့် အုပ်စု ကို ဖေ့ဘုတ်တွင် Group ဟုခေါ်သည်။

ခွေးချစ်သူများ ပေါင်းစုထားသည့် Group ရှိသလို၊ ခွေးမုန်းသူများလဲရှိသည်။

စိုင်းစိုင်းခမ်းလှိုင်ကို ချစ်သည့် Group ရှိသလို၊ ကျွန်တော် မာသင်ကို ကြည့်မရသည့် Group လဲရှိနိုင်သည်။ 🙂

ဒူးရင်းသီးကို ကြိုက်သည့် Group ရှိသလို၊ အနံ့ပင်မခံနိုင်သည့် သူများလဲရှိသည်။

သေချာသည်က မိမိက ဒူးရင်းသီးနှင့် ပတ်သက်သော ကုန်ပစ္စည်းရောင်းမည်ဆိုလျင် ဒူးရင်းသီးကြိုက်သော လူမျိုးစု၏ အမြင်ကို တောင်းခံမှ မှန်ကန်သောဈေးကွက်၏အမြင်ကို ရနိုင်မည်ဖြစ်သည်။မဟုတ်လျင် ဒူးရင်းသီးအနံ့ပင်မခံနိုင်သော လူမျိုးစု၊ Group ၏ အမြင်ကို တောင်းခံမိလျင် အားလုံးက ပြင်းပြင်ထန်ထန်ဆန့်ကျင်ကန့်ကွက်သောအမြင် Feedback များကြောင့် ကိုယ့် ကုန်ပစ္စည်းအပေါ်အမြင်မှားနိုင်သလို ကိုယ့်အိုင်ဒီယာ အလုပ်မဖြစ်၊ ကိုယ့် ကုန်ပစ္စည်းသည်မကောင်းဟု အထင်မှားသွားနိုင်သည်။
ဒါကြောင့် .. ကိုယ့် စီးပွားရေး အိုင်ဒီယာ လူတကာ မေးလို့မရပါ။

မှန်ကန်သော လူမျိုးစု ကို ရွေးတတ်ရမည်။ မေးတတ်ရမည်။ အမြင် တောင်းခံတတ်ရမည် ဖြစ်သည်။

၃။ Feedback တွေကို ရာခိုင်နုန်းပြောင်းပါ။


မှန်ကန်သော လူမျိုးစု ကို မေးသည့်တိုင်အောင် အယောက်စီတိုင်း သည် ကြိုက်လိမ့်မည်၊ လက်ခံလိမ့်မည်ဟု မျှော်လင့်၍မရပေ။

အချို့အမြင်များသည် (positive) အပြုသဘောဆန်သည်။

အချို့အမြင်များသည် (Negative) အပျက်သဘောဆန်သည်။

အပျက်သဘောဆန်သော်လည်း ထိုအမြင်များကို မျက်ကွယ်ပြု၍မရ။

အမြင်များ(Feedback)အတွက် အကောင်းဆုံးအဓိပ္ပါယ်ကောက်ယူနည်းသည် Net Feedback Score ရှာနည်းဖြစ်သည်။
Net Feedback Score ကို ရှာရန် ….

(Positive အမြင်များအရေအတွက် – Nagative အမြင်များအရေအတွက်) ကို စုစုပေါင်းအမြင်များအရေအတွက် နှင့် စားပါက Net Feedback Score ကို ရမည်ဖြစ်သည်။

ထို ရမှတ်သည် မိမိ အိုင်ဒီယာအပေါ်မှာ လူမျိုးစု (တနည်းအားဖြင့်) ကိုယ့်အိုင်ဒီယာ၏ ပစ်မှတ်ဈေးကွက် ၏ တုံ့ပြန်မှုအမြင်ဖြစ်သည်။
သို့မှသာ ကိုယ်စဉ်းစားထားသော စီးပွားရေးအိုင်ဒီယာ လုပ်သင့်၊မလုပ်သင့် ဆုံးဖြစ်မှုတွင် အထောက်အကူပြုမည်ဖြစ်သည်။

၄။ စမ်းရောင်းပါ။

ကိုယ့် ကုန်ပစ္စည်းကို သဘောကျခြင်းသည် ဝယ်လိမ့်မည် ဟုပြောခြင်းမဟုတ်ပေ။

အဆင့်(၃) အထိ အဆင်ပြေခဲ့ပြီး လူအများက ကြိုက်သည် ဆိုသော်လည်း လက်တွေ့ရောင်းချသည့်အခါ မဝယ်ကြလျင် အလုပ်မဖြစ်ချေ။

စီးပွားရေးတွင် ကြိုက်သည် ဆိုယုံနှင့် မရ။

မဝယ်လျင် စီးပွားမဖြစ်ပါ။

ဒါကြောင့် ….
အရေအတွက် အနည်းငယ်ကို စမ်းရောင်းပါ။

အရေအတွက် အနည်းငယ်ကို စမ်း ဝန်ဆောင်မှုပေးပါ။

အလုပ်ဖြစ်၊မဖြစ် သိလာလိမ့်မည်။

၅။ ရင်းနှီးသူများကို လက်ဆောင်ပေးပါ။


ရင်းနှီးသူလို့ဆိုရာတွင် ကိုယ့်ကို သူရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းချပြ၊ပြောပြ နိုင်လောက်အောင်ရင်းနှီးသူများဖြစ်သည်။

ထိုသူများကို လက်ဆောင်ပေးပါ။
ပွင့်လင့်သော အမြင်ကို တောင်းခံပါ။

၆။ တူ (၅) တူ ကို ရှာပါ။

လက်ရှိဈေးကွက်တွင် .…. ကိုယ့်နှင့်

ပစ္စည်းတူကို ရှာပါ။

ဝန်ဆောင်မှု တူ ကို ရှာပါ။

အိုင်ဒီယာ တူ သူူကို ရှာပါ။

လုပ်ငန်းတူ ကို ရှာပါ။

ဈေးကွက်တူသူကို ရှာပါ။

ကိုယ့်နှင့် လုပ်ငန်းမတူ၊ ဘယ်အရာမျှမတူပေမယ့် ဝန်ဆောင်မှုပေးသောဈေးကွက်တူခြင်းမျိုးလဲဖြစ်နိုင်သည်။

ဥပမာ.. ကိုယ်က ရန်ကုန်မှ မန်းလေးပြေးဆွဲသော ကားလုပ်ငန်းဖြစ်သည်။

မီးရထား၊ လေယဉ်သည် ကိုယ်နှင့် ဝန်ဆောင်မှုပေးသော ဈေးကွက်တူသည်။

ရန်ကုန်မှ မန်းလေးသို့သွားရန် လိုအပ်နေသော ဈေးကွက်ဖြစ်သည်။

မီးရထားစီးလျင် ကားစီးလို့မရ။

လေယဉ်စီးလျင်လဲ ကိုယ့်ကားစီးလို့မရပေ။

ဥပမာ.. လက်ဖက်ရည်ဆိုင်နှင့် ခေါက်ဆွဲဆိုင်သည် လုပ်ငန်းအားဖြင့်မတူသော်လည်း ၊
ကိုယ့်မြို့မှလူများသည် မနက်စာအတွက် ကိုယ့်လက်ဖက်ရည်ဆိုင်ကို မလာပဲ ခေါက်ဆွဲစားလာကြလျင် ဈေးကွက်တူလာပြီဖြစ်သည်။

တူ(၅) တူကို ရှာပြီးလျင် .. ကိုယ့်ကိုယ်ကို မေးခွန်းမေးပါ။

လက်ရှိဈေးကွက်မှာ သူတို့အလုပ်ဖြစ်လား ?

ဘာတွေ လိုအပ်နေလို့လဲ ?

ငါသာ ဆိုရင် .. ဘယ်လိုပြောင်းလဲလုပ်မလဲ ?

၇။ ကွဲပြားမှုကို ဖန်တီးပါ။


ပိုကောင်းသော

ပိုမြန်သော

ပိုသက်သာသော

ပိုလွယ်ကူသော

ပိုအကျိုးရှိသော

ပိုစစ်မှန်သော …အစရှိသဖြင့်

ကိုယ်သာဆိုရင် ဘယ်လိုပိုကောင်းအောင်လုပ်မလဲ စဉ်းစားပါ။

ပြီးလျင် .. ၁၀ ဆ (10x) ကောင်းအောင်လုပ်ပါ လို့အကြံပြု လိုက်ရပါတယ်ခင်ဗျား။

မာသင်

ဒီ အိုင်ဒီယာ (၇) ချက် နဲ့ဈေးကွက် စမ်းနိုင်ကြပါစေ။

အခြားသော စီးပွားရေး အသိပညာများ

25,000

ဘရန်းမားကက်တင်း

ဘရန်းမားကက်တင်း စာအုပ် ဝယ်ယူထားသူများ အတွက်သာဖြစ်ပါတယ်။ စာအုပ်တွင်ပါဝင်သော လျို့ဝှက်နံပါတ်ပုံကို မက်ဆေ့တွင်ပေးပို့ဆက်သွယ်ပါ။

See more...

5000ks

The One Thing

2013 ရဲ့စီးပွားရေးလုပ်ငန်းရှင်တိုင်းဖတ်သင့်တဲ့ ရောင်းရအကောင်းဆုံး စာအုပ်ကောင်းတစ်အုပ်

See more...

$5000

Zero to One

အင်တာနက်စီးပွားရေးလုပ်ငန်း၊ အွန်လိုင်းလုပ်ငန်း၊ နည်းပညာလုပ်ငန်းရှင်များကြည့်သင့်သော စီးပွားစာအုပ် ဖြစ်ပါတယ်။

See more...

5,000 ks

Miracle Morning

ဘဝသက်လုံကောင်းဖို့အရေးကြီးတယ်။ ဘဝသက်လုံကောင်းဖို့ဆိုတာ နေ့စဉ် မနက်ခင်းတိုင်းမှာ လုပ်ရမယ့် အချက် (၆) ချက် ကို ဒီစာအုပ်မှာပါဝင်ပါတယ်။

See more...

5,000Ks

10 Stories great leaders tell

Story ဆိုတဲ့ ဇာတ်လမ်းပုံပြင်ဆိုတာ မားကက်တင်းမှာ သုံးတတ်ရင် စားသုံးသူတွေရဲ့စိတ်ထဲကိုရောက်သွားစေတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီစာအုပ်မှာ Story တွေကို ဘာကြောင့်မို့လို မားကက်တင်းမှာအသုံးပြုသင့်တဲ့အကြောင်း၊ နဲ့ အသုံးပြုခြင်းရဲ့ကောင်းကျိုး (၆) ချက်ကိုဖော်ပြထားပါတယ်။ ပြီးတော့ အသုံးပြုသင့်တဲ့ Story (၁၀) မျိုးကိုလဲ ဖော်ပြထားပြီးစီးပွားရေးလုပ်ငန်းရှင်တိုင်းသိသင့်တဲ့အကြောင်းအရာများဖြစ်ပါတယ်။

See more...

10,000 Ks

Blitzscaling (လုပ်ငန်းတိုးချဲ့ကြီးထွားခြင်း)

တန်ဖိုးကြီးမားသော စီးပွားရေးလုပ်ငန်းတစ်ခုသို့ လမ်းစဉ်များ၊ စီးပွားရေးအိုင်ဒီယာနှင့် အယူအဆကောင်းများဖော်ပြထားသောစာအုပ်ကောင်းတစ်အုပ်။

See more...

69,000 Ks

CCC Cash Calculation Class

ငွေကြေးနဲ့ ပတ်သတ်တဲ့ အခန်းကဏ္ဍ (၃) ခု မှာ ပါဝင်တဲ့တွက်ချက်နည်းများစွာကို ပို့ချပေးထားတဲ့သင်တန်းဖြစ်ပါတယ်။

See more...

5,000 Ks

Video Book ( 11 Laws )

စီးပွားရေးစာအုပ် အနှစ်ချုပ် ဗွီဒီယို ( အင်တာနက်စီးပွားရေးလုပ်ငန်းများအတွက် ဘရန်းတစ်ခုတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမယ့် ဥပဒေသ (၁၁) ချက် )

See more...

69,000 ks

Money 101 ငွေကြေး သင်ခန်းစာများ

See more...

69,000 Ks

BOSS သင်တန်း

Business Operation for SME

See more...