စီးပွားရေး ဒိုင်ယာရီ ( Jan 8,2019)

marthin
artificial intelligence, brain, think

စီးပွားရေး ဒိုင်ယာရီ ( Jan 8,2019)


စီးပွားရေးလုပ်ငန်းတစ်ခုရဲ့အစပိုင်းကို ….
အချို့က (production) ထုတ်လုပ်မှု အပိုင်းလို့ခေါ်ကြတယ်၊
အချို့က ( Preparation) ပြင်ဆင်တဲ့အပိုင်းလို့ခေါ်ကြပြန်တယ်။
အချို့က (startup) စတင်တည်ဆောက်ရေး အပိုင်းပေါ့။
ကျွန်တေ်ာကတော့ Value Creation အပိုင်းလို့ခေါ်ရတာပိုကြိုက်တယ်။
“တန်ဖိုး” တစ်စုံတစ်ရာကို ဖန်တီးခြင်း အပိုင်းလို့အဓိပ္ပါယ်ရပါတယ်။
ဒီ အခေါ်အဝေါ်လေးတစ်ခုက ကိုယ်စတင်လုပ်ကိုင်မယ့် လုပ်ငန်းရဲ့ မတူညီတဲ့အတွေးအခေါ်ရှူဒေါင့် တစ်ခုကို မေးခွန်းထုတ်စေပါတယ်။
ဥပမာ..
ကိုယ်က ကော်ဖီဆိုင်တစ်ခု ဖွင့်ဖို့ကြိုးစားနေတာလား …ဒါမှမဟုတ်
အေးအေးဆေးဆေး ကော်ဖီသောက်ပြီး စာဖတ်လို့ရမယ့် နေရာ..ဆိုတဲ့တန်ဖိုးတစ်ခုကို ဖန်တီးနေတာလား ။
ကော်ဖီဆိုင်ဖွင့်ဖို့ပဲ ဆိုရင် .. ကော်ဖီဆိုင်တွေထဲက တစ်ဆိုင်ပဲဖြစ်သွားပါမယ်။
ဆိုင်ခြင်း တူပေမယ့်… တန်ဖိုးခြင်းမတူအောင်လုပ်နိုင်ရပါမယ်။
ဒီလိုလုပ်ဖို့..
တန်ဖိုးတစ်ခု ကို စဉ်းစားရပါမယ်။
တန်ဖိုးတစ်ခုကို ဖန်တီးရပါမယ်။
စားသောက်ဆိုင်တစ်ဆိုင်ဖွင့်တာ..ဗိုက်ပြည့်အောင်စားဖို့နေရာ၊ စားကောင်းသောက်ကောင်းရှိတဲ့နေရာ ဆိုတဲ့တန်ဖိုးထက်ပိုမြင့် တဲ့အခြားတန်ဖိုး တွေ ရှိပါသေးတယ်။
လက်ဖက်ရည်ဆိုင်ဖွင့်တာ… လက်ဖက်ရည်ရောင်းဖို့…ဆိုတာထက် အခြားတန်ဖိုး တွေ ပေါင်းထဲ့လို့ရပါသေးတယ်။
အမှန်တော့……
လုပ်ငန်းတစ်ခု…လုပ်ရတာ….လွယ်ပါတယ်။
တန်ဖိုးတစ်ခု … ပေါင်းထဲ့ရတာ… ခက်ပါတယ်။
လုပ်ငန်းခြင်း တူပေမယ့်..
တန်ဖိုး ဆိုတာ မတူမှ ၊ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ပါမယ်။
ဒါကြောင့်…
လုပ်ငန်း နဲ့မ စတင်ပါနဲ့၊
တန်ဖိုး နဲ့ စတင် ပါ။
တန်ဖိုးဆိုတဲ့အရာကို …..
စဉ်းစားပါ။ ဖန်တီးပါ။ ပြီးမှ …လုပ်ငန်းစပါ။

မာသင်