ဈေးကွက်ကို ရှာဖွေခြင်း

marthin
hand, magnifying glass, earth

ဈေးကွက်ကို ရှာဖွေခြင်း
++++++++++
ကိုယ့်ကုန်ပစ္စည်း၊ဝန်ဆောင်မှုကိုရောင်းချရာမှာ အရေးကြီးတဲ့အချက်က ကိုယ့်ဈေးကွက်ကို သိဖို့ပါပဲ။
ဈေးကွက်ဆိုတဲ့အရာကို စကားလုံးလေး (၂) လုံးနဲ့ဖွဲ့စည်းထားပါတယ်။
(1) Demographic + (2) Psychographic = Market
Demographic — ဆိုတာ ကိုယ့်ရဲ့ စားသုံးသူတွေက ဘယ်သူတွေလဲ (Who )၊ ဘယ်ကလဲ (Where)၊ ဘာလုပ်ကြလဲ (What)၊ အသက်ဘယ်လောက်လဲ (age)၊ ကျား လား၊ မ လား၊ အစရှိသဖြင့် သတင်းအချက်အလက်များဖြစ်ပြီး
Psychographic — ဆိုတာ စားသုံးသူတွေ ဘာကြောင့် ကိုယ့်ပစ္စည်းကို ဝယ်ယူသုံးစွဲကြသလဲ (Why)၊ ဘယ်လိုအချက်တွေကို သဘောကျလို့လဲ စတဲ့ စိတ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်များပဲဖြစ်ပါတယ်။
အထက်ပါစကားလုံး နှစ်လုံးကိုသိခြင်း ဆိုတာ ဈေးကွက်ကို သိခြင်းပါပဲ။
အနည်းဆုံးတော့ ..
ကိုယ့်ဆီမှာ ဝယ်ယူနေကြတဲ့ လက်ရှိဖောက်သည် တွေ ရဲ့အကြောင်းကိုတော့ သိသင့်ပါတယ်။
များများသိလေလေ၊ ဝန်ဆောင်မှု ပိုပေးနိုင်လေလေပဲဖြစ်ပါတယ်။

မာသင်